အီရန် မှာ NEDA ဆိုတဲ့ သူရဲကောင်း အမျိုးသမီး ကျဆုံးပြီးနောက် NEDA လို အမျိုးသမီး မြောက်များစွာပေါ်ထွက်လာခဲ့ပါပြီ။ အီရန် မှာ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ လွတ်လပ်မှု နှင့် အမျိုးသမီးအခွင့်အရေးအတွက် အမျိုးသမီးထု ကြီးက ရှေ့ ဆုံးမှ ဆက်လက် ဦးဆောင်ပြီး တိုက်ပွဲဝင်နေသလို၊ သူတို့ရဲ့ တိုက်ပွဲဝင်မှုတွေဟာ ဘာသာရေးကို အရေခြုံပြီး လူအခွင့်အရေး တွေကို ချိုးဖောက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ အာရပ်ကမ္ဘာရှိ အစွန်းရောက်ဘာသာရေး ခေါင်းဆောင်တွေ၊ အာဏာရှင်တွေ ကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့စိမ်ခေါ်လိုက်ပါပြီ။
ဘယ်နိုင်ငံမှာနေနေ၊ ဘယ်ဘာသာ ကို ကိုးကွယ်ကိုးကွယ်။ လူသားအားလုံးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ်၊ လွတ်လပ်မှု၊တရားမျှတမှု လိုလားကြတယ်။ ဘာသာရေးခုတုံးလုပ်ပြီး လူသားတို့ရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် ပြုလုပ်ခြင်း ကို လက်မခံနိုင်တော့ဘူး ဆိုတာကို ပြသလိုက်တာပါပဲ။ ကမ္ဘာမှာ အာဏာရှင်တွေအတွက် နေ၀င်ချိန်ရောက်ဖို့ အစပြိုးလာနေပြီး ဆိုတာပါပဲ။
အာဏာရှင်စံနစ်အောက်မှ လွတ်မြောက်ဖို့ အတွက် အီရန်မှာ အမျိုးသားသူရဲကောင်းတွေ၊ အမျိုးသမီးသူရဲကောင်းတွေ ဘယ်လို ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် ခဲ့သလဲ။ ဒီဓာတ်ပုံတွေကို ကြည့်ပါ။
အလုပ်အကိုင်မရှိ၊ အိမ်ခြေယာခြေမဲ့ အာဏာရှင်လက်ပါးစေ အီရန်ကြံဖွတ်တွေ နှင့် စွမ်းအားရှင် အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အီရန် အမျိုးသမီးတွေ နဲ့ ပြည်သူတွေက တန်ပြန်ခုခံနေပုံများ
No comments :
Post a Comment