Tuesday, 9 June 2009
သေချင်ရင် စိန်မစား နဲ့  မြန်မာ့လေကြောင်းနဲ့  ခရီးသွား
တရုတ်နိုင်ငံ ချုံကျင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မြစ်ကြီးတစ်ခု အတွင်း တရိစ္ဆာန်အစားအစာ တန်ချိန် ၁၄ဝဝ တင်ဆောင်လာသည့် သဘောင်္တစင်း တိမ်းမှောက် ခဲ့တာကို မြန်မာသတင်းစာတွေထဲမှာ ဓာတ်ပုံကြီးတွေနဲ့ တကွ ဖော်ပြခဲ့ပေမဲ့၊ မြန်မာပြည်တွင်း စစ်တွေမြို့ လေယာဉ်ကွင်းမှာ လေယာဉ်လမ်းချော်တိမ်းမှောက်သွားတဲ့ သတင်းနှင့် ပုံတွေ၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတထောင်ဘုရား၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်သည့် ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓဘုရားပေါ်ကအဆင်း လျှပ်စစ်မီး ရုတ်တရက် ပြတ်သွားလို့ ကြိုးတပ်ဝန်ချီစက် ပြုတ်ကျသဖြင့် နိုင်ငံကျော် ဆရာတော်များဖြစ်သော အရှင်ဆန္ဒာဓိကနှင့် အရှင် ရဝနွယ် (အင်းမ) အပါအဝင် စုစုပေါင်း ရဟန်း ၂ ပါး နှင့် လူ ၈ ဦး ပေါင်ကျိုး ဒဏ်ရာရသွားခဲ့တာတွေကိုတော့ ဓာတ်ပုံတွေ နဲ့ တကွ သတင်းတွေကို မဖော်ပြခဲ့ပါဘူး။
ပြည်သူ သတင်းမှန်ကို သိရှိမှာ ကို ကြောက်ရွံ့နေကြတဲ့ နအဖ အမှောင်ခန်းထဲမှာ အမှောင်လမ်းထဲမှာ ဆက်လက်လျှောက်လှမ်း နေဆဲပါ။ မြန်မာ့လေကြောင်းလိုင်းက လေယာဉ်တိမ်းမှောက်သွားခဲ့တဲ့ သတင်းက သန်းရွှေမြေးမြေး ဖိုးလပြည့် မုန့်ဈေးတန်း သွား၊ ချိုလိမ်စို့ တာလောက် အရေး မပါပုံရတယ်။
ပြည်သူများသိရှိသင့်တဲ့ သတင်းအမှန်ကတော့ - သေချင်ရင် စိန်မစားနဲ့ မြန်မာ့လေကြောင်းနဲ့ ခရီးသွား၊ ပေါင်ကျိုးချင်ရင်တော့ မီးခဏခဏ ပြတ်တက်တဲ့ ရန်ကုန်မှာ ဓာတ်လှေကားစီးနိုင်တယ်။ သတိထားကြပါ။
at 11:14
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment