ဇော်ဝင်း-နယူးယောက်
အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးသို့ သောကြာနေ့တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေများနှင့် ဆွေးနွေးရန် အထူးတရားရုံးစစ်ဆေးမည့် တရက်အလို စစ်အစိုးရက ခွင့်ပြုလိုက်သည် ။ မြန်မာစစ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဗုဒ္ဒဟူး နေ့အထိ သူမ၏ ရှေ့နေများ နှင့် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံဆွေးနွေးရန် ခွင့်မပြုခဲ့ပေ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ အမှုကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စတင်စစ်ဆေးနေသော အင်းစိန်ထောင်ရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက နှစ်ဖက် နောက်ဆုံးလျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။
"နောက်ဆုံးလျှောက်လဲချက် မူကြမ်း မှာ စာမျက်နှာ ၂၃ မျက်နှာ ပါရှိပြီး ရှေ့နေများ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အချိန် နှစ်နာရီကျော်ကြာ အချိန်ယူဆွေးနွေးညှိနှိုင်းရမည်ြ
အသက် ၆၄ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ဖြင့် မတရား ရုံးတင် တရားစွဲဆိုခံရမှု မှာ မဖိတ်ကြားဘဲ ဒေါ်စုအိမ်ထဲလျှို့ဝှက်ရေကူးကာ ခိုးဝင်ရောက်သူ အမေရိကန်နိုင်ငံသား အား သူမအိမ်ထဲနှစ်ရက် နေထိုင်ခွင့် ပြုခဲ့မှု အဖြစ် စစ်အစိုးရ မှ ထောင်ထဲပို့ကာ မတ္တရား စွတ်စွဲထားခြင်းပါသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မတရားကျခံခဲ့ရသည်မှာ လွန်ခဲ့သော အနှစ် နှစ်ဆယ် အတွင်း ၁၄ နှစ်နီးပါး ကျခံခဲ့ရပါသည်။ ယခုလည်း အင်းစိန်ထောင်ထဲ ပို့ကာ မတ္တရားဖမ်းဆီး ချုပ်နှောင်ထားသည့်အပြင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ဟူသော မတ္တရား စွတ်စွဲချက်ဖြင့် ၅ နှစ်နိးပါး မတ္တရားချုပ်နှောင် ရန် စစ်အစိုးရ က ပြင်ဆင်နေပြီ ဖြစ်ပါသည်။
ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ နှင့် တွေ့ခွင့်ရ ပြီး နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား ဆွေးနွေးရန် မြန်မာစစ်အာဏာပိုင်တွေက ခွင့်ပြုလိုက်ခြင်း မှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် ဆွေးနွေးဘက်နိုင်ငံများမှ အမေရိကန် အီးယူ ခေါင်းဆောင်များ ဒေသတွင်း လုံခြုံရေးကွန်ဖရင့်တခုကို ကျင်းပနေစဉ် မြန်မာစစ်အစိုးရကိုယ်စလှယ် အား ဝေဖန်စရာ များ လျှော့ချစေရန် ရည်ရွယ်ပုံရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံသူများနှင့် ဝေဖန်အကဲခတ်သူများကမူ ယခုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်ချမှတ်၍ ဆက်လက်ချုပ်နှောင်ထားရေးအတွက် ရမယ်ရှာ စွဲဆိုခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။ သို့မှသာ နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ရှိမည်ဖြစ်သည်ဟု ဆိုသည်။
လျှို့ဝှက်ရေကူးကာ ဒေါ်စုအိမ်ထဲ ခိုးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဝီလျှမ်ရက်တော ကတော့ တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမည့်အကြောင်း သူအိပ်မက်မက် ၍ လာသတိပေးပါကြောင်း သူအပြစ်မရှိပါကြောင်းလျှောက်ထား ခဲ့ပါသည်။
No comments :
Post a Comment