Sunday, 21 June 2009

မီးစ ကိုရေနံ စွပ်ပါ။

၂၀၀၉ ၊ ၂၀၁၀ ဟာ ငါဒို့ အားလုံးအတွက်အရေးပါတဲ့နှစ်တွေဖြစ်လာလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကမ္ဘာကြီးမှာ ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းတပိုးတွေ ပြန်လည်ထကြွ လာလိမ့်မယ်။ အထူးသဖြင့်ရုရှား နဲ့ တရုပ်မှာလည်း ဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားမှုကြီးတွေဖြစ်လာလိမ့်မယ်။

၁၉၈၈ ခုနစ် မှာ ငါဒို့ စတင်ခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးက တရုပ်နိင်ငံတီယင်မင်အရေးတော်ပုံကြီးကိုရိုက်ခတ်ခဲ့တယ်။ ထိုင်းနိင်ငံ၊ အင်ဒိုနီးရှားနဲ့ အရှေ့ တီမော်နိင်ငံတွေကိုအားကျစေခဲ့တယ်။ လွတ်မြောက်စေခဲ့တယ်။ အခု အီရန် နိင်ငံမှာ ဖြစ်နေတဲ့ဒီမိုကရေစီလှုပ်ရှားမှု မီးတောက်ကြီးက လည်း အရှေ့ အလယ်ပိုင်းကို သက်ရောက်မှုတွေဖြစ်ပေါ်လာလိမ့်မယ်။ ဒီမီးတောက်က ရုရှားနဲ့ တရုပ်ကိုခုန်ကူးလိမ့်မယ်။ဒီမီးတောက်ကိုမြန်မာ ပြည်ကိုလည်း သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမယ်။


အားလုံး အသင့်ရှိပါစေ။
မြန်မာ့သွေးကိုပြပါ။

မီး စကိုရေနံစွပ်ပါ။
မီးဒုတ်တွေ အသင့်ရှိပါစေ။


-မိုးသီးဇွန် -

No comments :