နအဖ က သူတို့ နိဂုံချုပ်ချိန်နီးနေပြီဆိုတာကိုသိနေပြီ။ ရှုံးနေပြီဆိုတာကိုသိနေပြီ။ လူတွေက ကိုယ် နိင်နေပြီဆိုတာကို မသိသေးတာပဲ။ အောင်ပွဲခံတော့မယ်ဆိုတာကို မယုံကြည်ကြတာပဲ။ ဘာမှတောင်လုပ်စရာမလိုဘူး။ လူတိုင်းက တညီတညာထည်းနဲ့  အိမ်ရှေ့ မှာ ၀ လုံးလေး ရေး ရင်တောင် နိင်နေပြီ။ ၀ လုံးလေးတလုံးပဲ။ ၀ လုံးလေးတလုံး ရေးပါလို့ ကျနော်ပြောတယ်။ ခင်ဗျား တို့ က မယုံဘူး။
ခင်ဗျားတို့ က မင်းလာပြီးခေါင်းဆောင်လို့ ပြောတယ်။ ၀ လုံးလေးတောင်မှာ ရေးဖို့ သတ္တိမရှိရင် အောင်ပွဲ ခံနိင်တဲ့ လူမျိုးဆိုတာဟာ လည်း သမိုင်းက မှတ်တမ်းမတင်နိင်ဘူးဖြစ်နေတာပေါ့။ ကျနော်ထပ်ပြောပါရစေ - နအဖ ကို အနိင်ယူဖို့  သေနင်္ဂဗျူဟာ တွေ၊ နိင်ငံတကာ အကူညီတွေ ဘာမှ စဉ်းစားနေစရာတောင်မလိုဘူး။ ခင်ဗျားတို့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို ပြောပါ။ ၀ လုံး ပဲရေးကြည့် ပါလို့  ။ ၀ လုံးလေးတလုံးပဲ ။ အိမ်ရှေ့ တွေမှာ ဓါတ်တိုင်တွေမှာ ၀လုံး ကိုပဲ ရေးကြည့် လိုက်စမ်းပါ။
မိုးသီးဇွန် (့  ဒီပဲယင်း အရေးခင်းနစ်ပတ်လည် မိန့် ခွန်းမှ )
Saturday, 6 June 2009
Subscribe to:
Post Comments
(
Atom
)
11 comments :
သဘောတူ၏။ မြန်မာ့အရေးတွေ ကမ္ဘာ့အရေးတွေ စစ်ရေးတွေ ပိတ်ဆို့ရေးတွေ ရွေးကောက်ပွဲတွေ ဘာမှ မပြောပဲ လူတိုင်းလူတိုင်း ၀လုံးရေးအောင်ပဲ ပြောကြည့်ပါဦး။
ဗျူဟာတွေ ထိုင်ငြင်းပြီး အချိန်ဖြုန်းမယ့်အစား ဒါလေးကိုပဲ ရအောင် စည်းရုံးကြည့်ပါဦး။ လူတိုင်း လူတိုင်း ၀လုံးရေးရင် နိုင်ပြီ။
ဝလုံးလာရေးခိုင်းရအောင် ငါတို့ကိုအရူးများမှတ်နေလားကွ။အစိုးရက ၀လုံးရေးရုံနဲ့ပြုတ်မှာလားဆိုတဲ့ အတွေးရှိမယ့်သူတွေ အလွန်ကိုများပါလိမ့်မယ်။ ၀လုံးလေးရေးဖို့ စိတ်ဓါတ်နောက်မှာ ဘယ်လိုခွန်အားမျိုးနဲ့ ညီညွတ်မှုအင်အားကြီးတရပ်ရှိနေတယ်ဆိုတာကို နားလည်သူသိပ်နည်းလိမ့်မယ်။ ကိုမိုးသီး မှတ်မိပါလိမ့်မယ်။ ဦးနု အစိုးရဖွဲ့တုံးက မအောင်မမြင်ဖြစ်ခဲ့တာ။ ဦးနုဟာလဲ သူဘာလို့ဒီလိုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ဘယ်သူ့ကိုမှနားလည်အောင် ရှင်းမပြခဲ့ဘူး။ လူတွေကလဲ ပွဲလန့်တုံးဖျာခင်းတယ်လို့ ထင်တာထက် ကျော်မမြင်ခဲ့ကြဘူး။ ကိုမိုးသီးတို့ကိုယ်တိုင်လဲ ဦးနုအနောက်မှာ ရပ်ပေးဖို့ မလုပ်ခဲ့ကြပါဘူး။ အခုတစ်ခေါက် အဲဒီတုံးကအဖြစ်တွေရှောင်ရှားနိုင်ဖို့ အားလုံးတညီတညွတ်တည်းနဲ့ transparancy ရှိပြီးနားလည်ရလွယ်မယ့်ဗျူဟာချပေးသင့်တယ်လို့ ယူဆပါတယ်။
ရှုပ်နေတာပဲဗျာ။
ဒါပေမဲ့ခင်ဗျားကို ယုံလို့ အိမ်ရှေ့ ထွက်ရေးလိုက်ပြီ။ ဓါတ်တိုင်မရှိလို့ သစ်ပင်မှာပဲရေးလိုက်တယ်
ပြည်သူတွေ တကယ်ကြုံတွေ. ခံစားနေရတဲ. အကြောက်တရား တွေ အမှန် တကယ် ကင်းဝေး တဲ.နေ.က နအဖ ကို အောင်နိုင်မဲ.နေ. ဘဲ။
အဲဒီတော.တကယ်ကြာက်နေတဲ.တာဝန်သိပြည်သူများ နဲ. ကြောက်ချင်ဟန်ဆောင်နေတဲ. တာဝန်မဲ.ပြည်သူများ အကြောက်တရား မြန်မြန်
ကင်းဝေးပါစေလို. ။ ။
ကိုကြီး
ခေတ္တစင်္ကာပူ
i don't want to tell it is wrong. but can we start with something small matter as wa-lone?we won't get solution with arguing each other.the main thing is unity whatever we do even small matter.
