Sunday, 7 June 2009

စစ်ရာဇ၀တ်ကောင်ဂဠုံသန်းရွှေ လူမျိုးတုန်းသတ်ဖြတ်မှုထပ်မံကျူးလွန်















နအဖ အကြီးအကဲ စစ်ရာဇ၀တ်ကောင်ဂဠုံသန်းရွှေ နှင့် စစ်ကျွန်ပြုကောင်စီ နအဖ ရဲ့ အမိန့်အာဏာကြောင့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ဒဏ်ကြောင့် ကရင်ပြည်နယ်ရှိ နယ်စပ်ကျေးရွာများတွင်နေထိုင်နေကြသော အကာအကွယ်မဲ့ ပြည်သူ ၄၀၀၀ ကျော်ဟာ မြန်မာပြည် မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံနေရကြောင်း သတင်းမီဒီယာများမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံနယ်စပ်ရှိ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ပံ့ကူညီနေသော အဖွဲ့များ၏ အဆိုအရ နယ်စပ်ဒေသ အနီးတ၀ိုက်တွင် ဖြစ်ပွားနေသော ပြင်းထန်သည့်တိုက်ပွဲများကြောင့် လက်နက်ကြီး ဗုံးဆံများ၊ မော်တာကျည်ဆံများ နေရာအနှံတွင် ကျရောက်ပေါက်ကွဲနေပြီး၊ ကျေးရွာများရှိ လူနေအိမ် အများအပြား မီးလောင်နေကြကြောင်းသိရှိရပါသည်။ မြန်မာပြည်အတွင်းပိုင်းတွင်ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြသည့် ထောင်နဲ့ချီသော ဒုက္ခသည်များလည်း ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုပြောကြား ခဲ့ပါသည်။

ထိုင်း-မြန်မာနယ်စပ်ကျေးရွာများတွင်နေထိုင်နေကြသော ကရင်လူမျိုး ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်ဟာ မိမိတို့နေထိုင်ရာ အိမ်များကိုစွန့်ခွာပြီး ထိုင်းနိုင်ငံထဲသို့ဝင်ရောက်လာကြောင်း ထိုင်းစစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး Tanongsak Apirakyotin အတည်ပြုပြောကြားခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ လက်နက်ကိုင် ဥပဒေမဲ့ အုပ်ချုပ်နေတဲ့ နအဖ စစ်ကောင်စီ အောက်မှာ မြန်မာပြည်သူပြည်သားများ သန်းနဲ့ ချီပြီး ဒုက္ခသည်များ အဖြစ် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါသည်။

3 comments :

bigcat said...

what is than shwe named 'Ga Lon'? It is a good name that represents powerful and high standard animal like dragon.

Anonymous said...

myanmar ko bal thu mar amyan sone kal tin ng mar lae?

sway120 said...

To Bigcat
Galon U Saw killed Gen. Aung San in 1947.
La Da Than Shwe was dubbed as Galon after his attempt to kill Daw Su at DePeYin.