အလွယ်တကူ ဖျောက်ဖျက်ပစ်နိုင်သာ လှို့ဝှက် ကင်မရာ (တန်ဘိုး- US$ 55.99)
-မြတ်စိုး-
၂၀၀၇ ခုနှစ် မြန်မာနိုင်ငံအ၀ှန်းမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်များဦးဆောင်သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြ လှုပ်ရှားမှုကို ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရတွေ၊ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုတွေ ကို အပြည့်အ၀ ရရှိခဲ့ကြတယ်။ အထူးသဖြင့် နိုင်ငံတကာ အစိုးရတွေက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို ဥပမာယူပြီး အရှေ့အလယ်အပိုင်း နှင့် အခြားနိုင်ငံများရှိ ဘာသာရေး အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို စွန့်လွှတ်ကြဖို့ ၊ သူတို့ရဲ့ အစွန်းရောက်အယူအဆ တွေကို ပြန်လည် ဆန်းစစ်ကြဖို့ သဘောထားရေးရာအရ ဖိအားပေးခြင်းခံလာရသလို၊ သဘောထားပျော့ပြောင်းသော ဘာသာရေးအယူရှိသူတွေ၊ လူငယ်တွေ အတွက်တော့ လှုပ်ရှားမှုတွေ ပိုမိုအင်အားကောင်းလာစေခဲ့တယ်။ ပြုပြင်ပြောင်းလဲ တိုးတက်ရေး ကိုလိုလားသော လူငယ်တွေဟာ ကမ္ဘာအ၀ှန်းမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင် လာခဲ့ကြတယ်ကို တွေ့ရတယ်။
ယနေ့ အီရန်မှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှု ဟာ သဘောထားတင်းမာသူတွေ နှင့် သဘောထားပျော့ပြောင်း ပြီး ပြုပြင်ပြောင်းလဲမှုကိုလိုလားသော သူတွေအကြားဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခ တစ်ခုဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲမှု ကို လိုလားသောအီရန်လူငယ်တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို နည်းပညာ နှင့် လူထုတိုက်ပွဲ အသွင် ဟန်ချက်ညီညီပေါင်းစပ်ပြီး တိုက်ပွဲဝင်နေကြတယ်။
အီရန်မှာ အသက် ၃၀ အောက် လူငယ်ဦးရေဟာ အီရန်မှာ ရှိတဲ့ စုစုပေါင်းလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး၊ အီရန်လူငယ် ၃၀ ရာခိုင်နှုန်း ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ ၂၀၀၉ ခုနှစ်မှာ လူဦးရေစုစုပေါင်း ၆၆ သန်းကျော် ရှိတဲ့ အီရန်မှာ အင်တာနက် သုံးစွဲသူပေါင်း ၁၈ သန်း ကျော်ရှိပါတယ်။ အင်တာနက်သုံးစွဲနေသူ အများစုဟာ လူငယ်တွေဖြစ်ကြပြီး အင်တာနက် အပြင် အခြားသော ဆက်သွယ်ရေး နည်းပညာတွေကို တက်ကျွမ်းနားလည် သူများ ဖြစ်ကြတယ်။ လူငယ်အများစု ဟာ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း မူဆာဗီ ကို ထောက်ခံမဲပေးခဲ့ကြတယ်။
အီရန်အာဏာရှင် အစိုးရ ဟာ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အစိုးရ ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု အတော်အတွင်း အင်တာနက် သုံးစွဲမှု ကို ပိတ်ထားခဲ့ခြင်း၊ နှေးသွားအောင် ပြုလုပ်ခြင်း၊ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခြင်း တွေကို ပြုလုပ်ထားခဲ့တယ်။ ဒါပေမဲ့လည်း အီရန်လူငယ်တွေဟာ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးစွဲပြီး သတင်းတွေ၊ ဓာတ်ပုံတွေကို ကမ္ဘာ့သတင်းမီဒီယာတွေ ဆီကို ပေးပို့နိုင်ခဲ့တယ်။