ဦးနု ကို ထောက်ခံဖို့ မိုးသီး တို့ အစွမ်းကုန် ကြိုးပန်းခဲ့ကြတယ်။ မသိရင်မပြောပါနဲ့ ။ ၁၈ ရက်နေ့  စစ်တပ်က အာဏာသိမ်းတာ မိုးသီးတို့ ကွန်ဗိုလ်ကေးရှင်းမှာ ဦးနုအစိုးရက ကိုထောက်ခံဖို့ 
ဗကသ၊ မကသနဲ့  အလုပ်သမားအဖွဲ့ တွေ ထောက်ခံဖို့ မိုးသီးတို့ လုပ်ခဲ့တယ်။ မြန်မာ စာ ပါမောက္ခ
ဆရာကြီးဦးစံတင်သဘာပတိလုပ်ပြီ။ မိုးသီးနဲ့ ကိုမင်းဇေယျတို့ ဦးဆောင်ခဲ့တယ်။ ဟိုအပတ်က အဖမ်းခံသွားရတဲ့ ဦးဇော်ညွန့် က မိုးသီးတို့ အဆိုကိုထပြီးထောက်ခံခဲ့တာ မှတ်မိသေးတယ်။
မင်းနန္ဒာ သိဖို့ ပါ။
If you have a ball, you can do two Wa-Lones.
ကျွန်တော်တို့ နားမလည်ခဲ့တဲ့ ကိစ္စတွေကို ရှင်းပြပေးတဲ့အတွက် ကိုမိုးသီးကိုကျေးဇူးတင်ပါတယ်။
ဝလုံးလေးမှ ၀ိုင်းအောင်မရေးနိုင်ခဲ့... ရွှေလင်ပန်းနဲ့ ထမင်းဆီဆန်းရယ်...
tauk paw gyi
ကျနော်တို့ ၈၈ တုန်းက ကြုံဖူးတာလေး ... ကိုမိုးသီးတို့လည်းပါတယ်။ ဆေးတက္ကသိုလ်စာသင်ခန်းမထဲ စုဝေးပြီး ၀ိုင်းဆွေးနွေးကြတာ.. မှတ်မိသလောက် ဘကြီးနုတို့ ဒီငြိမ်းလည်း အဓိကပါတယ်။ ဦးဝမ်ကိုဟောကိုတော့ အနားမှာရှိတော့ သေချာမှတ်မိတယ်။ နောက်တော့ ၀ိဓူရ ဦးချစ်မောင်လည်းပါတယ်။ အောင် စု တင်လို့ နာမည်ကြီးနေတဲ့ ကြီးသုံးကြီးလည်း ပါတယ်ထင်ပါရဲ့ ကိုမိုးသီးရေ. အဲဒီတုန်းက ဘကြီးနုရဲ့ စင်ပြိုင်ကို ဗျူဟာတစ်ရပ်အနေနဲ့ လက်ခံနိုင်လောက်ပေမဲ့ မဆလက ကျောသပ်ပြီးပြန်လွှတ်လိုက်တဲ့ စမူဆာဗိုလ်အောင်ကြီးကြောင့် ဘာတခုမှ ညီညွှတ်ရေးမရဘဲ အီလည်လည်ဖြစ်ပြီး ဦးနုလည်း ပွဲလန့်တုန်း ဖျာခင်းတဲ့အဆင့်ရောက်သွားရတယ်။ နောက်တော့ ဦးနုက ကျုပ်ဖျာခင်းလိုက်တာ ဟုတ်တယ် ဒါပေမဲ့ အသက်ကြီးနေတဲ့ ၈၀ ကျော် ကျုပ်ထိုင်ဖို့မဟုတ်ဘူး။ မောင်တို့မယ်တို့ လူငယ်တွေ ကျောင်းသားတွေထိုင်ဖို့ပါလို့ ပြောဖူးတာကို မှတ်သားရဖူးတယ်။ အဓိက တရားခံကို လက်ညှိးထိုးရရင်တော့ စမူဆာအောင်ကြီးပဲဗျာ။ သူ့ကြောင့် အဲဒီပွဲပျက်တာလို့ပဲ ကျုပ်တော့ စွပ်စွဲချင်တယ်။ မှတ်မိသလောက်ပေါ့နော်။
Post a Comment