Wednesday 22 July 2009

မြန်မာ တွေကို ဘိုးဘိုးအောင် မပြီ ။ ဒေါ်စုကိုလွှတ်ပေးရင် တပြည်လုံး အကျိုးရှိမယ်။ သန်းရွှေ ခေါင်းမာ နေလို့ အကျိုးမရှိ။

ဟီလာရီကလင်တန်က က သန်းရွှေ ကို ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့ တောင်းဆို တယ်။ လွတ်ပေးမယ်ဆို ရင် ရင်းနှီးမြုပ်နှံမှုတွေလုပ်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါ တယ်။ ဒါဟာ စီးပွားရေးပိတ်စို့ မှုကိုရုတ်သိမ်းပေးမယ်ဆိုတဲ့ သဘောပဲ။

ဒါဟာ တကယ်ကိုအခွင့်အလမ်းကောင်းတခုလို့ ပြောချင်ပါတယ်။ ဒီအခွင့်အလမ်း ကောင်းကို နအဖ အနေနဲ့ ယူသင့် ပါတယ်။

တိုင်းပြည်နဲ့ လူထုအကျိုးစီးပွား နောက်ဆုံးတပ်မတော်သားတွေရဲ့ အကျိုးစီပွား ဖြစ်ထွန်းမှာပါ။ ကိုယ်ကျိုးကြည့် ပြီး ဒေါ်စုကို ဆက်လက်ဖမ်းထားမယ်ဆိုရင်တော့ အစွန်းဆုံပျက်သုဉ်းမှု ကိုရောက်မှာပါ။ အမေရိကန်ရဲ့ ကမ်းလှမ်း ချက်ကိုလက်ခံလိုက်ရင် လူတိုင်းအကျိးရှိမှာပါ။ ဘိုးဘိုးအောင်မတဲ့ ကိန်းဆိုက်မှာပါ။ အမေရိကန် က စီးပွားရေး ပိတ်စို့ မှု ရပ်ပေးရင် မြန်မာ ပြည်သူတွေ ဘာတွေကိုခံစားရမလဲ ။

၁- အလုပ်အကိုင်တွေရလာမယ်။
၂- မီးမှန်မှန် ရမယ်။ မီးစက်သံတွေကြောင့်နားညီးတဲ့ ဘ၀ က လွတ်ကင်းသွားမယ်။
၃- အလုပ်အကိုင်တွေရလာမယ်။
၎- ရေကောင်းကောင်းသောက်ရမယ်။
၅- ထမင်းနပ်မှန်အောင်စားရမယ်။
၆- ကလေးတွေနိင်ငံခြားမှာ ပညာလာသင်နိင်မယ်။
၇- နိင်ငံခြားမှာဆေးကုသနိင်မယ်။
၈- အမေရိကန်လုပ် အ၀တ်အထည်နဲ့  ပစ္စည်းတွေဆေးချိုချိုနဲ့ သုံးစွဲလာနိင်မယ်။ ( အမေရိကန်မှာ ရှောပင်ထွက်လာနိင်မယ်။ )
၉- တပ်မတော်သား တွေရဲ့ အမျိုးသမီးတွေ ကျမ္မာရေးသုံး ( Pad) ကို သုံးစွဲလာနိင်မယ်။
၁၀- တပ်မတော်သားတွေလည်း ၀ီစကီကောင်းကောင်းကို ဗိုလ်ချုပ်မောင်အေးသောက်သလို ဈေးချိုချိုနဲ့ သုံးစွဲလာနိင်မယ်။
၁၁- ကျောင်းသားတွေ ကွန်ပြူတာ၊ အင်တာနက်၊ နဲ့  ပညာရေးထောက်ကူပြုမှုတွေ ပိုမိုရလာမယ်။

ဒါကြောင့် နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးပါ။ အမေရိကန် ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံပါလို့  ယဉ်ယဉ်ကျေးကျေး တိုက်တွန်းလိုက်ပါရစေ- ။ ဒီကမ်းလှမ်းချက်ကို သန်းရွှေက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ တပ်မတော်သားတွေ လုပ်သင့်တာကိုလုပ် ဖို့ လိုပြီလို့ အကြံပေးပါရစေ-


-------------------------------------------------------
ဟီလာရီကလင်တန် ကမ်းလှမ်းချက်ကို အောက်မှာဖတ်ရှု့ နိင်ပါတယ်။
-------------------------------------------------------

Clinton urges Myanmar to free Suu Kyi

(AFP) – 5 hours ago

PHUKET, Thailand — US Secretary of State Hillary Clinton on Wednesday urged Myanmar to free democracy leader Aung San Suu Kyi, saying such a move could pave the way for investments from the United States.

