Tuesday, 21 July 2009

ဟီလာရီကလင်တန် က နအဖ ကို သတိပေး နေပြီ


အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန် အနေနဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို သတိထားပြီး စောင့်ကြည့်နေ ပြီလို့ ပြောကြားသွားပါတယ်။ မြန်မာ နဲ့မြောက်ကိုးရီးယားဆက်ဆံရေးကိုတော့ သူမက အသေးစိတ်တွေ ကိုတော့မပြောသွားပါဘူး။ မြောက်ကိုးရီယား နဲ့မြန်မာ ဘာတွေကြံစည်နေတယ်လုပ်နေတယ်ဆိုတာ ကိုသူမအစိုးရ အနေနဲ့ သိရှိနေကြောင်း သတိပေး ပြောကြားသွားပါတယ်။ မြန်မာရဲ့ လုပ်ဆောင်ချက်တွေက ဒေသဆိုင်ရာတည်ငြိမ်ရေးနဲ့ အိမ်နီးနားချင်း ထိုင်းနိင်ငံတွေကို ခြိမ်းချောက်မှု ရှိနေပြီလို့ထောက်ပြသွားပါတယ်။ ထိုင်းနိင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ဆိုထားတဲ့ နိင်ငံဖြစ်ပါတယ်လို့လည်း သတိပေးသွားပါတယ်။ ကလင်တန်က ထိုင်းနိင်ငံကို ၃ ရက်အလည်ပတ်ရောက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး မှာ သတင်းထောက်တွေကို မြန်မာ နယူးကလီးယားကလက်နက် ကိစ္စကို ထုတ်ဖေါ်ပြောကြား သွားခဲ့တာဖြစ်ပါတယ်။ အမည်မဖေါ်လိုတဲ့ အမေရိကန် အစိုးရအရာရှိကတော့ မြောက်ကိုရီးယားက ဆီးရီးယား ကို နယူးကလီးယားဓါတ်ပေါင်းဖို တည်ဖို့ အတွက်ကူညီခဲ့ဘူးတယ်။ ဒီစက်ရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ တယ်လို့ ဆိုပါတယ်။ မြန်မာ ကို ကူညီလာရင်လည်း အလားတူဖြစ်ရပ်တွေ ဖြစ်လာနိင်မယ်လို့ ဆိုပါတယ်။

11 comments :

Anonymous said...

ကလင်တန်က သတိပေးရအောင် နအဖက ကလင်တန် သြဇာခံမဟုတ်ဘူးဆိုတာ နားလည်စမ်းပါ...အဲဒီစကားလုံးတွေက အခြားနိုင်ငံမှာသွားပြော...မြန်မာနိုင်ငံကိုလာမပြောနဲ့...

min soe said...

Than Shwe'd better start digging his own graves deeper - I mean bunkers for that matter :-)

The Guided Bomb Unit-28 (GBU-28) can penetrate 100 feet of earth or 20 feet of concrete before exploding. Oh yeah, that was in 1991. Now go figure, how far bombs like that will penetrate.

Anonymous said...

နအဖက ကလင်တန် သြဇာခံမဟုတ်ဘူး၊ တရုတ် သြဇာခံသာ ဖြစ်တယ်။

၁၉၄၅ လောက်က ဂျပန်လဲ အဲလို ဟောင်ဖွာဟောင်ဖွာ အလုပ်ကောင်းလို့  ခပ်မျက်မျက်လေးခံ ပြီးမှ အပိုးကြိုးသွားတာ ဒီနေ့ ထိပဲ။

Anonymous said...

