Friday 12 June 2009

ကမ္ဘာအကြီးဆုံးသင်းချိုင်းဂူကြီးမြန်မာပြည်မှာတွေ့ ရှိခြင်း

နအဖခေါင်းဆောင်တွေဟာသူတို့အခြေအနေမလှတော့မှန်းသိနေပြီ။ပြေးဖို့ပြင်နေတယ်။ဒါပေမဲ့ပြေးစရာမြေမရှိဖြစ်နေပုံ
ကိုသူတို့တူးထားတဲ့လှိုဏ်ခေါင်းအနေထားကဖေါ်ပြနေပါတယ်။ယေးလ်တက္ကသိုလ်နိင်ငံတကာလေ့လာရေးအင်တာနက
်စာမျက်နာ(yaleglobal.yale.edu)မှာဆောင်းပါးရှင်ဘာတေးလစ်တနာကလိုဏ်ဂူတွေ၊သေနတ်တွေနဲ့ကင်ချီချဉ်ပတ်(သို့ မဟုတ်)မြောက်ကိုရီးယားရဲ့ဒေါ်လာအတွက်ရိုက်စားကွက်(Tunnels,Guns and Kimchi:North Korea’s Quest for Dollars- Part I,II) ဆိုတဲ့ဆောင်းပါး ရှည်တခုကိုနစ်ပိုင်းခွဲပြီးတင်ပြထားတာကိုဖတ်လိုက်ရပါတယ်။

ဒီဆောင်းပါးမှာနအဖခေါင်းဆောင်တွေကဥမင်လှိုဏ်ခေါင်းကြီးတခုကိုမြောက်ကိုးရီးယားတွေအကူညီနဲ့တူးနေတယ်ဆိုတာကိုသူကဓါတ်ပုံနဲ့
တကွဖေါ်ပြထားပါတယ်။ဆောင်းပါးမှာ မြောက်ကိုရီးယားအစိုးရက ဗိုက်နာနေတယ်။ အမေရိကန်က စီးပွားရေး
ပိတ်ဆို့ထားတော့ဘာစီးပွားရေးမှ လုပ်လို့မရဘူး။ငွေလိုနေတယ်။အမေရိကန်ကအာဖဂန်နစ်စတန်နဲ့အီရတ်ကို
ဝင်ပြီးတိုက်လိုက်တော့ဗိုလ်ချုပ်သန်းရွှေအဖွဲ့လည်းသွေးပျက်နေတယ်။

‘’ နောက်.. တ….ခါ…..ဒို့  …အ .. လှည့် …လား။ ‘’လို့  တယောက်မျက်နှာတယောက်ကြည့်ပြီးမေးမိကြမယ်။ ကမ္ဘာဦးကတည်းကတည်ရှိနေတဲ့လူမိုက်တွေရဲ့နိယာမကနိုင်မလား၊မနိုင်ရင်ပြေး။ဒီတော့ပြေးပေါက်ရှာရပါတော့တယ်။မလေးမခန့်လုပ်မိတာကလည်းကမ္ဘာ့
ဆူပါပါဝါအမေရိကန်နိင်ငံ။ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီး ယာမာမိုတိုဒုတိယကမ္ဘာစစ်တုံးက အမေရိကန်ကိုပြောခဲ့တဲ့
စကားနဲ့ပြောရရင်(Giant)လူ့ဘီလူးကြီး။ ဒီတော့ မြောက်ကိုးရီယားနဲ့မြန်မာ။မြန်မာနဲ့မြောက်ကိုရီးယား။
'‘လူမိုက်ချင်းချင်းပုလင်းတူတူမော့- ပြောင်းအတူတူရှု '' မိကြတယ်။ မင်းကငါပုန်းဖို့ တွင်းတူးပေး၊
ငါကမင်းစားဖို့ပေးမယ်နဲ့အပေးအယူတည့်သွားပုံရတယ်။မြန်မာ့အရေးကိုပုံမှန်လေ့လာနေတဲ့မြန်မာနိင်ငံသားတဦးအဖို့တော
့ဒီသတင်းဟာအထူးဆန်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့၆နှစ်၇နှစ်ကတည်းကဒီသတင်း
ဟာမြန်မာပြည်တနံတလျားမှာပျံ့ နေတာလူတိုင်းအသိဖြစ်ပါတယ်။
ကျနော်တို့လည်း အလျင်သင့်သလိုပဲယူရေနီယံထုတ်နေတဲ့ကိစ္စ၊ရဲလိုးကိတ်အထိထုတ်နိုင်နေတဲ့ကိစ္စတွေကို ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီလှိုဏ်ခေါင်းကိုတူးတဲ့ရည်ရွယ်ချက်ကတော့အမေရိကန်ကစစ်ရေးအရကျူးကျော်လာရင်ပြေးပုန်းနိင်ဖို့အတွက်
သူတို့ ပြင်ဆင်ထားတာဖြစ်မယ်လို့ဘာတေးလ်လစ်တနာက ဆိုပါတယ်။လှိုဏ်ဂူတူးထားပုံအနေအထားကို
လုံခြုံရေးသုံးသပ်ချက် (Security Analysis)ကကြည့်ရင်တော့နအဖကခံစစ် အနေအထားကိုလုံးဝ
ရောက်နေပြီဆိုတာတွေ့နိုင်တယ်။အဓိပါယ်ကတော့အရှုံးကိုလက်ခံထားလိုက်တဲ့သဘောပါပဲ။လှိုဏ်ခေါင်းကပျဉ်းမနားကစပြီးရှမ်းပြည်ဖက်မှာ အဆုံးသတ်ထားတာကိုကြည့်ခြင်းအားဖြင့်

