Thursday, 25 June 2009

မြောက်ကိုးရီးယား သဘောင်္ လာတဲ့အပေါ်မှာ စစ်တပ်ခေါင်းဆောင်တချို့  ထိန့် လှန့် 

သန်းရွှေရဲ့  မြောက်ကိုးရီးယား မြန်မာ ဆက်ဆံရေးကြောင့် အမေရိကန်နဲ့ အနောက်အုပ်စု ဖိအား ကို လူငယ် ဗိုလ်မူး ချုပ်တချို့  စိုးရိမ်စပြုလာပြီ။


ကြပ်ပြေး နေပြည်တော်အသိုင်းထဲက အရာရှိတချို့ က မြောက်ကိုးရီးယားသင်္ဘော မြန်မာ ပြည်ကိုလာနေတဲ့အပေါ်မှာ မြန်မာ က မြောက်ကိုရီးယားရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားလို့ သုံးသပ်ကြပါတယ်။ အမည်မဖေါ်လို တဲ့ ထိပ်တန်း အရာရှိရဲ့ အဆိုအရ မြောက်ကိုးရီးယား က မြန်မာ နိင်ငံကို သူနဲ့ အတူ အမေရိကန် ဆန်ကျင့် စေလိုပါတယ်။ ဒါကြောင့် မြန်မာ လို နေတဲ့ လက်နက်အကူညီတွေကို ပေးဖို့  စီစဉ်ခဲ့တယ်။ ဥမင်လှိုင်ခေါင်းတူးတာအပါအ၀င် ဒုံပျံဆိုင်ရာနည်းပညာတွေကိုပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့သန်းရွှေက ဒုံးပျံနည်းပညာတွေထက် လုပ်ပြီးသားဒုံးပျံတွေကိုလိုခြင်တယ်လို့ ဆိုပါတယ်။ မြန်မာ က မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးကိုသိသာသိစေမမြင်စေနဲ့  သွားခြင်တယ်။

ဒါပေမဲ့ မြောက်ကိုးရီးယား နအဖ ကို ပေးရမဲ့အကူညီတွေကို မသိမသာနဲ့ အချိန်ဆွဲထားခဲ့တယ်လို့ ဆိုတယ်။ သန်းရွှေက ရွှေမန်းကိုလွတ်ပြီး မူလကတိအတိုင်း ပေးမယ်ဆိုတဲ့စစ်ရေးအကူညီတွေကို ပေးဖို့ တိုးတိုးတိတ်တိတ် တောင်းဆိုခဲ့တယ်။

၂၀၀၉ ဇွန်လ ၁၂ ရက်မှာ ကုလသမဂ လုံခြုံရေးကောင်စီက အရေးယူလာချိန်မှာ မြောက်ကိုးရီးယား မြန်မာ ပြည်ကို သင်္ဘောစေလွတ်လိုက်ခြင်းအားဖြင့် အမေရိကန် နဲ့ အနောက်အုပ်စုတွေကို ဆန်ကျင်ရေးမှာ မြန်မာ ကို သူနဲ့ အတူ ဖြစ်လာအောင်ဆောင်ရွက်လိုက်ခြင်းဖြစ်တယ်လို့ နအဖ အတွင်းပိုင်းကလာတဲ့ သတင်းအရ ဆိုပါတယ်။ သန်းရွှေက မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးတိုးမြင့်လိုက်မှုကြောင့် ဖြစ်လာရမဲ့ ဆိုးကျိုးတွေကို နအဖ စစ်တပ်နဲ့ အစိုးရအတွင်းပိုင်း က ခေါင်းဆောင်တချို့ က ထိန့် လှန့် စပြုနေကြောင်းသိရပါတယ်။

3 comments :

Anonymous said...

စာလုံးပေါင်းလေးတွေ မှန်အောင် ရေးဘို့ သင့်ပါကြောင်း

Anonymous said...

I am very sure that there are many good leaders are in the Burmese army, someone has to stop NK otherwise all Burmese Nation will wipe out.Burmese people just need more food & education and jobs.
Help-

Anonymous said...

"ထိတ်" ဖြစ်ရမယ်....ဟုတ်တယ်
စာလုံးပေါင်းလေးတော့ ဂရုစိုက်ပါ....