ဟ ဟ အပြောကတော့ ကောင်းပါ့ကွာ.. ကြည့်ကြသေးတာပေါ့။ တကယ်ဖြစ်လာရင် ဘယ်သူတော့ လိုဏ်ခေါင်းထဲ ပိတ်သေမလဲဆိုတာ ကြည့်သေးတာပေါ့။ လစ်ဗျားက ကဒါဖီလည်း အရင်တုန်းကတော့ အဲလိုပဲ။ ခုတော့ လိမ္မာသွားလိုက်တာ... လိမ္မာစမ်းပါ သားတို့ရယ်။ အဖေမခေါ်ချင်ရင်လည်း မခေါ်နဲ့ ... ခေါ်ချင်ရင်လည်း အဖေ မမှားနဲ့ ရုရှားတို့ တရုတ်တို့ အဖေခေါ်ရင်တော့ သမိုင်းကို ပြန်ဖတ်လိုက်ကြအုန်းနော်

Anonymous said...

အင်း .....သန်းရွှေတော့ အစိနဲ့အထိုးခံလိုက်ရပြန်ပြီ။

Unknown said...

ဖြစ်ချင်ဖြစ်သွားနိုင်တာပေါ့ဗျာ..ကိုအနော်နီးမပ်....
......ဒေါကြီးပါပဲလား.....

myochit_myanmar said...

ကိုယ့်နိုင်ငံ မှာ ကိုယ်ဆောက်တာ ဘယ်ကောင်ကို ဂရုစိုက်ရမှာလဲဟ
Us က သူ့ူသဇာ ခံမဟုတ်ရင် သူ့ကို ရန်လုပ်မှာ ကြောက်နေတယ် မြန်မာ သည် ဘယ်နိုင်ငံမှ ကျူးကျော်မှာမဟုတ်ဘူး ...ခေတ်သစ် နယ်ချဲ့ကြီး အမေရိကန်ရ....သူများပြောချင်ရင် ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ပါ ဒေါ် ကလင်တန်ရယ်.....

Anonymous said...

မြန်မာနိုင်ငံကို နူကလီးယား မပိုင်ဆိုင်ချင်ရင် အမေရိကန်ကိုယ်တိုင် နူကလီးယား ဓာတ်ပုံဖိုတွေအကုန်ဖြတ်ပစ်ဖို့ပြောလိုက်ချင်ပါတယ်...ငါလုပ် ရင်အကုန်ကောင်းတယ် အကုန်မှန်တယ် သူများလုပ်ရင် မကောင်းဘူးလို့ပြောနေတာဟာ လူတော့မဟုတ်ဘူး ခွေးပဲဖြစ်မယ်...လွှတ်ချင်တိုင်းလွှတ်နေတဲ့အမေရိကန်ဒုံးပျံတွေ ဘယ်သူကမှမပြောအရေးမယူ...ဟော မြောက်ကိုရီးယားလည်း ဒုံးပျံလေးကိုယ့်နိုင်ငံကိုကာကွယ်ဖို့တွက် လွှတ်ပြန်တော့ နိုင်ငံတကာကိုခြိမ်းခြောက်တယ် စိုးရိမ်ရတယ် လုပ်သေးတယ်...အမေရိကန်က နိုင်ငံတကာကိုမခြိမ်းခြောက်ပါဘူး..နိုင်ငံတကာမှာ အမေရိကန်တပ်တွေပဲထားတာပါ..ဟဲဟဲ...ဘာကြောင့် အမေရိကန်တပ်တွေ ကမ္ဘာအနှံ့ထားနေရတာလဲ..ဒေါ်ကလင်တန် ကိုယ့်မျက်ချည်းကိုမမြင်ပဲ သူများမျက်ချေးပဲမြင်မနေနဲ့..ကလင်တန် မျိုးရိုးပြုတ်သွားအုံးမယ်..

moe hay ko said...

ဘာကြောင့် အမေရိကန်တပ်တွေ ကမ္ဘာအနှံ့ထားနေရတာလဲ..ဆိုတော့..အဖြေကရှင်းရှင်းလေးဘဲ...
ဟဲ..ဒီမှာ...လက်နက်အားကိုးနဲ့ပြည်သူတွေကိုစော်
ကားနေတဲ့အာဏာရှင်တွေကိုနှိပ်နင်းဖို့ဘဲ....အေး..ကိုမဟုတ်ရင်မနာနဲ့....ဟုတ်လား..မဟုတ်လား...ကို့ဖာသာမေးကြည့်....ရှင်းလား

Anonymous said...

