Monday, 18 May 2009
Subscribe to:
Post Comments
(
Atom
)
စစ်အစိုးရ က အုပ်ချုပ်မှု ရပ်ဆိုင်းရေး
လူထုအစိုးရပေါ်ပေါက်ရေး
1 comment :
ကောင်းတယ်...အဲလို ဖော်ပြပေးတာကောင်းတယ်။ ဒီလိုမှ မလုပ်ရင် ငွေရှာစားတဲ့ သတင်းဌာနကြီးတွေက မာန်တက်နေဦးမယ်။ သတင်းဌာနတွေမှာလုပ်၊ လခစားပြီး အဟုတ်ကြီးထင်နေကြတယ်။ ကိုယ်ရေးတဲ့သတင်းအတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာ မသိကြဘူး။
အိုင်တီခေတ်ကြီးမှာ သတင်းဆိုတာ သတင်းဌာန တစ်ခုကတင် ရနိုင်တာမဟုတ်ဘူး။ အီးမေးလ်၊ ဘလော့ဂ် တွေနဲ့ ကိုယ့်တိုင်းပြည်အတွက် ငွေကြေးကို မမြင်ဘဲ စေတနာ နဲ့ လုပ်ပေးနေကြတဲ့သူတွေလည်း ပြည်တွင်း၊ ပြည်ပ သတင်းတွေကို အခမဲ့ ဖြန့်ဝေပေးနေကြတာ။
ဒါကြောင့် အခုခေတ်မှာ လက်တစ်ဆုပ်စာ သတင်းမီဒီယာလောက်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး က ပြောင်းသွားမှာ မဟုတ်ဘူး။ သတင်းဌာနဆိုတာ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲထဲက အင်အား တစ်စိတ်တစ်ပိုင်းဘဲရှိပါသေးတယ်။ အလုံးစုံကို မလုပ်နိုင်ပါဘူး။
၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ မှန်ကန်၊ မြန်ဆန်ပြီး၊ တိကျတဲ့သတင်းတွေကို ဘလော့ဂ်စာမျက်နှာတွေပေါ်မှာ အများဆုံးတွေ့ရတယ်။ တစ်ချို့ဘလော့ဂ်တွေဆိုရင်သတင်း ဌာနတွေထက်တောင် ပိုကောင်းနေတယ်။ တစ်ချို့သတင်းဌာက တွေက တစ်နေ့ကို သတင်း လေး၊ ငါးပုဒ်လောက်တောင် မတင်နိုင်တဲ့အချိန်မှာ၊ ဘလော့ဂ်တွေက တစ်နေ့ကို သတင်း ခုနှစ်ပုဒ်၊ ရှစ်ပုဒ်လောက်အထိ တင်နိုင်တယ်။ အဲဒီအတွက် ပိုက်ဆံမရဘူးဆိုတာလည်း သိကြတယ်။ ဒါပေမယ့် ကိုယ်လုပ်နိုင်တာကို ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ။ အခမဲ့ သတင်းမှန်တွေရေးပေးနေတဲ့ ဘလော့ဂါတွေကို ၀ါးလုံးရှည်နဲ့ လှည့်ရမ်းနေတဲ့ သတင်းဌာနတွေကို သိက္ခာရှိရှိ လုပ်ကြပါဦးလို့ ဘဲ ပြောချင်တယ်။
Post a Comment