ကျော်သိင်္ခ
သြဂုတ် ၅ ရက်
သြဂုတ်လ ၄ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာပါ “Airport alert for pneumonic plague” ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
ထိုင်းနိုင်ငံ လူထုကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အနေနဲ့ အဆုတ်ရောင်ရောဂါအား ကပ်ရောဂါအဖြစ် ကြေငြာလိုက်ပါက အဆိုပါရောဂါ နှင့် ပက်သက်၍ ကူးစက်စေတတ်သော ရောဂါများဆိုင်ရာ အက်ဥပဒေကို ပြဌာန်းသွားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထား ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းဟိုင် မြို့တွင် လူသုံးယောက် အဆိုပါအဆုတ်ရောင်ရောဂါ ကူးစက်ပြီးပြီးချင်း ပထမ လေးရက်နေ့မှာပဲ သေဆုံးသွားခဲ့ပြီးပြီလို့လည်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။
“လူထုကျန်းမာ ရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဝင်ထွက်ပေါက် ၆၄ ခုနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လေဆိပ်တွေမှာ အဆုတ်ရောင် ရောဂါ ကာကွယ် တားဆီးရေးကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပြီးပါပြီ” လို့ ထိုင်းနိုင်ငံရှိ ကူးစက်ရောဂါကာကွယ်တားဆီးရေးဌာန၏ အထွေထွေ ဒါရိုက်တာ ဒေါက်တာ ဆွန်ချိုင်ဂျာကရာပန်ဟုက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။
ဝက်များမှ တစ်ဆင့် ရောဂါကူးစက်မှုအလားအလာ များသည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အရာရှိများအနေနှင့် ၀က်ကောင်ရေ အရေအတွက်ကိုလည်း ပြန်လည်ဆန်းစစ်ဖို့လိုကြောင်း ဒေါက်တာဆွန်ချိုင်က ပြောပါတယ်။ ရှဉ့် နှင့် ယုန် စသည့် သတ္တ၀ါတို့မှလည်း ရောဂါကူးစက်တတ်သည့်အတွက် သတိပြုကြရန် ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုအား သတိပေးပြောကြားထားပါတယ်။
အဆုတ်ရောင်ရောဂါဟာ ယာစီးနီးယား ဟုခေါ်သည့် ကူးစက်တတ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး သေစေနိုင် လောက်သော ရောဂါဖြစ်ပါတယ်။ ထိုရောဂါ ကူးစက်ခံရသောလူတစ်ယောက်ဟာ ရောဂါကူးစက်ခံရပြီးနောက် ၂၄ နာရီအ တွင်း သေစေနိုင်တယ်လို့သိရပါတယ်။
Wednesday, 5 August 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment