-A. Luo ( ထိုင်ဝမ်)-
၂၀၀၉ ဇွန်လ ၁၉ ရက် ၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ထိုင်ဝမ်နိုင်ငံမှာ အဖွဲ့ပေါင်း ၁၀၀ ကျော်စုပေါင်းပြီး “Free Burma” မြန်မာပြည်လွတ်မြောက်ရေး လို့ အမည်ရတဲ့ တေးဂီတဖျော်ဖြေပွဲကို ပြုလုပ်မယ်လို့ ကျင်းပရေးတာဝန်ခံ အကြီးအကဲ Tsai Ya-ju (蔡雅如) က ထိုင်ဝမ်တိုင်းသတင်းစာ နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ ဒီတေးဂီတဖျော်ဖြေပွဲ ဟာ ထိုင်ဝမ်နိုင်ငံမှာ ပထမဦးဆုံး အဆောက်အဦးတွေရဲ့ ပြင်ပ မှာ လူသိရှင်ကြား ပြုလုပ်မှာ ဖြစ်ပြီး၊ ယခင်တုန်းကတော့ မြန်မာပြည်အတွက် ပြုလုပ်တဲ့ တေးဂီတဖျော်ဖြေပွဲတွေကို အဆောက်အဦးအတွင်းမှာ သာ ပြုလုပ်ခဲ့ကြတယ်။
တေးဂီတဖျော်ဖြေပွဲ ကို ထိုင်ဝမ်နာမည်ကြီးတေးဂီတ အဖွဲ့ များဖြစ်ကြတဲ့ Kou Chou Ching (拷秋勤), StreetVoice, Indulge, Chang Tieh-chih (張鐵志) and Ko Chih-hao (柯志豪) တို့လည်းပါဝင်အားဖြည့် ဖျော်ဖြေကြမယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။ ထိုင်ဝမ်ဟစ်ဟေ့ အဆိုတော်ရှင် Fan Chiang အပါအ၀င် နာမည်ကြီး အဆိုတော်များ လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပြီး မြန်မာပြည် လွတ်မြောက်ရေး အတွက် ရည်စူးပြီး စပ်ဆိုထားကြတဲ့ သီချင်းများကို သီဆိုကြလိမ့်မယ်လို့ သိရပါတယ်။
တေးဂီတဖျော်ဖြေပွဲ ကို ညနေ ရ နာရီမှ ၉ နာရီ အထိ Yonghe City's (永和) Park No. 4 - (the intersection of Jhongan (中安路) and Yongjhen (永貞路) roads near the Yongan Market MRT station) မှာ ကျင်းပ မှာ ဖြစ်ပြီး၊ နာမည်ကြီးထိုင်ဝမ်အဆိုတော်များ၊ တေးဂီတအဖွဲ့များ အခမဲ့ လာရောက် တေးသီချင်းတွေကို လာရောက်သီဆိုကြမှာဖြစ်တယ်လို့ ဂီတဖျော်ဖြေပွဲကို သွားရောက် ကြည့်ရှု့ မည့် ထိုင်ဝမ်ရောက် မြန်မာ ပရိသတ် မစ္စစ် Luo က We Fight We Win ကို ပြောဆိုခဲ့ပါသည်။
မစ္စစ် Luo က “ဒီတေးဂီတဖျော်ဖြေပွဲဟာ မြန်မာပြည် လွတ်မြောက်ရေး၊ မြန်မာပြည်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုင်ဝမ်ပြည်သူများသိရှိအောင် ရည်စူးပြီး ကျင်းပတာကြောင့် ထိုင်ဝမ်ရောက်မြန်မာလူမျိုးများလည်း သွားရောက် အားပေးကြလိမ့်မယ်လို့ “ ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်မှာ မြန်မာပြည်ပေါက် တရုတ်လူမျိုးများ သိန်းနဲ့ချီနေထိုင်နေကြပြီး၊ မြန်မာပြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့ ရာနဲ့ချီရှိကြတယ်လို့ သူမက အတည်ပြု ပြောဆိုသွားပါသည်။
Friday, 19 June 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment