Wednesday, 8 July 2009
Slumdog Millionaire ရုပ်ရှင်မှ ကလေးသရုပ်ဆောင် များ နေအိမ်သစ်ရရှိသွားပြီ
-ပက်ထရစ်ရှာလင်း-
၈၁ ကြိမ်မြောက် အော်စကာ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ဇတ်ကားဆု၊ ဂီတဘက်ဆိုင်ရာ ဇာတ်ဝင်တေးများ မှာလည်း ထူးချွန်ဆုများ အပြင် စုစုပေါင်း အော်စကာ အကယ်ဒမီဆု ၈ ဆု ရရှိ သွားခဲ့တဲ့ Slumdog Millionaire ရုပ်ရှင်မှ ကလေးသရုပ်ဆောင် လေးတွေ ဇူလိုင်လ ၇ ရက်နေ့က နေအိမ်အသစ်ဆီကို ပြောင်းရွေှ့သွားခဲ့ပါပြီလို့ အိန္ဒိယ သတင်းစာတွေ နှင့် သတင်းမီဒီယာတွေမှာ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြတယ်။ အိန္ဒိယအစိုးရ က သူတို့လေးတွေဟာ သူတို့ဖြတ်သန်းနေရတဲ့ ကြမ်းတမ်းတဲ့ ဘ၀တွေကို ကမ္ဘာကို သိရှိအောင် လုပ်ဆောင် ခဲ့ကြတယ်။ ကျနော်တို့ အစိုးရ ကလည်း အင်မတန်မှ ကြမ်းတမ်းတဲ့ သူတို့လေးတွေကို ကယ်တင် ကူညီပေးဖို့ အတက်နိုင်ဆုံးကျိုးစားသွားမှာပါလို့ ပြောဆိုသွားခဲ့တယ်။ ကလေး သရုပ်ဆောင် မိုယာမတ် အီစမိုင် က အခုတော့ သူ့မှာ နိုင်ငံတကာကို ဆက်သွယ်လို့ရ တဲ့ ဆဲလ်ဖုန်း၊ ပညာဆက်လက်သင်ကြားခွင့် အခွင့်အလမ်းတွေ အပြင်၊ သူ့တို့လို ခံစားခဲ့ရတဲ့သူတွေ ကို ကူညီထောက်ပံ့ နိုင်ဖို့ ရန်ပုံငွေရှာ ပွဲတော်တွေ ကို နိုင်ငံခြား တိုင်းပြည်တွေ သွားရောက်ပြီး အလှူခံမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ သူက "အခု အိမ်သာတက်ဖို့ အတွက် ကျနော် ၂ ရူပီ မပေးရတော့ဘူး။ ကိုယ်ပိုင်အိမ်သာ ရရှိခဲ့ပါပြီလို့" ပြုံပြီးပြောဆိုသွားခဲ့တယ်။ ကလေး သရုပ်ဆောင် မိုယာမတ် အီစမိုင် ရဲ့ မိသားစုဟာ အခုတော့ နေအိမ်အသစ်မှာ ပျော်ရွင်စွာနေထိုင်နေကြပါပြီ။
Slumdog Millionaire ဇတ်ကား ဟာ အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှ ဆင်းရဲသားများ စုပေါင်းနေထိုင်ရာ ရပ်ကွက်တခုမှ လူငယ်များ ၏ ဘ၀ဖြတ်သန်းမှုကို အဆင့်ဆင့် အသက်အရွယ်အလိုက် တင်ဆက်ထားပြီး၊ လှပတဲ့ချစ်ဇတ်လမ်း ဇတ်ကွက် တွေ ကို ဒါရိုက်တာ ဒန်နီဘွိုင်း(Danny Boyle) က ဇာတ်ကားတခုလုံးကို မျက်တောင်တချက် မခတ်ရဲလောက် အောင် ရင်ဖိုလှိုက်မောဖွယ် တင်ဆက်ခဲ့သည်။ အထူးသဖြင့် ကလေးသရုပ်ဆောင်လေး တွေဟာ ပရိသတ် အသဲနှလုံးကို တုန်ခါသွား အောင် ကို စွဲဆောင်နိုင်ခဲ့တယ်။
at 22:05
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment