Tuesday, 16 June 2009

လူထုတိုက်ပွဲကြားထဲက အီရန် အတိုက် အခံခေါင်းဆောင်များ

လူထုကြားထဲက အီရန် အတိုက် အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ
"When the real leader speaks, people listen"

Quotes for Free Burma :

"Improvement is impossible without a change in leadership"
"If the leader can't navigate the people through rough waters, he is liable to sink the ship"
"မှားယွင်းတဲ့ ခေါင်းဆောင်မှု ၊ မပြတ်သားတဲ့ခေါင်းဆောင်မှု တွေထက်စာရင် ခေါင်းဆောင်မရှိတာက ပိုကောင်းတယ်။"

-WFWW-

အီရန် မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ်အာမာ ဒင်နီးဂျဒ် (Mahmoud Ahmadinejad) က သူအနိုင်ရသွားခဲ့တယ် လို့ မဲရုံတွေပိတ်ပြီး ၁၂ နာရီ အကြာမှာ ကြေညာသွာခဲ့လို့ အီရန်မဲပေးခဲ့သူတွေ အတော်လေး အံသြသွားခဲ့တယ်။ အီရန်မှာ မဲပေးနိုင်သူဦးရေ ၄၆.၂ မီလီယံရှိပြီး ၈၅ ရာခိုင်နှုန်း မဲပေး ခဲ့တာကြောင့် မဲပေးခဲ့သူ စုစုပေါင်း ၃၉.၂ သန်းရှိခဲ့တယ်။ မဲပေးနိုင်သူ အသက် ၃၀ အောက် လူဦးရေ ဟာ မဲပေးသူစုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်။ လူငယ်အများစု နှင့် အမျိုးသမီး အများစုဟာ အတိုက်အခံ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ ကို ထောက်ခံမဲပေးခဲ့ကြတယ်။

စုစုပေါင်း မဲပေးခဲ့သူ ၃၉.၂ သန်း မဲတွေကို လက်နဲ့ ၁၂ နာရီအတွင်းရေတွက်နိုင်ခဲ့တာဟာ လုံးဝမဖြစ်နိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင်တွေနဲ့ လေ့လာစောင့်ကြည့်နေသူတွေက ပြောဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တောင် နောက်ဆုံးအဖြေရရှိဖို့ ၂ ရက်နီးပါး ရေတွက်ခဲ့ကြရတယ်လို့ ဆိုတယ်။ တချို့ နေရာတော်တော်များများမှာ မဲပြားတွေကို ကုန်သွားလို့ မဲမပေးရသေးဘူလို့ဆိုတယ်။ တချို့ နေရာတွေမှာ မဲရုံကို စောစောပိတ်ခဲ့တယ်လို့ဆိုတယ်။ မာမွတ်အာမာ ဒင်နီးဂျဒ် (Mahmoud Ahmadinejad) ရဲ့ ပြည်ထဲရေးဝန်ကြီးက မဲရုံပိတ်ပြီး တစ်နာရီခွဲ အကြာမှာ မဲ ၅ သန်းကို ရေတွက်နိုင်ခဲ့တယ်လို့ဆိုတယ်။ နိုင်ငံတကာ မှ ရွေးကောက်ပွဲ ဆိုင်ရာ ကျွမ်းကျင်သူများက ဒါဟာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုနေတယ်။

အတိုက်အခံ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဟူစိန်မိုဆာဗီ က မဲ အရေအတွက် ၁၀ သန်း ပျောက်ဆုံးနေပြီး၊ သူဟာ ဘယ်လိုရင်းနှီးမှုဘဲ ပေးရ ပေးရ၊ အမှန်တရားအတွက် သူ့ကို ထောက်ခံမဲပေးသူတွေဘက်က ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ တီဟီရန်မြို့ လယ်မှာ ကျင်းပခဲ့တဲ့ လူထုအစည်းအဝေးပွဲကြီးတစ်ခုမှာ ရဲရဲဝံ့ဝံ့ ပြောဆိုဂတိပေးသွားခဲ့တယ်။

2 comments :

Anonymous said...

မြန်မာနိုင်ငံက အတိုက်အခံခေါင်းဆောင်တွေနဲ့ကွာပါ့ သူတို့က ဆန္ဒပြလူအုပ်ကြားမှာ ခေါင်းဆောင်တာ မြန်မာနိုင်ငံကတော့ အိမ်ထဲမှာ ခေါင်းဆောင်တာ သူရဲဘောကြောင်တဲ့နေရာမှာ နအဖရော အတိုက်အခံတွေရော တူတူပဲ...။ အတိုက်အခံတွေနဲ့ တန်တဲ့ အစိုးရပါပဲ...။

Anonymous said...

မြန်မာအတိုက်အခံခေါင်းဆောင်တွေက လူထုထဲမဆင်းရဲဘူးလို့ မင်းပြောရင် ဒေါ်အောင်ဆန်းစုကြည်ကို ခုလွှတ်ပေးလိုက်ပါလား။ ပြည်ပက အတိုက်အခံကျောင်းသားခေါင်းဆောင်တွေ မြန်မာပြည်ပြန်လာခွင့်ပေးပြီး လွတ်လပ်စွာ စည်းရုံးခွင့် ပေးဖို့ သန်းရွှေဆီမှာ မင်းသွားတောင်းဆိုလိုက်၊ အတိုက်အခံတွေ လူထုနဲ့ အတူ ချီတက်ဖို့ ငါတို့တာဝန်ယူလိုက်မယ်။ နအဖကို သူရဲဘောကြောင်တယ် ပြောရဲတာကိုတော့ လေးစားပါတယ် သယ်ရင်းရာ။