Tuesday, 30 June 2009

ကမ္ဘာ့စီးပွားရေးအကျပ်အတည်း အောက်က ထိုင်းနိုင်ငံစီးပွားရေးအခြေအနေ

စက်ရုံပိတ်၍ အလုပ် ရပ်စဲခြင်းခံရမည့် ထိုင်းအလုပ်သမားများ၏ရင်တွင်းခံစားမှုများ

ဘန်ကောက်ပို့စ်သတင်း
-အောင်မိုး/ဂျေရာပွန်သော်မဆင်-

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမုန်ပရာကမ် ရှိ ထိုင်းနိုင်ငံထုတ် ရေကူးဝတ်စုံ နှင့် ခေတ်ပေါ် အ၀တ်အထည်တွေကို ချုပ်လုပ်တဲ့ ထရန့်ပ် ( Triumph) ကုမ္ပဏီ က အလုပ်သမား စုစုပေါင်း ၁၉၃၀ ကို အလုပ် ရပ်စဲမှာ ဖြစ်ကြောင်း တနင်္လာနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာထဲမှာ ရေးသားဖော်ပြထားပါသည်။ စမုန်ပရာကမ် ဘန်းဗီလီ စက်ရုံ ရှိ အလုပ်သမားတွေကို သြဂုတ်လ ၂၈ ရက်နေ့ က စတင်ပြီး အလုပ် ရပ်စဲမှာ ဖြစ်ကြောင်း ကုမ္ပဏီ က ထုတ်ပြန်တဲ့ တရားဝင် ကြေညာချက်ထဲမှာ ပါရှိပါသည်။ ဒါပေမဲ့လည်း အလုပ်သမား ၂၀၀၀ ရှိ ကျန်ရှိသေးတဲ့ Nakhon Sawan စက်ရုံကိုတော့ ဆက်လက် လည်ပတ်သွားမယ်လို့ ဖော်ပြထားတယ်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း နှင့် ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်ခဲ့မှုတွေကြောင့် နိုင်ငံခြားသား ခရီးသွားလာလည်ပတ်မှု ကျဆင်းခဲ့ရခြင်းဟာ ကုမ္ပဏီပစ္စည်းများနိုင်ငံခြားသို့ တင်ပို့မှုနှင့် ပြည်တွင်း ရောင်းအားကို ကျဆင်းစေခဲ့ရကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိ ကုမ္ပဏီ က အလုပ်ရပ်စဲခြင်းခံရတဲ့ အလုပ်သမားတွေဟာ အသက်အရွယ်အားဖြင့် ကြီးသူတွေ ဖြစ်တာကြောင့် အလုပ်အကိုင်သစ်တွေ ထပ်မံရှာဖွေဖို့အခက်အခဲများရှိနေကြောင်း၊ အလုပ်အကိုင်သစ်တွေကို ထပ်မံရရှိနိုင်ဖို့ ထိုင်းအစိုးရအလုပ်အမားဝန်ကြီးဌာန က အတက်နိုင်ဆုံးကျိုးစားသွားမယ်လို့ အလုပ်အမားရေးရာ သက်ဆိုင်ရာ အကြီးအကဲက ပြောဆိုသွားခဲ့တယ်။ အလုပ်ရပ်စဲခြင်းခံရသူတွေ အလုပ်သမားရေးရာဥပဒေ အရ ငွေကြေး ခံစားခွင့်တွေ အပြည့်အ၀ရရှိအောင် စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း နှင့် အလုပ်ရပ်စဲ ခံရခြင်းကြောင့် လျော်ကြေးငွေတွေကို လည်း ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သတင်းစာထဲမှာ ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံမှာ မြန်မာပြည်က လာရောက်လုပ်ကိုင်နေသူ အလုပ်သမား သန်းချီရှိတာကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသော ရွေှ့ပြောင်း အလုပ်သမားများ နှင့် သူတို့ ၏ ရပိုင်ခွင့်တွေကို တောင်းဆိုပေး နေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အတွက် ကတော့ ဒီသတင်းဟာ မကောင်းတဲ့သတင်း၊ စိုးရိမ်ဖွယ်ရာ သတင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

No comments :