"If she were released that would open up opportunities at least for my country to expand our relationship with Burma, including investments in Burma," she said, referring to Myanmar by its former name.

Speaking after meetings in Phuket on the eve of Asia's biggest annual security forum, she said such opportunities were "up to the Burmese leadership".

Military-ruled Myanmar recently sparked outrage by putting Aung San Suu Kyi on trial in prison over an incident in which an American man swam to her lakeside house.

US President Barack Obama has described the court proceedings as a "show trial" and Myanmar has already been slapped with US sanctions for its detention of thousands of political prisoners.

Clinton said that while countries from the Association of Southeast Asian Nations (ASEAN) were moving "in a very positive direction", Myanmar was "moving in the opposite direction".

"We have been very clear in stating that the United States would like to see changes in the behaviour of the regime in Burma" she said, adding that the release of Aung San Suu Kyi was "critical".

Earlier Wednesday she said ASEAN should consider expelling Myanmar -- the bloc's problem child since it joined in 1997 -- if it does not release the imprisoned Nobel Peace Laureate.

Referring to US man John Yettaw's uninvited visit to Aung San Suu Kyi, Clinton said: "I regret deeply this unfortunate incident, which she had nothing to do with, and which served as an excuse for them to put her on trial."

The pro-democracy leader has spent 13 of the last 19 years in detention since the junta refused to recognise her National League for Democracy's landslide victory in elections in 1990.

Critics of Myanmar's regime believe the trial is a ploy to keep her locked up for elections scheduled for next year.

Clinton reiterated concerns about possible cooperation over nuclear weaponry between Myanmar and fellow pariah state North Korea, one of the issues that is dominating the talks in Phuket.

On Tuesday Clinton also said she was "deeply concerned" by reports of human rights abuses in Myanmar, "particularly by actions that are attributed to the Burmese military concerning the mistreatment and abuse of young girls."

Copyright © 2009 AFP. All rights reserved. More »

15 comments :

Anonymous said...

ah kyoe ya mae har tway ko ... ba yote thote ka pyaw htar tel... bel nae.. pad tway kaw.. whiskey tway kaw... shopping ka par lite thay... Hilary Clinton ka thu ah kya tway ko ah la kar pay mar mote lote lar.... pyaw par lar... GDP increase pyit mae .. standard of living toe mae... Moe Thee dote ka twat ice age mar kyan kae pyee... global warming age mar ah ngwte pyit twar pe.....

Anonymous said...

မောင်မိုးသီးအကြံပြုတာကောင်းသားဘဲ(သတ်ပုံပြင်ဖတ်
တတ်ရင်ပေါ့)။
တပ်မိသားစုလဲအကျိုးရှိ ပြည်သူလဲအကျိုးရှိပေါ့။
သားရွှေအိုး ထမ်းလာသလိုဘဲ။
ဗိုလ်ချုပ်တွေက သန်းရွှေကိုရှင်းဘို့ လိုပြီ။
တရုတ် ကုလား ရုရှား အမေရိကန် တို့ နဲ့ အဆင့်
တူတဲ့ တပ်မတော်ဖြစ်သင့်ပြီ။
သခင်မျိုးဟေ့ တို့ ဗမာကွ။
ရေးသူ
ဆရာကြီးဦးစောမောင်

Anonymous said...