တစ်-ပြေးစရာရှိရင် တရုပ်ပြည်ကိုသူတို့ မပြေးချင်ဘူးဆိုတာပြနေတယ်။

နှစ်-ဗိုလ်ချုပ်သန်းရွှေနဲ့နအဖခေါင်းဆောင်တွေသူတို့မိသားစုတွေကအနောက်တိုင်းနဲ့သဟဇတ မဖြစ်ဘူး။တနည်းအားဖြင့် ပြောရရင်ဦးနေ၀င်းနဲ့သူ့မိသားစုလိုအနောက်တိုင်းကိုဝင်ဆန့်သူတွေ မဟုတ်ဘူး။ဒါကြောင့်အနောက်တိုင်းနိုင်ငံတခုခုကိုလည်း မပြေးရဲဘူး။

သုံး-ထိုင်းနိုင်ငံဖက်ကိုဦးတည်ထားတာကရှမ်းပြည်လူမျိုးစုဒေသအတွင်းကနေခံစစ်ပြန် လုပ်မယ်။နောက်လိုက်နောက်ပါတွေပါလာရင်သူပုန်ပြန်ထမဲ့အခြေအနေကိုပြင်ထားတာဖြစ်နေပါတယ်။


ပြသနာကတော့ရှမ်းပြည်နယ်စပ်မှာတော်လှန်ရေးအဖွဲ့တွေရှိတာရယ်။ နအဖတပ်သားတွေက
သူတို့ကိုဆက်လက် သြဇာခံပြီးနောက်ကနေလိုက်လာပါ့မလားဆိုတာဖြစ်ပါတယ်။့ အာဖန်ဂန်နစ်စတန်နဲ့ အီရတ်ကိုအမေရိကန်တွေက၀င်သိမ်းလိုက်ပြီးတဲ့အချိန်မှာနောက်တခါဒို့အလှည့်လားလို့  စိုးရိမ်လာတာလည်းဖြစ်နိင်ပါတယ်။သူတို့ရဲ့စိုးရိမ်မှုကိုလွန်တယ်လို့ပြောလို့မရပါဘူးနိုင်ငံရေးမှာမဖြစ်ဘူးဆိုတာ မရှိလို့ပဲဖြစ်ပါတယ်။ဒီနေ့သမ္မတကြီးကမနက်ဖန်မှာတရားခံကြီးဘ၀နဲ့ကြိုးစင်ပေါ်တက်ခဲ့ရတဲ့သာဓကတွေကို
မဝေးလှသေးတဲ့သမိုင်းဖြစ်ရပ်တွေကအထင်အရှားပြနေပါတယ်။ရိုမေးနီးယားကသမ္မတချောင်ချက်စကူး
(သူသမ္မတအဖြစ်နဲ့မြန်မာပြည်ကိုလာလည်တော့ကျောင်းသားလေးတွေက အလံလေးတွေ
ဝှေ့ ပြီးကြိုဆိုခဲ့ရတာမှတ်မိသေးတယ်။)တာလီဘန်အစိုးရတဖွဲ့လုံးနဲ့အီရတ်သမ္မတဆက်ဒန်ဟူစိန်
တို့ဟာ နိဂုံးမကောင်းခဲ့ကြပါဘူး။ ဒီနေ့ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်ကမိုဘိုင်းလ်ဖုံးတွေ၊ဆက်တယ်လိုက်၊အိုင်ပေါ့နဲ့ပလာစမာတီဗွီ၊
ဟမ်ဘာဂါနဲ့ဆူချီတွေပဲမဟုတ်ပါဘူး။ကြွေးကြော်သံတွေ၊မိုလိုတော့ဗုံးတွေနဲ့လူထုတိုက်ပွဲကြီးတွေလည်း
ဆက်တိုက်ပါလာနေတယ်။အာဏာရှင်တွေကိုတဖွဲ့ ပြီးတဖွဲ့ ဖြုတ်ချနေတယ်။ကမ္ဘာကြီးကအပြောင်းအလဲတွေနဲ့ ခြိမ့်ခြိမ့်သည်သည်းစည်ကားနေတယ်ဆိုတာပဲဖြစ်ပါတယ်။အလွန်ဘာသာရေးတယူသန်လှပါတယ်ဆိုတဲ့အီရန်က
