Saturday, 6 June 2009

ကျူးဘားအစိုးရအတွက် သူလျိုလ်လုပ်မှု ဖြင့် အမေရိကန် ၀န်ထမ်းနစ်ဦးအား အမေရိကန် အစိုးရက ဖမ်းဆီး

အမေရိကန် နိင်ငံ အစိုးရ အငြိမ်းစာ ၀န်ထမ်းမောင်နှံကို ကျူးဘားအစိုးရအတွက်သူလျိုလ်လုပ်ပေးမှု နဲ့  အမေရိကန် အစိုးရက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ကတော့ ဝေါလကာ ကန်ဒဲလ်မေရာ နဲ့  သူဇနီး ဂွမ်ဒိုလန် စတင်းဘာဂါ မေရာ တို့ ဖြစ်ကြပါတယ်။

သူတို့ မောင်နှံဟာ နစ်ပေါင်းသုံးဆယ်နီးပါး ကက်စရိုအတွက်အလုပ်လုပ်ပေးခဲ့တယ်လို့ဆိုတယ်။ သူတို့ ဟာအရေးကြီးတဲ့သတင်းတွေကိုပေးပို့ ပေးခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲခဲ့တယ်။အိုဘားမား အစိုးရက ကျူးဘားအပေါ် ဒဏ်ခတ်အရေးယူပိတ်စို့ မှုတွေကိုလျော့ချလာပြီးတဲ့နောက်ပိုင်းမှာ ဒီအမှု ပေါ်လာတာဖြစ်ပါတယ်။

ဒီအမှုက ကျူးဘားနဲ့  အမေရိကန် ဆက်ဆံရေးကို ထိခိုက်လာနိင်တယ်လို ဆွေးနွေးတဲ့သူတွေရှိပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ကျူးဘားအစိုးရကိုသတင်းတွေပို့ စဉ်ကစစ်အေးတိုက်ပွဲ က နည်းစနစ်အဟောင်းတွေကို အသုံးပြုခဲ့တယ်။ ဒါတွေကတော့ ၀ါယာလက်စက်တို့ ၊ရေစာတို့  ဈေးမှာ သွားရင်း သတင်းအချက်အလက်တွေကို လက်ခံသူလျိုလ်ကတဆင့် လွဲပေးတဲ့နည်းစနစ်တွေကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ခုနစ်မှာ အငြိမ်းစားယူပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်ကော်ဖီဆိုင်ကနေ သူတို့အီးမေးလ်ကနေ ပို့ ဆောင်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့ အပေါ်ကို အက်ဖ်ဘီအိုင်ကခြေရာခံလိုက်မိလာခြင်းဖြစ်ပါတယ်။

No comments :