Tuesday, 23 June 2009

ပြင်သစ်မှာ ဘာကွာ ကိုမ၀တ်ဖို့ အမိန့် ထုတ်

ဘာကွာ ( Burqa)

ပြင်သစ်သမတ နစ်ကိုလပ်စာကိုးစကီးက ပြင်သစ်နိင်ငံမှာ မူစလင်အမျိုးသမီးတွေအနေနဲ့  ဘာကွာ ကို မ၀တ်ဖို့ ဥပဒေနဲ့ တားမြစ်လိုက်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကိုဖိနိပ်ထားမှု ရဲ့  ပြယုတ်ဖြစ်နေလို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဘာကွာကို မူစလင်နိင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ်စတန်နိင်ငံတွေက အမျိုးသမီးတွေ အသုံးပြုလေ့ရှိတယ်။


အမျိုးသမီးတွေအနေနဲ့  ဘာကွာ ၀တ်ရမယ်လို့ ကိုရမ်ကျမ်းမှာ ဖေါ်ပြထားခြင်းမရှိပါဘူး။ အစ္စလန် ဘာသာဝင် ယောက်ကျားရော၊ မိန်းမပါ ရိုးရိုးသားသားပဲဝတ်စားဆင်ယင်ရမယ်သာ ဆိုထားပါတယ်။

အီရန်နိင်ငံမှာ အမျိုးသမီးတွေဟာ အခွင့်ရေးတောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်ပေါ်နေချိန်မှာ ခုထွက်ပေါ်လာတဲ့ဥပဒေဟာအီရန်အမျိုးသမီးလှုပ်ရှားမှုကိုထောက်ခံကြောင်းပြသလိုက်ခြင်းဖြစ်တယ်လို့ အကဲခတ်တွေကဆိုပါတယ်။

၂၀၀၁ ခုနစ် စက်တင်ဘာ ၁၁ ဖြစ်ပြီးနောက် နယ်သာလန်နိင်ငံမှာလည်း အစ္စလန်အမျိုးသမီးတွေ အနေနဲ့  လူထု ရှေ့ ကိုထွက်တဲ့အခါမှာ မျက်နာကိုပိတ်ပြီးမထွက်ဖို့  ဥပဒေထုတ်ပြန်ခဲ့ပါသေးတယ်။ နယ်သလန် အစိုးရရဲ့ အကြောင်းပြချက်ကတော့ လုံခြုံရေး နဲ့  လူတဦးနဲ့ တဦး ဆက်သွယ်မှုမှာ မျက်နာကို မြင်ရဖို့ ဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့  ဆိုခဲ့ပါတယ်။

5 comments :

Unknown said...

အမျိုးသမီးတွေကို ဘာကွာဝတ်ရမယ်လို့ ကိုရမ်ကျမ်းမှာ
ဖေါ်ပြထားခြင်းမရှိဘူးလို့ အခိုင်အမာဘာလို့ပြောတာပါလဲ
ခင်ဗျာ။ကိုရမ်ကျမ်းကို ရောလေ့လာဖူးလို့လား။
လေ့လာဖူးရင် အပိုဒ်ဘယ်လောက်မှာေ၇းထားလဲဖော်ပြပေးပါ။

Unknown said...

အောင် ဆိုတဲ့သူသို့။

စာရေးသူကအဲဒီကျမ်းမှာမဖော်ပြထားဘူးလို့ဆိုမှဘယ်လို
လုပ်စာမျက်နှာနဲ့ကိုးကားပြလို့ရမလဲ။
ခင်ဗျားကသူ့ကိုမှားတယ်လို့ထောက်ပြချင်ရင်ခင်ဗျားက
ဘယ်စာမျက်နှာ၊ ဘယ်အပိုဒ်စသည်ဖြင့်ထောက်ပြရမှာလေ။ ရိုးရိုးသားသားနဲ့သိပ်မယုံလို့မေးရင်လဲနောက်ဆုံး
စာကြောင်း
မထဲ့နဲ့ပေါ့ဗျာ။
ကျွန်တော်လဲသိချင်ပါတယ်။သူရေးသမျှတော့မယုံပါဘူး။
ဒါပေမဲ့ခင်ဗျားရဲ့နောက်ဆက်တွဲမေးခွန်းကတော့ဘယ်သူ
မှဖြေလို့ရမှာမဟုတ်ဘူး။

Anonymous said...

whether it was right or wrong,if u live in other country,u have to obey that country rule.if u dont like,get out.live in that country and insult that country is worse than dog.

Anonymous said...

relagion appeared thousand years ago.that time,people and relagion r o.k.now,people have more education,more knowledge.mordern world,laws r changing all the time b/c some law r not suitable at present time.if u follow exctely what it said about ur thousand years ago relagion,it is call ediot.some r not suitable at present world.

Anonymous said...

ဘာကွာလို့ ရေးထားတာလေးက အသံထွက်လွဲနေပါတယ်။ ဘုရ်ကာပါခင်ဗျာ