မေးပါရစေ ...
တဆိတ်ဗျာ မသိလို့မေးပါရစေ
တကယ်လို့ နအဖကို အမေရိကန်က စီးပွားရေးပိတ်ဆို့တာ ရုတ်သိမ်းပြီး စီးပွားရေးမြုပ်နှံမှုတွေ ပိုပြီးလုပ်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ ဒီမိုကရေစီရေးဆောင်ရွက်ခွင့်ကို ပေးမှာလား။ ၈၈၈၈၊ ဒီပဲရင်း၊ စက်တင်ဘာ၂၀၀၇ မှာ သတ်ဖြတ်ခံရတဲ့ ကျောင်းသားကျောင်းသူ ပြည်သူလူထုကို ပြန်ရမှာလား။ ဒီမိုကရေစီ စစ်စစ်ရမှာလားခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်စေချင်ပါတယ်။ အကျည်းကျခံ နိုင်ငံရေးသမားအားလုံးကိုလည်း လွတ်စေချင်ပါတယ်ခင်ဗျာ ... ဒါပေမယ့် မေးပါရစေ ...မေးပါရစေ ... မေး ....ပါရစေ

Anonymous said...

စဉ်းစားစရာပဲဗျ... မြန်မာနိုင်ငံဟာ ဒေါ်စုကြည်တစ်ယောက်တည်းပိုင်တဲ့နိုင်ငံမဟုတ်သလို နအဖ ပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗျ...အခုတော့ အမေရိကန်က ကိုယ်လုပ်ချင်ရာလုပ်ပြီးမှ နောက်ဆုံး နအဖနဲ့မပြေလည်နိုင်တဲ့အဆုံးမှာ မက်လုံးတွေပေးပြီး ဒေါ်စုကြည်ကိုလွှတ်ခိုင်းနေတာ ရှုးများနေတာလား...အမေရိကန် ရင်းနှီးမြုပ်နှံမှုမရှိလည်း မြန်မာနိုင်ငံက အနေသာကြီးပါ...ကိုယ့်ထမင်းကိုယ်စား ကိုယ့်ဆန်ကိုယ်စိုက်စားနေတာ...ကမ္ဘာမှာအမေရိကန်နိုင်ငံတစ် ခုတည်း ရင်းနှီးမြုပ်နှံမယ့် နိုင်ငံပဲရှိတာမဟုတ်ဘူး...အများကြီး ပေါလွန်းလို့ဗျာ...ဘယ့်နှယ် အပြစ်ရှိလို့ တရားရုံးက စစ်ဆေးအေ၇းယူနေတဲ့အချိန်မှာ မက်လုံးပြေးပြီးတော့ ဒေါ်စုကြည်ကိုလွှတ်ခိုင်းနေတာ မြန်မာနိုင်ငံရဲ့တရားဥပေဒကို ဘောပဲပြောလိုက်တာပဲ...ဒီလိုဆိုရင် အမေရိကန်မှာ မတရားအကျဉ်းချထားတဲ့လူတွေနဲ့တရားရုံးကစီစဉ်စစ်ဆေးနေတဲ့ လူတွေကို လွှတ်ပေးရင် မြန်မာနိုင်ငံက အမေရိကန်တွက် အကျိုးရှိစေတဲ့အရာတွေကိုပေးအပ်မယ်ဆိုရင်ရော အမေရိကန်ကလွှတ်ပါ့မယ်တဲ့လား...အဲဒီလိုတွေ လျှောက်လုပ်လေ အမေရိကန်ရဲ့ ဂုဏ်သိက္ခဟာပိုပြီးကျလေပါပဲ နဂိုတည်းကလည်းမရှိပါဘူး...အစတည်းက အမေရိကန် မက်လုံးတွေကို နအဖ ကမက်နေရင် အခုလိုဖြစ်နေပါ့မလား တိုင်းပြည်ပျက်ချင်ပျက်ပါစေဆိုပြီးတော့ ၉၀ခုနှစ်တည်းက တိုင်းပြည်ကိုအာဏာပေးအပ်ခဲ့ပြီးပြီမဟုတ်လား...အမေရိကန် ဆိုတာ ၁၉၅၀တည်းက တရုတ်ဖြူကျူးကျော်တည်းက မြန်မာနိုင်ငံကို မက်လုံးပေးလိုက်ခြိမ်းခြောက်လိုက်နဲ့လုပ်လာခဲ့တာပါ...ဒီခြုံမြင်လို့ဒီ လမ်းထွင်တာ အမေရိကန်ဘယ်လမ်းစဉ်ပဲထွင်ထွင် နအဖက အကုန်သိပြီးသားပါ....အမေရိကန်ရေ တာ့တာပါလို့ပြောလိုက်ပါ့မယ်...မြန်မာ့အရေးသည် အမေရိကန်နဲ့မဆိုင် ကိုယ့်နေရာကိုနေစမ်းပါ...ဟောင်ဖွာဟောင်ဖွာနဲ့ ပြည်သူ့အကျိုးတွက်ဆိုပြီးစကားလုံးလေးတွေသုံးပြီး ကိုယ်လိုရာဆွဲထည့်နေတာ မြင်တတ်ရင် သိမှာပါ...
ရေးသူ-မောင်ဘခက်