ဟေ့ ဒီမှာ အမေရိကန်ဆိုတာ ငပွကြီးခေါ်ခေါ် ကမ္ဘာ့ပုလိပ်ကြီးခေါ်ခေါ် နာမည်ပျက်နေတာ ကြာပါပြီ။ အားလုံးကလည်း လန်ချဉ်လိုဖြစ်နေတာပါ။ ဒါပေမဲ့ မပတ်သက် မဖြစ်လို့ အဆင်ပြေသလို ကြည့်ပေါင်းနေကြတာပေါ့။ အထူးသဖြင့် ကိုယ့်တိုင်းပြည် အကျိုးစီးပွားအတွက် ဒီလိုပဲ ရေလိုက်ငါးလိုက် နေကြတာပဲ။ အမေ၇ိကန်နဲ့ ကမ္ဘာရန် ဗီယက်နမ်တောင် ကွန်မြူနစ်ပဲ ပြောပြော ဘာပြောပြော ခုချိန်မှာ စီးပွားရေးအရတော့ ကန်နဲ့ ပေါင်းနေတာပဲ။ ကွန်မြူနစ်ဆိုပြီး မြောက်ကိုးရီးယားလို တရုတ်တို့ ရုရှားတို့ကို အဖေ မခေါ်ဘူး။ ဗီယက်နမ်ဟာ အာဆီယံလူလည်ဘဲ။ အဲဒီတော့ တိုင်းပြည်တိုးတက်တာပေါ့။ ဒါက ဥပမာပေါ့ကွာ
အမေရိကန်ပြီးတော့ မင်းတို့ ကိုးကွယ်တဲ့ ရုရှားနဲ့ တရုတ်ကို အားကိုးလို့ ဘယ်နိုင်ငံများ ကောင်းစားနေတယ်ဆိုတာ ပြောပါဦးကွာ... တိုးတက်တယ်ဆိုတာလေး ပြောပါဦး မနေ့တနေ့က ကန်က ကျုးကျော်တဲ့ အာဖဂန်ဆိုတာ ရုရှားနွှာထားလို့ မုဆိုးမ မီးလောင်ခံရသလို ဖြစ်နေတာ ကြာလှပေါ့။ တရုတ်ကလည်း အမျိုးချင်းတောင် ထိုင်ဝမ်ကို ခြိမ်းခြောက်လိုက်၊ ဗုဒ္ဓဘာသာ တိဘက်တွေကို နှိပ်ကွပ်လိုက်၊ နောက်ဆုံး ခြေလှမ်းကျဲကျဲနဲ့ ဆူဒန်က ဒါဖာမှာတောင် သွားပြီး လူမိုက်အားပေးလုပ်နေလိုက်သေးတယ်။ အဲဒီတော့ ဆွေမျိုးတော်ချင်ရင် ဘယ်သူ့ကို အဖေခေါ်မလဲဆိုတာ စဉ်းစားပေါ့။
ဒုံးပစ်တာတော့ ရုရှတို့ တရုတ်တို့လည်း ပစ်တာဘဲ။ အင်အားကြီးနိုင်ငံတွေကတော့ လုပ်မှာဘဲ။
ဒါပေမဲ့ စဉ်းစား၇မှာက
နြူးကလီးယားရှိမှ တိုင်းပြည်ကို ကာကွယ်ပြီးသား ဖြစ်မှာလား.... အာဆီယံ ၁၀ နိုင်ငံမှာ ဘယ်တိုင်းပြည်က နြူးကလိယာကို လက်နက်အနေနဲ့ ထုတ်နေပြီလဲ
ပြည်သူတွေကို မီးပေးချင်လို့ နြူးကလိယာ ပညာ ယူရပါတယ်တော့ လုပ်နဲ့လေ.. ကလေးအထာတွေ..မင်းတို့ အခု ပထွေးတော်ချင်နေတဲ့ မြောက်ကိုးရီးယားဆိုတာ နြူးကလိယား အထုတ်ကောင်းတာနဲ့ ခုတော့ မြန်မာပြည်ကတောင် ဆန်ဝယ်စားရတဲ့ ဘ၀ရောက်နေတယ်ဆိုတာ သိရဲ့လား။ မြောက်ကိုးရီးယားက ပြည်သူတစ်သန်းကျော်ဟာ မိုင်းမကြောက် သေနတ်မကြောက် နယ်စပ်ကို ဖြတ်ပြီး တရုတ်နဲ့ တောင်ကိုးရီးယားကို ဘာလို့ ထွက်ပြေးနေကြတာတုန်း အမျိုးမချစ်လို့တော့ ရယ်စရာမပြောနဲ့ကွာ.. တိုင်းပြည်အတွက် တိုးတက်ဖို့က အရေးကြီးလား နြူးကလီးယားက အရေးကြီးလားဆိုတာ စာသင်ဖူးရင် မင်းတို့သိကြမှာပါ။
ကလင်တန်မျိုးဆက်တော့ ပြုတ်မပြုတ် မသိဘူးဗျ. ဘယ်သူ့ကိုမှ ထီမထင်တဲ့ ဦးနေ၀င်းမျိုးဆက်တော့ ပြည်သူ့မေတ္တာစူးပြီး သမိုင်းကွေးသွားလိုက်တာ သမက်ရော သမီးရော အချစ်ဆုံး မြေး ၃ ယောက်ပါ မျိုးကန်းသွားလေရဲ့.... သမိုင်းသတ်တာ ခံရမယ် သတိထားကြဟေ့ ကြည့်လည်းလုပ်ကြ... တိုင်းပြည်က စီးပွားရေး ချွတ်ခြုံကျတဲ့ နူနေရတဲ့ ကြားထဲ နြူးကလီးယားဝဲ ထပ်စွဲလိုက်ရင် မင်းတို့ပါ မျိုးကန်းကုန်အုန်းမယ်။ ပြေးတဲ့သူလည်း ပြေးကုန်ပြီတဲ့နော်... ပတ်စ်ပို့တ်ရုံးမှာ ဖမ်းလိုက်တာ တန်းစီနေတယ်ဆိုပဲ... ဟုတ်မယ်ထင်ရင်တော့ လုပ်ကြဟေ့....

