Thursday, 23 July 2009

ဘန်ကီမွန်း နဲ့ ဟယ်လာရီ ကလင်တန် တို့ ဒေါ်စုကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထား ခြင်း ကို သုံး သပ်ချက်


ဇော်ဝင်း ( နယူးယောက်)


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် အမေရိကန် က မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုတ်နှံမှုလုပ်မယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် ကပြောပါတယ် ။ ထိုင်းနိုင်ငံ ဖူးခတ်ကျွန်းမှာ ကျင်းပတဲ့ အာဆီယံ နဲ့ ဆွေးနွေးဘက် နိုင်ငံများ အစည်းအဝေးကြီး မကျင်းပမီ တရက်မှာ မစ္စက် ကလင်တန် က ပြောခဲ့တာ ဖြစ်ပါတယ် ။

အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် အပါအဝင် ကမ္ဘာ့လူသားတွေ မြန်မာနိုင်ငံသားတွေ အတွက် အရေးပါတဲ့ ပုဂ္ဂိုလ် ပါလို့ ထင်ဟပ်စေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည်သူလူထု တရပ်လုံးအတွက် နိုင်ငံရေးအဆုံးအဖြတ် ပေးနိုင်တဲ့သူ လဲ ဖြစ်ပါတယ် ။ ဥပဒေ အရပြောရင် ၁၉၉၀ ပါတီစုံ အထွေထွေ ရွေး ကောက်ပွဲအရ အနိုင်ရပါတီ ရဲ့ လွှတ်တော်ခေါ် အစိုးရ ဖွဲ့နိုင်သူ တရားဝင်နိုင်ငံ့ ခေါင်းဆောင် လဲဖြစ်တယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို ဖုန်းကြီးတွေ စစ်သားတွေ တိုင်းရင်းသားတွေ ကျောင်းသားတွေ အလုပ်သမား လယ်သမားတွေ က ပုံပြီး ယုံ ပါတယ်။ ပြည်သူဖက်တော်သား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေး သမာဓိ သီလ သိတ်ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ရိုးသားဖြူစင်သူဖြစ်တယ် ။ တတိုင်းပြည်လုံး အကျိုးကို သူမ အမြဲ ကြည့် တယ် ။ သူမကိုယ်ကျိုးကို လုံးဝ မကြည့်ဘူး ။ မြန်မာ့တပ်မတော် ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီိးကောင်း တဦး အဖေ့ သမီး သိတ်ပီသတယ်။ မြန်မာနိုင်ငံရေး ငြိမ်းချမ်း စွာ ပြောင်းလဲ ဖို့ အကြမ်းမဖက် အနုနည်း လမ်းစဉ် (အကြမ်းဖက်သူတွေ ကို မေတ္တာ ထား တဲ့ ဗုဒ္ဓ လမ်းစဉ်) ကို တသက်လုံး ကိုင်စွဲသူ ပြစ်တယ် ။

စစ်အစိုးရကြောင့် မြန်မာပြည် ဟာ ရစရာမရှိအောင် စုတ်ပြတ်နေပါပြိ ။ မြန်မာပြည်သူလူထု တွေ လဲ နေ့တဒူဝ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ခံစားနေကြရတယ် ။ ကမ္ဘာကလဲ မြန်မာနိုင်ငံ ပြောင်းလဲရေး ကို မြင်ချင်နေပါပီ ။

သန်းရွှေ ဆီက ဘာမှတော့မရလာဘူး - ဒါပေမဲ့ သန်းရွှေ ဘာလုပ်ရမလဲဆိုတာကိုတော့ ကျနော် ပြောခဲ့တယ်။


မြန်မာနိုင်ငံ ကို စီးပွါးရေး ပိတ်ဆို့ တာ ဒေါ်စု ကြောင့် မဟုတ်ပါဘူး ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြောင့် မဟုတ်ပါဘူး ။ ဘိုချုပ်သန်းရွှေ နဲ့ စစ်အာဏာရှင် တစု ရဲ့ မတော်မတ္တရား လူမိုက်ဆန်ဆန် ငါတကော ကောကြလို့ ကမ္ဘာက မြန်မာ့အရေး ကို သူတို့ ပါလီမန် ထဲ ထည့်ဆွေးနွေးတာ ဥပဒေ ပြု ပြိး တားမြစ်တာ လုပ်လာရတာပါ ။