Anonymous said...

mg ba kat ... yay kyite tel pyo ur comment ko

deadwalker said...

I believe there is no relationship between
- Sanction and Electricity problem
- Sanction and water problem
- Sanction and almost any of current burma problem.
It is totally useless post.
WFWW, I personally think you should not allow such amateur author to post here.

Anonymous said...

မောင်ဘခက်ရဲ့စာတွေကိုတော့ကြိုက်တယ်ဟေ့။ ကိုယ်နိုင်ငံရဲ့ ကြမ္မာကို ဖန်တီးနိုင်မှု သည် ပြည်သူတွေရဲ့ လက်ဝယ်မှာပဲရှိရမှာပေါ့။ လေးစားပါတယ် မောင်ဘခက်ရယ်။

Anonymous said...

ကိုယ်နိုင်ငံ ကြမ္မာကို ပြည်သူတွေက ဖန်တီးမယ်လို့ ဘခက်က ပြောမထားပါဘူးကွာ...
မြန်မာပြည် ကြမ္မာကို ဗိုသန်းရွှေဘဲ ဖန်တီးနေတာပါ။ သူမရှိလည်း သူထက်ဆိုးတဲ့ ဗိုရမ်းရွှေဆိုတာ တက်လာအုန်းမှာ... စိတ်ချ....ရေးနေရတာ လက်တောင် ညောင်းသေး... အမေရိကန်နဲ့ ဥရောပလည်း ပြောရတာနဲ့ ပါးစပ်ညောင်းပြီး သေလောက်နေပြီ.. .နားပါတော့ကွာ... အမေရိကန်ရော ဘခက်ရော...

Anonymous said...

ဟေ့ ဘခက်ရေ...

ဆူဒန်ဒါဖာ မျိုးတုန်းသတ်ပွဲကို အားပေးတဲ့ တရုတ်- တိဘက်ဘုန်းကြီးတွေကို နှိပ်ကွပ်တဲ့ တရုတ်...
ဂျော်ဂျီယာကို ကျူးကျော်ထားတဲ့ ရုရှား
အရှေ့ဥရောပနိုင်ငံတွေကို ကွန်မြူနစ် သံညှပ်နဲ့ နှိပ်စက်ခဲ့တဲ့ ရုရှား

အဲဒီကောင် ၂ ကောင်လည်း မြန်မာ့အရေးဆိုရင် ၀င်မပါပါနဲ့ အသာ ဘေးဖယ်နေစမ်းပါ။ မင်းတို့ သနားတာ ငါသိပါတယ် အထက်မြန်မာပြည် မန်းလေးဆိုတာ တရုတ်တု ပြည်နယ်ဖြစ်တော့မယ်လို့ မင်းပြောပေးစမ်းပါကွာ... ကျေးဇူးတင်ပါတယ်။

နအဖကတော့ ၁၉၉၀ လည်း မပေးဘူး ၂၉၉၀ရောက်လည်း လွှဲမပေးဘူး နံကြား ဒါးထောက်၊ နားထင် သေနတ်ရောက်မှ ဒူးထောက် တောင်းပန်မယ်ဆိုတာ လူတိုင်းသိပါတယ် ဘခက်ရာ..

ရေးသူ- မောင်ဘလွယ်

Anonymous said...

