Tuesday 14 July 2009

နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့် ကို ကျယ်ကျယ်မပြောဝံ့သေးတဲ့ နအဖ

နအဖကနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပါမယ်လို့ ဘန်ကီမွန်းကို ကတိပေးလိုက်တယ်။ ဘန်ကီမွန်းကတော့ ဘယ်တော့လွတ်မှာလည်း ဘယ်သူတွေပါမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရော ပါမှာလားဆိုတာကို မရှင်းဘူးလို့ လုံခြုံရေးကောင်စီကို အစီရင်ခံစာတင်ထားတယ်။ လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ သန်းဆွေက လွတ်ပေးပါမယ်လို့  ဆင်ခြေပေးနေတယ်။ ဒီသတင်းကိုနိုင်ငံတကာက သိပ်မယုံလှဘူး။ ရိုးသားမှုရှိတယ်ဆိုရင် ဒီသတင်းကို နအဖ အာ ဘော်သတင်းစာတွေမှာထုတ်ပြန်မှုမရှိပဲ ဘီဘီစီသတင်းကို ပြန်လည်ကိုးကား ပြီး ပြည်ထဲရေးဝန်ကြီး မောင်ဦး ရဲ့ အာဘော်သတင်းစာဖြစ်တဲ့  ကြေးမုံonlineသတင်းစာမှာ ခုလိုဖေါ်ပြထားတယ်။ ---- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်နှင့်အညီ 2010 ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ထိန်းသိမ်းခံနိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးရန် မြန်မာနိုင်ငံအစိုးရက စီစဉ်နေကြောင်းသိရသည်။ ယင်းသို့ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးမည့် အစီအစဉ်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက လုံခြုံရေး ကောင်စီတွင် ယမန်နေ့က ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ (ဘီဘီစီ)(၁၄၊ ၇၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ http://www.kyaymon.co.cc/
ဒီ အခြေအနေကိုကြည့်ခြင်းအားဖြင့် နိင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးပါမယ် လို့  ဘန်ကီမွန်းကို ပေးလိုက်ရတဲ့ကတိကို နအဖ ကျယ်ကျယ် မပြောဝံ့ ဘူးဆိုတာ ထင်ရှားနေတယ်။

No comments :