Monday, 13 July 2009

တရုတ်ပြည် လူမျိုးရေး အဓိကရုန်း နောက်ဆက်တွဲ

လူမျိုးရေး အဓိကရုန်း အတွင်း ဖမ်းဆီးခံထားရသူများကို လွတ်ပေးဖို့ တောင်းဆိုဆန္ဒပြနေသော ၀ီဂါ အမျိုးသမီးများ

Today's Quote:

Fight For Your Rights. Fight For Your Light.
"၂၁ ရာစုခေတ်ကြီး မှာ ပြည်သူကို လျှပ်စစ်မီးမပေးနိုင်တဲ့ နအဖ စစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန်ရှုံ့ချကြ။"



-မြတ်စိုး-
၀၇-၁၃-၂၀၀၉

တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်ပြည်နယ် ဥရူချီ မြို့ (Urumqi ) မှာ ၂ ရက် ကြာ ဟန်တရုတ်လူမျိုးများနှင့် ၀ီဂါ (Uyghurs) လူနည်းစု ၀င်တွေအကြား ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုန်း မှာ လူပေါင်း ၁၈၆ ယောက် သေဆုံးခဲ့ပြီး၊ ၁၀၀၀ ကျော် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့တယ်လို့ တရုတ်အစိုးရ က အတည်ပြုပြောဆိုခဲ့တယ်။

တရုတ်ပြည်မှာ လူမျိုးရေး အဓိကရုန်းဖြစ်ပွားပြီးနောက် တရုတ်အစိုးရ က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူနည်းစု ခေါင်းဆောင်တွေ ကို ဖမ်းဆီး ထောင်ချခဲ့ကြတယ်။ ဆန္ဒပြသူတွေကို မတရားဖမ်းဆီးထောင်ချမှု ရပ်တန့်ဖို့ နဲ့ ထောင်ချထားသူတွေကို ပြန်လွတ်ပေးဖို့ ကို ဖမ်းဆီးအကျဉ်းချခံထားရတဲ့ သူတွေရဲ့ မိသားစုဝင် တွေဟာ လမ်းမတွေပေါ်မှာ တောင်းဆိုဆန္ဒပြ နေကြတယ်။ ဒီဆန္ဒပြပွဲကို လူနည်းစု အမျိုးသမီးတွေက ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြနေကြတယ်။

ရှင်ကျန်ပြည်နယ်မြို့ တော် Urumqi မှာ မူစလင်အများစု နေထိုင်ကြပါတယ်။ ပြည်နယ်လူထု က တရုတ်အစိုးရရဲ့  ယဉ်ကျေးမှုအရ ဖိနှိပ်ထားမှု၊ စီးပွားရေး နဲ့ နိင်ငံရေးအရ ကန့်သတ်ပိတ်ပင် ထားမှုတွေကို မကျေနပ်တဲ့အတွက် လူထု လူပ်ရှားမှု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ လူများစု ဟန်လူမျိုးတွေဟာ အဲဒီ ဒေသမှာ စီးပွားရေး လုပ်ငန်းတွေကို ထိမ်းချုပ်ထားကြတယ်။ တရုတ်အစိုးရက ဒီဒေသတွေမှာ လူအခွင့်အရေး ချိုးဖေါက်မှုတွေကို အဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့ လူနည်းစု ခေါင်းဆောင်တွေက စွပ်စွဲထားကြတယ်။ လူမျိုးစုတွေကို လည်း ခွဲခြားဆက်မှုပြုလုပ်နေတယ် ဆိုတာသိရှိရပါသည်။

အလုပ်အကိုင် ရှာဖွေနေသော တရုတ်လူငယ်များ


တရုတ်နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ လူမှုရေး မတည်ငြိမ်မှု၊ လူထု အုံကြွမှုတွေ မဖြစ်ပေါ်အောင် နှင့် ဖြစ်လာခဲ့သော် တခြားပြည်နယ်တွေ ကို ချက်ခြင်းကူးစက်မပြန့်ပွား နိုင်အောင် တရုတ်အစိုးရက ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေကြတယ်။ တရုတ်နိုင်ငံ မြို့ နေ လူတန်းစားများဟာ စားဝတ်နေရေး နှင့် လူနေမှု အဆင့်အတန်း ကောင်းမွန်လာသော်လည်း သန်းရာနဲ့ ချီရှိတဲ့ တောလတ် ကျေးရွာ လူတန်းစားများဟာ ဆင်းရဲမွေတေမှုတွေ ကို ရင်ဆိုင် နေရဆဲဖြစ်တယ်။ တရုတ်အစိုးရ ဟာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဂယက်ကြောင့် လူထု အုံကြွမှုတွေ ၊ လူမျိုးရေးတင်းမာမှုတွေ ကို ဖြစ်ပေါ်လာမှာ ကို အထူးစိုးရိမ်နေကြတယ်။

တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်ပြည်နယ် မှာ လူမျိုးရေး အဓိကရုန်း ဖြစ်ပွားခဲ့ပြီး မကြာခင်မှာ ပဲ တရုတ် သမ္မတ ဟူချင်တောင်းဟာ ကမ္ဘာ့ထပ်သီး စက်မှု ၈ နိုင်ငံ အစည်းအဝေး ကို တက်ရောက်နေရာမှ အစည်းအဝေးတက်ရောက်မှုကို ရပ်ဆိုင်းခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရပါသည်။

No comments :