မောင်ဘခက်ရေးတာကလဲ နအဖ သတင်းစာဆောင်းပါး
လိုဘဲ။
ဦးစောမောင်ရေးတဲ့
သားရွှေအိုးထမ်းလာတာမြင်ရတဲ့ကိန်းလိုထဲမှာ
အင်တာနက်ကြံ့ ဖွတ် မောင်ဘခက်တို့ ရောပါလား။
နအဖ လက်ကိုင်တုတ်မို့ ချန်မထားပါနဲ့ နော်။

မိကျောင်းကန်က ကိုဝီစင်း

Anonymous said...

ဆိုက္ကားသမား ဘခက်..(ဆောရီး ကောလိပ်ဂျင်ကြီးခင်ဗျား)..
ဆိုက္ကားသမားအတွေးအခေါ်နဲ့ မင်းလိုက်ဝါးမနေစမ်းပါနဲ့..မင်းအဘ နအဖ ရဲ့ ဥပဒေကို မြန်မာနိုင်ငံရဲ့ ဥပဒေ မလုပ်ချင်စမ်းပါနဲ့ မိသိန်းကြည် သားရယ်( ဆောရီး ဒေါ်စမ်းစမ်းအေး)..နအဖ ဥပဒေ ကိုဘောပြောတော့ကော မင်းအမေကြီး ဟိုဟာထိလို့နာတာလား..ဒါမှမဟုတ်မင်းအဖေကြီးက နအဖ လား..မ၀ါးနဲ့ ညီလေး။ သနားတယ်

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး said...

နိုင်ငံ့အကြမ်းဖက်အဖွဲ့(နအဖ)ကို ဘာနဲ့မှ ဆွယ်လို့မရဘူး။ လူထုခေါင်းဆောင်ဖြစ်နေတာကို မနာလိုမရှုစိမ့်ဖြစ်နေတာကြောင့် သူတို့ရဲ့ သေတွင်းကို
ငွေနဲ့ လဲမှာမဟုတ်ဘူး။

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး said...

နိုင်ငံ့အကြမ်းဖက်အဖွဲ့(နအဖ)ကို ဘာနဲ့မှ ဆွယ်လို့မရဘူး။ လူထုခေါင်းဆောင်ဖြစ်နေတာကို မနာလိုမရှုစိမ့်ဖြစ်နေတာကြောင့် သူတို့ရဲ့ သေတွင်းကို
ငွေနဲ့ လဲမှာမဟုတ်ဘူး။

Unknown said...

သန်းရေတြို့ က စည်းစမ်ယစ်မူးနေတာကြာပြီ။
အမေရိကန်မက်လုံးလောက်တော့သနားတယ်လို့ တောင်ပြောဦးမှာ၊
ဘယ်သူသေသေငတေမာပြီးရော ဆိုတဲ့အတန်းအစားတွေ
တကယ်တော့အမေရိကန်ရင်နှီမြုံနှံမှူလာမလုပ်လဲမြန်မာပြည်ချမ်းသာပါတယ်။
တနေ့ တနေ့ ရေနံ၊သဘာဝဓာတ်ငွေ့ ၊ကျွန်းသစ် ကရတဲ့ပိုက်ဆံတွေဘယ်ရောက်ကုန်မှန်းမှမသိတာ

သန်းတုပ်သမား said...

သန်းရြေ တို့ က စည်းစိမ်ယစ်မူးနေတာကြာပြီပဲ။
အမေရိကန်ရဲ့ မက်လုံးလောက်တော့သနားတယ်ပြောဦးမှာ၊
ဘယ်သူသေသေငတေမာပြီးရော ဆိုတဲ့အတန်းအစားတွေကိုများ၊ တကယ်တော့မြန်မာပြည်ဟာအမေရိကန်ရင်းနှီးမြုပ်နှံမှုမလာလဲချမ်းသာတဲတိုင်းပြည်ပါ။
တနေ့ တနေ့  ရေနံ၊ကျွန်းသစ်၊သဘာဝဓာတ်ငွေ့ ကရတဲ့ ပိုက်ဆံတွေဘယ်ရောက်ကုန်မှန်းမှမသိတာ