အီရန်အာဏာရှင်တွေက တိုင်းပြည်ကို နိုင်ငံတကာနဲ့ အထီးကျန်အောင် ပိတ်ဆို့ထားခဲ့ပေမဲ့၊ ခေတ်သစ်နည်းပညာတွေကို သုံးစွဲနေတဲ့ အီရန်လူငယ်တွေကို ဘယ်လိုမှ ပိတ်ဆို့လို့ ရမှာမဟုတ်ပါဘူး လို့ အစိုးရ ကို ဆန့်ကျင်ပြီး လူထုလှုပ်ရှားမှုကို ဦးဆောင်နေကြတဲ့ အီရန် လူငယ်တွေက ပြန်လည်စိမ်ခေါ်ခဲ့တယ်။ ဒီနေ့ အီရန်မှာ ဘာတွေဖြစ်နေသလဲဆိုတာက အချိန်တို ပိုင်းအတွင်း ကမ္ဘာက သိရှိရစေမယ်လို့ ကြုံးဝါးခဲ့ပြီး၊ ရာနဲ့ချီတဲ့ သတင်းပြန်ကြားရေး အဖွဲ့ခွဲတွေကို အုပ်စုလိုက်ဖွဲ့ကာ အီရန်ရှိ လှုပ်ရှားမှုတွေအတွက် ကမ္ဘာ့သတင်း မီဒီယာတွေ ဆီကို သတင်းဖြန့်ချီပေးကြဖို့၊ ဆက်သွယ်ပေးကြဖို့ တိုက်တွန်းခဲ့တယ်။ အစိုးရ ကို ဆန့်ကျင်နေကြတဲ့ ပြည်ပရောက် အီရန်အဖွဲ့အစည်းတွေနဲ့ လည်း ဟန်ချက်ညီညီ လှုပ်ရှား ခဲ့ကြတယ်။ ပြည်ပရောက် အီရန်အတိုက်အခံ အဖွဲ့အစည်း တစ်ခုက ဈေးနှုန်းချိုသာပြီး၊ အလွယ်တကူ ဖျောက်ဖျက်ပစ်နိုင်သာ လှို့ဝှက် ကင်မရာ ငယ်များကို ထောင်နဲ့ချီ တင်သွင်း ပေးခဲ့တယ်။
နိုင်ငံတကာ သတင်း မီဒီယာတွေ၊ အမေရိကန် ရှိ အဓိက သတင်းမီဒီယာတွေက သတင်းရယူ ဖို့ ခက်ခဲနေတဲ့ အချိန်မှာ အီရန်လူငယ်များက နည်းပညာပေါင်းစုံသုံးပြီး အီရန် အာဏာရှင် တွေအောက်မှာ ပြည်သူတွေ ဘယ်လိုခံစားနေရသလဲ၊ အီရန်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကို ကမ္ဘာကြီး က သိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့ကြပါပြီ။
အီရန်နိုင်ငံ ရွေးကောက်ပွဲ မှာ ဘာသာရေးသဘောထားတင်းမားတဲ့ အစွန်းရောက် အာဏာရှင်တွေဘက်က မဲလိမ်၊ မဲခိုး ပြီး အနိုင်ရသွားခဲ့တယ်လို့ ကမ္ဘာ နှင့် သူ့ပြည်သူကို အရှက်တရားမဲ့စွာ လိမ်လည်ပြီး ကြေညာ ခဲ့သော်လည်း၊ ၂၀၀၉ ခုနှစ် အီရန် သမ္မတ ရွေးကောက်ပွဲမှာ တော့ အီရန်လူငယ်တွေက တော့ အနိုင်ရရှိသွားခဲ့ပြီ ဆိုတာ နိုင်ငံတကာ ပြည်သူတွေ က အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ အီရန်လူငယ်တွေ ဟာ နည်းပညာ နှင့် လူထုတိုက်ပွဲ ဟန်ချက်ညီညီပေါင်းစပ်ပြီး တိုက်ပွဲဝင်ခဲ့ကြလို့ဖြစ်တယ်။
8 comments :
ထိုင်းနိုင်ငံမှာ ဘယ်နေရာမှာ ၀ယ်လို့ရနိုင်မလဲ စုံစမ်းပေးပါ လိပ်စာပေးပါက ပိုကောင်းပါမည် နောက်တစ်ခုက အဲဒီအမျိုးအစားတွေအမည်ကို သိရလျှင် ပိုကောင်းပါမည်
Please send the message to all of blogger in myanmar! Please use wi-fi note book. Hidden the near of internet cafe. No need to go to internet cafe. Use Hide My IP software.Hide my mac address software.Technitium Change mac address software. Thanks
Please send the message to all of blogger in myanmar! Please use wi-fi note book. Hidden the near of internet cafe. No need to go to internet cafe. Use Hide My IP software.Hide my mac address software.Technitium Change mac address software. Thanks
ထိုင်းနိုင်ငံဘယ်မြို့လဲပြောပါ၊ညွန်ပြပေးမည်
ကင်မရာဘောလ်ပင်က mp9။ mp3 မျက်မှန်၊
http://www.tomtop.com/4gb-mini-usb-spy-camera-pen-pocket-video-recorder-mp94g_p1516.html
http://szhuibao.en.alibaba.com/product/239552600-204402003/Pen_camera_pinhole_camera.html
Company Name: Shenzhen Huibao Electronics Co., Ltd.
Street Address: 4/F,Building 5,Hongdu Park,lezhujiao Country,Xixiang Town,Baoan District,shenzhen City
City: shenzhen
Province/State: Guangdong
Country/Region: China
Zip: 518126
Telephone: 86-755-61537538
Fax: 86-755-61537539
ကိုမိုးသီး
အီရန်တွေတုန်းက အမေရိကက အီရန်တီဗီ မီဒီယာကုမဏီက အခု ၁သောင်း ရွေးကောက်ပွဲမတိုင်မှီတနှစ်လောက်ကြိုပြီး ပြည်တွင်းကို ထည့်လိုက်တယ်။
အခု ဘယ်သူ စပွန်ဆာလုပ်မလဲ။
မူရင်း တရုပ်ကုမဏီကိုတိုက်ရိုက် မှာရင် ၁ခု ၁၀ဒေါ်လှ လောက်ပဲ။
လျှောက်ပြီးအဲဒါတွေ ဟိုဘက်သိအောင် ထုတ်ပြီးပြဖို့ မလိုဘူးထင်တယ်....ကိုယ့်အချင်းချင်းအသိပဲ ပေးသင့်တယ်...
Post a Comment