
( Photo: Val Rodriguez / AP )
-တီကေ-
၁၉၈၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ လူထုအုံကြွလှုပ်ရှားမှုကို တိုက်ပွဲဝင်ဦးဆောင်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံကို အနှစ် ၂၀ ကျော် အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် ကို ဖြုတ်ချနိုင်ခဲ့တဲ့ သမ္မတဟောင်း ကိုရာဇွန် အကွီနို ကွယ်လွန်သွားပြီလို့ သူ့မိသားစုက ကြေညာလိုက်ပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ရ၆ နှစ် ရှိပြီဖြစ်တယ်။ သူမဟာ အာဏာရရှိချိန်မှာ ကြွေးမှီ ၂၈ ဘီလီယံ တင်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံ ကို ပထမဦးဆုံး အမျိုးသမီးသမ္မတ တယောက် အဖြစ် တိုင်းပြည်ကို ဦးဆောင်ခဲ့တယ်။ သူမရဲ့ ခင်ပွန်း ဖိလစ်ပိုင်အတိုက်အခံခေါင်းဆောင် Benigno "Ninoy" Aquino Jr., ဟာ နိုင်ငံခြားတိုင်းပြည် သို့ ထိမ်းရှောင်နေထိုင်ခဲ့ ပြီးနောက်၊ ၁၉၈၃ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လာစဉ် မနီလာ လေဆိပ်မှာ အသတ်ခံခဲ့ရတယ်။ သူမ ခင်ပွန်းသည် အသတ်ခံခဲ့ရပြီးနောက် သူမဟာ နိုင်ငံရေးလောကထဲကိုဝင်ရောက်လာခဲ့တယ် ဆိုတာ သိရပါတယ်။ သူမဟာ ချမ်းသာတဲ့ မိသားစု က ပေါက်ဖွားလာခဲ့ပြီး၊ အမေရိကန်နိုင်ငံ မှာ ပညာသင်ကြားဆည်းပူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို က သမ္မတဟောင်း ကိုရာဇွန် အကွီနို ဟာ တိုင်းပြည်တွင် အာဏာရှင်စံနစ်ကို ဦးဆောင် ဖြုတ်ချပေးခဲ့ ပြီး၊ တိုးတက် ပြုပြင်ပြောင်းလဲအောင် ပြုလုပ်နိုင်ခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတယောက် အဖြစ် ချီးမွမ်းခဲ့ပြီး၊ တတိုင်းပြည်လုံး ၀မ်းနည်းပူဆွေးတဲ့ အနေနဲ့ အစိုးရက အထိမ်းအမှတ်တွေကို ၁၀ ရက် ကြာ ဂုဏ်ပြု ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
No comments :
Post a Comment