Thursday, 11 June 2009

ဘာကြောင့် ဂိုချုပ်တောင် မြန်မာ ပြည်ကိုရောက်နေရသလဲ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင်တော့ မြန်မာပြည်ဟာအာဆီယံထဲ က ထုတ်ခံရလိမ့်မယ်လို့ သန်းရွှေကိုသတိသွားပေးနေရတဲ့ ဂိုလ်ချုပ်တောင်


တောင်ကိုးရီးယားနိင်ငံမှာ ကျင်းပတဲ့ အာဆီယံနိင်ငံခေါင်းအစည်းဝေးမှာ ဗိုလ်ချုပ်သိန်းစိန်ကို အာဆီယံနိင်ငံ ခေါင်းဆောင်တွေက ပြင်းပြင်ထန်ထန် သတိပေးလိုက်တယ်လို့ သတင်းရပါတယ်။ သတိပေးချက်ကတော့ မြန်မာပြည်က နိင်ငံရေးမတည်ငြိမ်မှုများ၊ လူအခွင့်အရေးချိုးဖေါက်မှုများက အာဆီယံကို ထိခိုက်လာပြီဆိုတဲ့ အကြောင်းနဲ့ တကယ်လို့ နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမယ်ဆိုပါက အာဆီယံအဖွဲ့ ဝင်အဖြစ်က ထုတ်ပယ်ခံရမယ်ဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။ နအဖ အတွင်းစည်း သံတမန် သတင်းရပ်ကွက်မှလာတဲ့ သတင်းအရ ဗိုလ်ချုပ်သိန်းစိန်ဟာ အတော့လေးကို စိုးရိမ်ထိန့် လှန့် ပြီး အခြေအနေမှန်ကို သဘောပေါက် သွားတယ်ဆိုတယ်။ အစည်းဝေး အပြီး ညနေပိုင်းမှာသူက စင်္ကာပူဝန်ကြီးချုပ် ဟောင်း ဂိုချုပ်တောင် အခန်းကို သွားပြီး သူကိုကယ်ပါလို့  အကူညီတောင်းတယ်လို့ သိရပါတယ်။ အစည်းဝေးမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဦးသန်းရွှေထံ သူမတင်ပြရဲ ဘူးလို့ ဆိုပါတယ်။

Help me , please.


ဗိုလ်ချုပ်သိန်းစိန်က သန်းရွှေ သည် အလွန်ခေါင်းမာကြောင်း၊ အရာခတ်သိမ်းကိုသူတဦးတည်း ဆုံးဖြတ်နေကြောင်း ဆွေးနွေးပါတယ်။ သူက If he draw the line, we afraid to cross it လို့ ဂိုချုပ်တောင်ကို ပြောကြောင်း။ သူ မတင်ပြရဲ တဲ့အတွက် စင်္ကပူဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာ ပြည်ကိုလာပြီးသူ့ကိုယ်စားဆွေးနွေးပေးဖို့ မေတ္တာရပ်ခံချက် အရ ဂိုလ်ချုပ်တောင်မြန်မာ ပြည်ကိုလာရောက်ပြီး သန်းရွှေအား ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းက ဆိုပါတယ်။

No comments :