Monday, 15 June 2009

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲစကားစစ်ထိုးပွဲများ၊ဆွေးနွေးပွဲများဖြင့်မဲဆွယ်လှုပ်ရှားမှုများပြုလုပ်လာ



-Biweekly Eleven Journal-

အင်ဒိုနီးရှားသမ္မတ ရွေးကောက် ပွဲသမိုင်းတစ်လျောက် ပထမဆုံးအကြိမ် အဖြစ်သမ္မတ လောင်းများသည် ရုပ်သံ ကြော်ငြာများ၊ စကားစစ်ထိုးပွဲများ၊ဆွေး နွေးပွဲများဖြင့် အမေရိကန် စတိုင်မဲဆွယ် လှုပ်ရှားပြုလုပ် လာကြောင်း စထရိတ် တိုင်းမ်သတင်းစာက ဖော်ပြသည်။

ဇူလိုင်လ ၈ ရက်နေ့သမ္မတရွေး ကောက်ပွဲဝင်ကြမည့် သမ္မတနှင့်ဒုတိယ သမ္မတလောင်း သုံးတွဲသည် ပြီးခဲ့ သည့်အပတ်မဲဆွယ် လှုပ်ရှားမှုများ စတင်ချိန်မှစ၍ လေ လှိုင်းကြားမှနေ၍ စကားစစ်ထိုးမှု များ၊ မူဝါဒထုတ်ဖော်မှုများကို အပြိုင် ပြုလုပ်လာခဲ့ကြသည်။ ယင်းချဉ်းကပ် ပုံမှာ မဲဆန္ဒရှင်များနှင့် ထိတွေ့မှုပိုမိုများ ပြားစေခဲ့သောကြောင့် နှစ်ချိုက်ကြ သလို မူဝါဒရေးရာထက် ပုဂ္ဂိုလ်ရေးဝေဖန်မှုများ၊ အ ပုပ်ချမှုများ များပြားလွန်းသည် ဟုလည်း ဝေဖန်ခံနေရသည်။

အနိုင်ရရန်ရေပန်းအစားဆုံးဖြစ် နေသည့် လက်ရှိသမ္မတယူဒိုယိုနိုနှင့် ဒုတိယသမ္မတလောင်းဘိုးဒီယိုနိုတို့၏ ဇနီးများမှာ မဲဆွယ်ပွဲများတက်ရောက် ရာတွင်ခေါင်း စည်းပ၀ါချုံထားမှုမရှိဟု ဝေ ဖန်ခံခဲ့ရပြီး လက်ရှိဒုတိယ သမ္မတကာလာနှင့် ၀ီရန်တိုအတွဲက ယင်းကိစ္စကို အဓိကဝေဖန်ခဲ့ကြပြီး ယူဒိုယိုနိုမှာ ယင်းကိစ္စကိုသီးသန့်ပြန် လည်ချေပခဲ့ရသည်။ Ring Politik ဟု အမည်ပေးထားသော ရုပ်သံဆွေးနွေး ပွဲမှ နေ၍ ယူဒိုယိုနိုက ''ဘာသာရေးကို နိုင်ငံရေးပြိုင်ဆိုမှုမှာအသုံးမချသင့် ပါဘူး''ဟု ယူဒိုယိုနိုက ပြန်လည်ချေ ပခဲ့သည်။

သို့ရာတွင် ကုန်ဈေးနှုန်း၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် ဆင်းရဲမွဲတေ မှုတိုက်ဖျက်ရေးကတိက၀တ်များသည် သာမဲဆန္ဒရှင်တို့အဓိက စိတ်ဝင်စား သည့်အကြောင်းအရာများဖြစ်နေ ကြောင်း လေ့လာသူတို့က ဆိုသည်။

သမ္မတဟောင်းမီဂါဝတီဆူ ကာ နိုပူထရီနှင့် ဘရာဗိုဝိုဆူဘင်တိုအတွဲ မှာ မိမိတို့သည် ဆင်းရဲသားများနှင့် အောက်ခြေလူတန်းစားကို ကိုယ်စား ပြုကြောင်းဖော် ညွှန်း၍ အဓိ ကမဲဆွယ်နေကြပြီးကာလာ- ၀ီရန်တို အတွဲကမူ အစိုးရလုပ်ငန်းများကို ပို ကောင်း၍ပိုမြန်စေမည်ဆိုသောကတိ က၀တ်ကိုအဓိကထားမဲဆွယ်နေကြ သည်။

ယင်းနှစ်ဖွဲ့စလုံးသည် ယူဒိုယို နို၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကိုဦးစားပေးဆွဲဆောင်လွန်းခြင်း အားဝေဖန်နေကြသည်။ဈေးကွက် တွင်း၌တရုတ်ပစ္စည်းများနေရာယူ လွန်းခြင်းနှင့် ပြည်တွင်းဖြစ်များ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ နေရာမရခြင်းတို့နှင့်ပတ်သက်ပြီး ယူဒိုယိုနိုကိုတိုက်ခိုက်နေကြသည်။

ဝေဖန်မှုများရှိနေသော်လည်း စစ်တမ်းများအရယူဒိုယိုနိုသည် အပြတ်အသတ်အသာရနေပြီး ထောက်ခံမှု ၇၀ ရာခိုင်နှုန်းကျော် ရှိ သည်ဟုသိရသည်။

No comments :