အမေရိကန် စီးပွါးရေး ပိတ်ဆို့ မှူဟာ ၁၉၉၇ ခုနှစ် မေ လ ၂၀ ရက် မှာ သမ္မတကြီး ကလင်တန် က စတင် လက် မှတ်ထိုးတားမြစ် ခဲ့ပါတယ် ။ သမ္မတကြီး ကလင်တန် စီးပွါးရေး ပိတ်ဆို့တာ ရင်းနှီးမြှုတ်နှံ မှု အသစ်တွေကိုပဲ ထပ်မလုပ်ဖို့ ပဲ တားမြစ်ခဲ့တာပါ ၊ဒီမှာကြည့် နိင်ပါတယ်။ ( http://en.wikisource.org/wiki/Executive_Order_13047 ။ ) အဲဒီတုန်းက ဘာလို့ ပိက်ဆို့ ခဲ့ရသလဲ ဆိုတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကို စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့လို့ ပါလို့ အိမ်ဖြူတော် ရဲ့ ကြေငြာချက် မှာ အတိအလင်း ဖော်ပြပါရှိပါတယ် ။

အမေရိကန် စီးပွါးရေး ပိတ်ဆို့ မှူ အပြည့်အစုံ အရေးယူ ခဲ့ရတာကတော့ သမ္မတကြီး ဂျော့ရှ် ဘုရှ် က လက် မှတ်ထိုးတားမြစ် ခဲ့ပါတယ် ။ ၂၀၀၃ ခုနှစ် ဂျွန်လ ၄ ရက်မှာ ရေးထိုး ခဲ့တာပါ ။ မြန်မာ့လွတ်မြောက်ရေး နဲ့ ဒီမိုကရေစီ ဥပဒေ ၂၀၀၃ ( ကြည့် - http://www.theorator.com/bills108/hr2330.html ) လို့ ခေါ်ဆိုပါတယ် ။ အရေးယူ ခဲ့ရ တဲ့ အဓိက အကြောင်းရင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ စိုးဝင်း တို့ အထက် မြန်မာပြည် ဒီပဲယင်းမြို့ အနိး ကျည်ရွာ မှာ လုပ်ကြံသတ်ဖြတ် ခဲ့ တဲ့ အရေးအခင်း ဖြစ်စဉ်ပါ ။ ဒေါ်အောင်ဆန်းစုကြည် ကံကောင်းလို့ မသေခဲ့တာ ဖြစ်ပါတယ် ။ နှစ်ထောင့်သုံး ဒီပဲယင်း မှာ စစ်အစိုးရက အတိုက်အခံ ဒီမိုကရေစီ လိုလားသူတွေ သေကျေကြရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်ကြီးသူရ ဦးတင်ဦး တို့က မျက်မြင်သက်သေ တွေ လဲ ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ကြံသူ အမိန့်ပေးသူဟာ သန်းရွှေ ဖြစ်ပါတယ် ။ အကြမ်းဖက်လုပ်ကြံသူ တရားခံ သန်းရွှေက ထောင်မကျဘဲ လုပ်ကြံခံရသူ တရားလိုက နှစ်ထောင့်သုံး က နေ နှစ်ထောင့်ကိုး အထိ နေအိမ်အကျယ်ချုပ် အပြစ်ပေးခံခဲ့ရ ပါတယ်။ နှစ်ပြည့်ပြန်တော့ မဖိတ်ထားတဲ့အိမ်ထဲ ခိုးဝင်တဲ ဧည့်သည်ရက်တော သူမအိမ် လာလယ် မှုက အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ပို့ ထား ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် က ထောင်မချ ခံရသေး ဘဲ ထောင်ကျခံ နေရပါပြီ။