Anonymous said...

မင်းတို့ နအဖ တွေ ခုတလော တော်တော်ပြာနေပုံဘဲ..ကိုမိုးသီး ဆိုဒ်ထဲ ၀င်လာပြီး ဟိုရေး ဒီရေး တောင် အချိန်ကုန်ခံပြီးလုပ်လာကြတယ်..ဘာဘဲ ဖြစ်ဖြစ် မင်းတို့တခုခုတော့ ပြာနေတာ ငါတို့သိနေတယ်... အချိန်က ဆုံးဖြတ်သွားပါလိမ့်မယ်..သံသရာ နဲ့ ၀ဌ်ကြွေးဆိုတာလဲ ရှိသေးတယ်..မင်းတို့ ဗိုလ်ခင်ညွန့်ဘဲ ဥပမာ ယူပေါ့ကွာ..။ သန်းရွှေလဲ အနှေးနဲ့အမြန် ဘဲ... နေ၀င်းရော ဘယ်လောက်ကောင်းစားသွားလို့လဲ..အာဏာရှင် ဆိုတာ တနေ့ရွှေ..တနေ့ငွေ ပါ...အလှည့်ကျ မနွဲ့စတမ်းပေါ... သနားတယ် ဆိုတာ ထက် ဂရုဏာ ပိုသက်မိပါတယ် သန်းရွှေလုပ်စီးတို့ရယ်