Wednesday, 10 June 2009

မုန်တိုင်းမိဒေသများသို့ FAO ကျွဲ နွားလှူဒန်း


-ရီရီ ( ပီကင်း)-
ဆင်ဟွာသတင်း

မြန်မာနိုင်ငံတိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့အစားအစာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့ (FAO) က ကျွဲအကောင် ၃၂၀ ကို ဆိုင်ကလုန် နားဂစ်ဒဏ်သင့် ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လပွတ္တာမြို့နယ် ကျေးရွာ ၈ ရွာကို သို့ လှူဒန်းခဲ့ကြောင်းသိရှိရပါသည်။ ကမ္ဘာ့အစားအစာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့ ( FAO) ရဲ့ သတင်းထုတ်ပြန်ချက်အရ ကျွဲ အကောင် ၁၁၂၀ ၊ ကြက်၊ဘဲ၊၀က် အကောင် ၁၅,၀၀၀ ကို လပွတ္တာမြို့နယ် ကျေးရွာ ၁၆ ရွာကို သို့ လှူဒန်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါသည်။

ဆိုင်ကလုန် နားဂစ်ဒဏ်သင့် ခံခဲ့ရတဲ့ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ ကျိုက်လတ်၊ ကွမ်းခြံကုန်း၊ ကော့မှူး မြို့ နယ်များရှိ ကျေးရွာများသို့ နွားအကောင် ၆၀၀၊ ကြက်၊ဘဲ အကောင်ရေ ၈၀, ၀၀၀ ကို လှူဒန်းခဲ့ကြောင်း နှင့် တရိစ္ဆာန်အစားအစာများ ကိုလည်း ၃ လ စာ ထောက်ပံ့ပေးခဲ့ကြောင်း ကမ္ဘာ့အစားအစာနှင့် လယ်ယာစိုက်ပျိုး ရေး အဖွဲ့ ( FAO) က အတည်ပြုပြောဆိုခဲ့ပါတယ်။

ဆိုင်ကလုန် နားဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄, ၅၃၇ သေဆုံးပြီး၊ ၅၃, ၈၃၆ ပျောက်ဆုံးခဲ့ကာ ၁၉, ၃၅၉ ဒဏ်ရာရခဲ့ကြောင်း မြန်မာစစ်အုပ်စု တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားထဲမှာ ဖော်ပြထားပြီး၊ သန်းနဲ့ ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းသတင်းထဲမှာ ဖော်ပြထားပါသည်။


နအဖ စစ်အုပ်စု ဗိုလ်ချုပ်တွေဟာ လွန်ခဲ့ တဲ့ အနှစ် ၂၀ က မဆလခေတ်က နိုင်ငံတော်ကောင်စီဝင် တွေ ၊ မဆလ ပါတီအကြီးအကဲတွေလို ၀တ်စုံပြည့် ဟန်ရေးပြ လမ်းတကာ လျှောက်သွားပြီး လိုအပ်သည်များကို ညွှန်ကြားနေတဲ့ အချိန်မှာ ၊ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ပံ့ ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တော့ အခုလို လက်တွေ့ ကျကျ အကူအညီပေး နေပါကြောင်း နားဂစ်ဒဏ်ခံခဲ့ရတဲ့ ဒေသများမှာ နေထိုင်နေကြတဲ့ ကျေးရွာသူ၊ ရွာသားများက ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံထုတ် ဆင်ဟွာ သတင်းစာထဲမှာ ဖော်ပြထားပါ တယ်။


မြန်မာနိုင်ငံတိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဌာနရဲ့ ၀န်ထမ်းများရဲ့ အဆိုရ မုန်တိုင်းမိဒေသများမှာ ကျွဲ၊နွားများ ခွာနာလျှာနာ ရောဂါဆိုးရွားစွာခံစားခဲ့ကြရပြီး၊ မနှစ်က မုန်တိုင်းဒဏ်ကြောင့် သေဆုံးမှုမရှိဘဲ ကျန်ရစ်ခဲ့သော ကျွဲ၊နွားများ၏ သုံးပုံ နှစ်ပုံ ခန့် မှာ ခွာနာလျှာနာ ရောဂါများ ဖြစ်ပွားခဲ့တယ်လို့ ဆိုတယ်။ နိုင်ငံတကာ မှ အကူအညီပေးနေသဖြင့်၊ မုန်တိုင်းမိဒေသများမှ တိရိစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရေး၊ ရောဂါ မကူးစက်အောင် ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကြေးသုံးစွဲရန် နှင့် ပျက်ဆီးသွားသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အကူအညီပေးရန် ငွေကြေးသုံးစွဲရန် ဘတ်ဂျက်မရှိဘူးလို့ ဌာနဆိုင်ရာ အကြီးအကဲတစ်ဦး က ပြောဆိုခဲ့ကြောင်း ၀န်ထမ်းများက တဆင့် ကြားသိရပါသည်။ ကျေးရွာတော်တော်များများ မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ကျွဲ ၊ နွားများအထူးလိုအပ်နေကြောင်း၊ ကျန်ရှိနေသေးသော တိရိစ္ဆာန်များကို အကာအကွယ်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံတိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဌာန နှင့် FAO ၀န်ထမ်းများက ပြောဆိုခဲ့ကြတယ်။


မှတ်ချက်။

မြန်မာစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကြပ်ပြေး နားဂစ်ကျော်ဆန်းကတော့ မုန်တိုင်းဒဏ်မှ လွတ်မြောက် လာ တဲ့ နားဂစ်ဒုက္ခသည်တွေကို ဒီနှစ် မိုးရာသီကာလမှာ ဘယ်ပုံ ဘယ်နည်းဖြင့် ဖါးရှာ၊ ငါးရှာနိုင်ဖို့ အတွက် နည်းပညာများကို နေပြည်တော်ကြပ်ပြေးမှတဆင့် လိုအပ်သည်များကို ညွှန်ကြားနေပါကြောင်း နေပြည်က လာတဲ့ သတင်းရပ်ကွက်က ပြောဆိုနေကြပါတယ်။

No comments :