ဥပဒေမဲ့ ပေါက်တတ်ကရ လုပ်လေ့ ရှိတဲ့ သန်းရွှေ က တရားဥပဒေ စကား သိတ်ပြောလေ့ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း က ပြီးခဲ့တဲ့ ရက်က မြန်မာပြည် လာပြီး သန်းရွှေ ကို တွေ့ဆုံ ခဲ့ပါတယ် ။ ထောင်ထဲပို့ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို သူတွေ့ပါရစေ အရေးကြီးပါတယ် လို့ လူချင်း နှစ်ကြိမ် တွေ့ ပြီး တောင်းဆိုတာ ကို သန်းရွှေ ငြင်း ပုံက " ဒေါ်အောင်ဆန်းစုကြည် က တရားဥပဒေ ရင်ဆိုင် နေရလို့ တွေ့ခွင့်မပြုနိုင်ပါ" တဲ့ ဗျာ။ မစ္စတာ ဘန်ကီမွန်း ကတော့ သူ သန်းရွှေ ဆီ က ဘာမှ ရ လာတာ မဟုတ်ဘဲ သန်းရွှေ ဘာတွေ လုပ်ရမယ်ဆိုတာ ကို သူချန်ထားရစ်ခဲ့ တယ် ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို အစီရင်ခံ တင်ပြခဲ့ပြီး သန်းရွှေ ကို သတိပေးခဲ့ ပါပြီ။

မစ္စက် ကလင်တန် က သူမ ပြောတာဟာ မြန်မာခေါင်းဆောင် သန်းရွှေ အတွက် အခွင့်အရေး တရပ် လို့ ဆိုပါတယ် ။ အခွင့်အရေးအားလုံးဟာ သန်းရွှေ အပေါ်မှာ မူတည် ပါတယ်လို့ မစ္စက် ကလင်တန် က ဗြောင်ပြောပီး ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ် ။



ဘယ်သူသေသေ ငတေမာရင်ပြီးရော ဗိုလ်ချုပ်များ

ဟယ်လာရီပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရင် အမေရိကန် စိးပွါးရေးပိတ်ဆို့မှု ရုတ်သိမ်းပေးမယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ္ဘာ့ကုလသမဂ္ဂ ကြီး ကကြိုးပမ်းတောင်းဆိုမှု တွေဟာ နအဖ စစ်အာဏာပိုင် ဘိုချုပ်သန်းရွှေ ရဲ့ ဆုံးဖြတ်ချက်အပေါ် လုံးလုံး မူတည်နေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဟာ မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တွေအားလုံးနဲ့ပါဆက်စပ် နေပါကြောင်း သုံးသပ်မိပါတယ်။



ဇော်ဝင်း (နယူးယောက်)

5 comments :

nagarni2009 said...