ဒီနေ့ရွေးကောက်ပွဲမှာမူစလင်အခြေခံဝါဒီတွေကိုဒီမိုကရေစီရေး၊ အမျိုးသမီးအရေးတွေကိုတောင်းဆိုတဲ့လှုပ်ရှားမှုတွေကအီရန်အခြေခံဝါဒီတွေအဖို့ဇောချွေးပြန်စရာဖြစ်လာနေပါပြီ။
ဒီခြိမ်းခြောက်မှုတွေကသူတို့မျှော်လင့်ထားတဲ့လေယာဉ်ပျံတွေဒုံးပျံတွေနဲ့လာတာမဟုတ်ပါဘူး။ တိုင်းပြည်အတွင်းကနေပဲပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။


ဗိုလ်ချုပ်သန်းရွှေနဲ့အပေါင်းပါတွေအတွက်ဒီလိုသတင်းတွေဟာသွေးပျက်စရာတွေပါ။သူတို့ကိုနိဂုံချုပ်ပေးမဲ့လူစွမ်းကောင်းသုံးယောက်ထဲက
တယောက်ယောက်တော့လာတော့မယ်ဆိုတာသိနေပြီ။ သူဟာဘယ်ကနေလာနိင်မလဲ -

၁- လေကြောင်းကလည်းလာနိုင်တယ်။
၂- ပြည်တွင်းလူထုတိုက်ပွဲကြီးကလည်းပေါက်ဖွားလာနိုင်တယ်။
၃-တပ်မတော်အတွင်းကလည်းဖြစ်လာနိင်ပါတယ်ဆိုတာပါပဲ။


ဒီသုံးချက်မှာတချက်ချက်ကတော့သေချာနေပြီဆိုတာကိုသိမှတော့
သူတို့ပျဉ်းမနားရှမ်းပြည်လှိုဏ်ခေါင်းကြီးကိုတူးတာမဆန်းလှပေဘူးပေါ့။လှိုဏ်ခေါင်းက
ဦးသန်းရွှေနဲ့ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေ အတွက်နောက်ဆုံးမြုတ်နှံဖို့ကမ္ဘာ့အကြီးဆုံးသင်းချိုင်းဂူဖြစ်မလာနိုင်ဘူး
ဆိုတာကိုတော့ဘယ်သမိုင်းဆရာကမှရဲရဲအာမမခံနိုင်တာတော့သေချာတယ်။

2 comments :

Anonymous said...

Could you please read the orginal article carefully again? It does not mention that the tunnel links between nay pyi daw and shan state. It is mentioning that tunnels and underground meeting halls have being built in nay pyi daw as well as near taung gyi. It does not mean the tunnel links nay pyi daw and taung gyi. So that your security analysis has been base on wrong understanding. Plz re-analyze it. Cheers.

Anonymous said...

In the pictures captioned as "Tunnel Entry", you can see the signboard above the tunnel entry. If you enlarge it, you can read as "Kyun Chaung Hydro Plant".

Check carefully before publishing it. What a pity!