Friday, 3 July 2009

ဘန် ကြီး အခြေအနေမကောင်း

'' ကျနော် လာတဲ့အဓိက ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးဖို့ ဖြစ်ပါတယ်။ ''

ဘန်ကီမွန်း မြန်မာ ပြည်ရောက်နေပြီ။ ဇူလှိုင် ၃ ရက် မှာ ကြပ်ပြေး ကို ရောက်တယ်။ သန်းရွှေ နဲ့ နှစ်နာရီ တွေ့ဆုံဆွေးနွေးတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ကို တွေ့မယ်လို့ ပြောတယ်။ သန်းရွှေက ပေးမတွေ့နိင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က အမှု ကိုရင်ဆိုင်နေရတာ လို့ပြောတယ်။ ဒါကို ဘန် ကီမွန်းက လက်မခံဘူး။ ငါလာတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကိုတွေ့မှ ရမယ်။ ဒါဟာ အရေးကြီး တဲ့ကိစ္စပါလို့ ထပ်မံသတိပေးခဲ့တယ်။ သန်းရွှေ နဲ့ အစည်းဝေး ပြီးပြီးချင်း ဘန်ကီမွန်းက သတင်းတောက်တွေ နဲ့ တွေ့တယ်။ သန်းရွှေ ဆီက အကြောင်းပြန်ကြားမှုရအောင် ငါ စောင့်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ဖို့ သူအရင်ပြောတယ်။ နောက်တော့ နိင်ငံရေးအကျဉ်းသား၂၁၀၀ ဦး ကိုလွှတ်ပေးဖို့ ပြောခဲ့တယ် လို့ဆိုတယ်။

မြန်မာ ပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အရှိန်မြင့်ဖို့ တိုက်တွန်းတယ်။ အခု ဒီသတင်းကို ထုတ်ပြန်ချိန်မှာ ဘန်ကီမွန်းကို သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဖို့ ခွင့်ပြု မပြု စောင့်ဆိုင်း နေတုံးဖြစ်ပါတယ်။ မနက် ဖန် ဘန်ကီမွန် ပြန်ရမှာဖြစ်ပါတယ်။ ပြန်တဲ့အချိန်အထိ ဒေါ်စုကို တွေ့ ခွင့်မရ ဘူးဆိုရင်တော့ သူပြန်လာရမှာဖြစ်ပါတယ်။

တကယ်လို့ တွေ့ခွင့်ရရင် ကုလသမဂ္ဂ အမြင့်ဆုံး အရာရှိက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ ဆုံရပြီလို့ မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

(၀င်းဇော်- နယူးယောက် )

No comments :