အားလုံးအတွက် ကောင်းပါတယ် အားလုံးဆိုတာေ၇ဒိယို
နားမထောင် ၀ံ့တဲ့ မြန်မာတွေပါ။ဆက်တာလိုက်တို့ /
အင်တာနက်ဆိုတာ အဝေးကြီးပါ။
အမေရိကန်တကယ်လုပ်၇င် မြန်မာဒီမိုကေ၇စီအရေးတွင်
မက အမျိုးသားလွတ်မြောက်ချမ်းသာရေးအစစ် ရနိုင်တယ
ဒါပေမဲ့ Jimmy Yang ထွန်းမြင့်နိုင်တို့လို တ၇ုတ်သံစုံ
တီးဝိုင်းကြီးတွေက တေးသွားတွေအလိုက် ကကွက်ကျကျ
လိုက်ကနေတဲ့ ဓါတ်ပုံထဲက တရုတ်ကပြားဗိုလ်ချုပ်ကြီး
တွေကို အမေရိကန်မွေးထားတာ မြန်မာ့တပ်မတော်
ထဲမှာ ကြာပီမို့ ကျွန်တော်တို့အားလုံး အမေ၇ိကားကို
ပြောင်းနေဖို့ နေစဉ် ဒီဗီလော်ထ၇ိတင်ပါတယ် မပေါက်သေးဘူး ကိုမိုးသီးရေ့
တောင်ငူ ပျဉ်းမနား ၃၈ မျဉ်းပြိုင်တစ်ခုပေါါ်လာဖို့ဘဲ
၇ှိနေတာ ပထမ မျဉ်းပြိုင်က ကိုးရီးယား နောက်အနှစ် ၂၀ ကျတော့ ဗီယက်နမ် နောက်အနှစ် ၃၀ ကျတော့
မြောက်မြန်မာနဲ့တောင် မြန်မာ ဖြစ်တော့မယ်လေ
အားလုံးရဲ့ ဇာတ်ဆရာက အမေရိကန်မို့လို့
ဟီလာရီက သူပြန်လာပြီ လို့ စအော်ပြီး အာဆီယံ
ကို ၀င်လာတာပေါ့ ကိုမိုးသီးရေ့
တကယ်တော့ တရုတ်အဖြူနဲ့အနီ မပဋာ ဇာတ်မှာ မြန်မာပြည်သား လူမွဲတွေ မြေဇာပင်ဖြစ်ကုန်ပါပြိဗျာ
အမေရိကန်မြေတောင်မြှောက်ပေးခဲ့တဲ့
တ၇ုတ်ဖြူတွေ က ဗမာ့တပ်မတော်တပ်ချုပ်ကြီးနားတောင်ေ၇ာက်ကုန်ပြီ
နောက် ၇က်၂၀၀လောက်ဆို သူတို့သိမ်းတော့မယ်လေ
ကိုမိုးသီးမြင်မယ်ထင်ပါ့
ဇာတ်ဆရာကြီးပြန်ဝင်လာမှ ၇န်ကြီေးအာင်နဲ့ဘု၇င့်နောင်စစ်ဆင်ရေးကြောင့်မုဆိုးမဖြစ်လာရသူတွေ
တစ်ကြော့ပြန် လျှော်ကြေးရမယ်လေ
ဇာတ်ဆရာကြီးက သံဃာခေါင်းကို၇ိုက်ခွဲရဲတဲ့ စစ်ဗိုလ်လူတန်းစားသစ်ကိုမွေးထုတ်ပေးခဲ့တာကို
မမေ့ပါနဲ့ ဇာတ်ဆရာကြိးကိုယ်တိုယ် ဗမာ့တပ်မတော်ထဲက မျိုးမစစ်တွေ သူ့တပည့်တွေကို
ဆွဲထုတ်ပြိးသတ်ပြမှ ကျွန်တော်တို့ယုံတော့မယ်ဗျာ
ကိုဟင်

Anonymous said...

ကောင်းလိုက်တဲ့ သုံးသပ်ချက်...ကိုယ့်ဘက်ကိုပြန်ရပ်နေပါလား...ဘာမှ လည်းအနှစ်သာရလည်းမရှိဘူး...ဒေါ်စုကြည် ရဲ့လုပ်ဆောင်ချက်တွေက လုံးဝအမှန်တွေကြည့်ပါလား...မြတ်စွာဘုရားတောင် သူ့ရဲ့ကျင့်စဉ်တွေကိုမှားလို့ပြန်ပြင်ပြီးကျင့်ခဲရသေးတယ်...ဒေါ်စု ကြည်လုပ်သမျှ အကုန်မှန်တယ်ဆိုပြီး မျက်စိမှိတ်ထောက်ခံနေတယ် အံသြစရာပါပဲ...ဒီပဲယင်းရဲ့ဖြစ်ရပ်မှန်မှာ အစိုးရဖန်တီးမှုကြောင့်မဟုတ်သည်ကို အောက်မှာတွေ့ရှိရမည်-
ဒီပဲယင်း အရေးအခင်း ပေါ်ပေါက်လာမှုမှာလည်း အစိုးရ၏ ဖန်တီးမှုကြောင့် မဟုတ်ဘဲ ဒေါ်စုကြည်နှင့် NLD ပါတီဝင်များ၏ ပြဿနာကို မီးထိုးရှာခြင်းမှ အစပြု ပေါ်ပေါက်လာရခြင်းသာ ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဒေါ်စုကြည်၏ သဘောထား ရပ်တည်ချက်များ မှန်ကန်တည့်မတ် လာစေရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ၆.၅.၂၀၀၂ ရက်နေ့တွင် တားဆီးမိန့် ရုပ်သိမ်းပေးခဲ့သည်။ ဤကဲ့သို့ တားဆီးမိန့် ရုပ်သိမ်းပေးခဲ့သည့်အပြင် နိုင်ငံအတွင်းရှိ နယ်မြေဒေသများသို့ စည်းရုံးရေးခရီးစဉ်များ သွားလာခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ခရီးစဉ်များ ရေးဆွဲခြင်း၊ ဖွင့်လှစ်မည့် မြို့နယ်ရုံးများ စာရင်းကို ကြိုတင် ညှိနှိုင်းခြင်းများ ပြုလုပ်ပေးခဲ့သည်။
ထို့ကြောင့် ၂၀၀၂ ခုနှစ်၊ ဇွန်လမှ ၂၀၀၃ ခုနှစ်၊ ဧပြီလ ကာလအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်တို့မှ မြို့နယ်ပေါင်း ၉၅ မြို့နယ်သို့ သွားရောက်နိုင်ခဲ့ပြီး၊ သွားရောက်သည့် နေရာတိုင်းတွင် နိုင်ငံတော် ဖွံဖြိုးတိုးတက်နေမှု အခြေအနေများအား လေ့လာခွင့် ပြုရုံမျှမက တာဝန်ရှိသူများကပင် အလေးထား ရှင်းလင်းတင်ပြမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
သို့သော် ဒေါ်စုကြည်သည် ချင်းပြည်နယ် ခရီးစဉ်မှစ၍ ညဘက်ခရီးသွားခြင်း၊ အခြေအနေကို ရှုပ်ထွေးအောင် ဆောင်ရွက် ခြင်း၊ လူစုလူဝေးများအား နိုင်ငံတော်အပေါ် ဝေဖန် ပုတ်ခတ်သည့်စကားများ ပြောကြားခြင်း၊ သူမနှင့် အတူလိုက်ပါလာသည့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု့သူများကို ရန်ရှာခြင်း စသည့်ဆူပူမှုကို ဦးတည်စေနိုင်သည့် လုပ်ရပ်များ စတင်ပြုလုပ် လာခဲ့သည်။
၆.၅.၀၃ ရက်နေ့တွင် စတင်သည့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ခရီးစဉ်တွင် သူမနှင့် လိုက်ပါလာသူများ၊ နယ်မြေခံ ပါတီဝင်များမှ ကားများ၊ ဆိုင်ကယ်များကို စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်း၊ ကြွေးကြော်သံများ ဟစ်အော်ခြင်း၊ အခြား အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ရန်စခြင်း၊ ပြည်သူလူထုနှင့် ခိုက်ရန်ဖြစ်ပွားခြင်း စသည့် မင်းမဲ့စရိုက်ဆန်သော အပြုအမူု များကို ခရီးစဉ်တစ်လျှောက် ပြုမူဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို သည်းမခံနိုင်တော့သော ဒေသခံ ပြည်သူများက တုံ့ပြန်ရာမှ ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ အမှန်စင်စစ် အစိုးရနှင့် နည်းနည်းလေးမျှ မသက်ဆိုင်။ ဒေါ်စုကြည်နှင့် ပြည်သူများအကြား ဖြစ်ပွားသော ပြဿနာရပ်များသာ ဖြစ်သည်။ ဤသည်ကို အစိုးရအပေါ် တစ်ဖက်သတ် အပြစ်ပုံချနေခြင်းမှာ တရားမျှတမှု မရှိလှပေ။

Anonymous said...

ယင်းဖြစ်စဉ်ကို ဒီပဲယင်းအရေးအခင်းအဖြစ် ပုံကြီးချဲ့ကာ နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးပမ်း အားထုတ်မှုများလည်း ရှိခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေဖြင့် အဖြစ်မှန်များကို ဖော်ထုတ်ချပြ ရှင်းလင်းပြီး ချေဖျက်ခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံရေး လှုပ်ရှားမှုများ အမြဲရှင်သန်နေအောင် တိုက်ပွဲဆင်နေရမည်ဆိုသည့် အာဏာဖီဆန်ရေး အယူအဆဖြင့် အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်ပြီး လူထုဆူပူ အုံကြွမှုဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် ဒေါ်စုကြည်အား ၃၀.၅.၂၀၀၃ ရက်နေ့မှစ၍ နေအိမ်တွင် တားဆီးကန့်သတ်မှု ပြန်လည် ပြုလုပ်ခဲ့ရသည်။
ဒေါ်စုကြည်အား နေအိမ်တွင် တားဆီးကန့်သတ်မှု ပြုလုပ်ထားသော်လည်း NLD ပါတီသည် မြေပေါ်မြေအောက်၊ ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက်အင်အားစုများ၊ ပြည်ပမီဒီယာများနှင့် ချိတ်ဆက်ပြီး ကောလဟလများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံဖန်တီး ထားသည့် သတင်းများထုတ်ပြန်ခြင်း၊ လူထုအကြည်ညိုပျက်စေမည့် စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်၍ ၀ါဒဖြန့်ချီခြင်းများ ပြုလုပ် လျက်ရှိပြီး၊ အခြားတစ်ဖက်မှလည်း အကြမ်းဖက် အဖျက်လုပ်ရပ်များ၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေမည့် လူထုဆူပူအုံကြွ လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေရန် အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
တပ်မတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တစ်စိတ်တစ်ဝမ်း တည်း လက်တွဲ ထူထောင်သွားနိုင်ရေးအတွက် NLD ပါတီနှင့် ဒေါ်စုကြည်အား အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းပြီး အသိ အမှတ်ပြု ကမ်းလှမ်းခဲ့သော်လည်း NLD နှင့် ဒေါ်စုကြည်ဘက်မှ အပြန်အလှန် အသိအမှတ်ပြု ဆောင်ရွက်နိုင်မှု လုံးဝ မရှိခဲ့သည့် အတွက် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် အလှမ်းဝေးကွာခဲ့ရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဆောင်းပါးရှင် ကိုရှေ့နေ ဖော်ပြထားသည့် စစ်အစိုးရ၏ ဒေါ်စုကြည်အပေါ် တရားစီရင်ရေး အသုံးချမှု ဆိုသည်မှာ လုံးဝ မှားယွင်းနေသော ဖော်ပြချက်များသာ ဖြစ်သည်။ ဖြစ်စဉ်အမှန်မှာ ဒေါ်စုကြည် မွှေးသမျှမီး၊ ဒေါ်စုကြည်ရှို့၍ လောင်ကျွမ်း မည့် နိုင်ငံရေးမီး၊ မြန်မာပြည်တွင်း ပြန့်ပွား လောင်ကျွမ်းမှုမျိုး မဖြစ်ပွားစေရန် အစိုးရက လိုက်လံငြှိမ်းသတ် ပေးနေရခြင်း များသာ ဖြစ်ပါတော့သည်။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်များမှန်မမှန်ကို သုံးသပ်ဖို့ ယနေ့ထက်ထိ အခွင့်မပေးသူမှာ န၀တ၊နအဖ ဗိုလ်ချုပ်များသာ ဖြစ်ပါတယ်..ဒေါ်စု ခမျာ အခွင့်အရေး မရရှာပါ..ဒေါ်စု မှားနေသည်များ ရှိနေကောင်း ရှိနေပါလိမ့်မည်..သို့သော် နအဖ တို့ မှားနေသည် မှာ လယ်ပြင်၌ဆင်သွား သလို ဘွားဘွားကြီးပေါ်လျှက်..ထို့ကြောင့် ဒေါ်စု မှန်မမှန်သိရအောင် အခွင့်ပေးဖို့ နအဖ တို့ဆက်မမှားကြပါနှင့်ဟု

Anonymous said...

ဟေ့လူတွေ မြန်မာ့အလင်းနဲ့ ကြေးမုံထဲက စာသားတွေကို ကော်ပီလုပ်ပြီး လာမရေးနဲ့ စာမျက်နှာပုပ်တယ် ဟား ဟား...မင်းတို့ရော အဲဒီအချိန်တုန်းက အဲဒီနေရာမှာရှိလို့လား .. ဒီပဲယင်း ကိုယ်တွေ့ကြုံရသူတွေရဲ့ စကားတွေကို နားထောင်လိုက်အုန်း။ မေးမြန်းလိုက်အုန်း..

အော် ခုတလော ကိုမိုးသီးဆိုက်လည်း ခွေးတော်တော် ၀င်တာပဲ။ ဂျပုကျော်ဆန်းတော့ မျက်စိကျနေပြီမှတ်တယ်။ ဟား ဟား ကိုမိုးသီးရေ ခများတော့ ဆုရတော့မယ် ထင်တယ်