Saturday 29 August 2009

ကိုးကန့်  တိုက်ပွဲသတင်း

ချင်းရွှေဟော်တိုက်ပွဲမှာ နအဖ ၃၀၀ ကျ၊ ၆၀ ကျော်ဒဏ်ရာရ၊ သုံ့ပန်း ၁၀၀ ကျော် အရှင်ဖမ်းမိ၊ ၇ ယောက် တရုတ်ပြည်ထဲထွက်ပြေးလို့ တရုတ်စစ်တပ်က သေနတ်တွေသိမ်းပြီး လူဘဲပြန်ပို့လိုက် တယ်လို့ သတင်းရရှိပါတယ်။
ဝ တပ်ဖွဲ့ များက သံလွင်တံတားကိုလည်းချိုးလိုက်ပြီလို့ သတင်းရရှိပါတယ်။

9 comments :

Anonymous said...

အဲဒီလောက် သေတာရော ဟုတ်ရဲ့လားဗျာ။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ လွဲနေသလားလို့။ စစ်တပ်ကို ထောက်ခံလို့တော့ မဟုတ်ပါဘူး ဒါပေမယ့် တိုက်ပွဲသတင်းတွေ ဖတ်လိုက်ရရင် စစ်တပ်ဖက်က အတုံးအရုံး ကျဆုံးတွေပဲ ပိုပိုသာသာ ရေးနေသလားလို့။ တကယ်တော့ စစ်တပ်ဆိုတာ သူပုန်ထက်စာရင် သေသေချာချာ လေ့ကျင့်မှုရှိထားတဲ့ တပ်ပါ။ ကျွန်တော်ကတော့ သတင်းအမှန်ပဲ ဖတ်ချင်ပါတယ်။ အစိုးရကရော အတိုက်အခံတွေကပါ သတင်းအမှန်တွေ မလွှင့်တာ တော်တော်ဆိုးတယ်။

Anonymous said...

သတင်းမှန် မမှန်ကတော့ပြောဘို့ ခက်တယ်။
ကျနော်ပါဝင်ခဲ့တဲ့ ၁၉၉၂ မာနယ်ပလောတိုက်ပွဲမှာ
ခမရ၁၄နဲ့ ၁၀ တပ်လုံးပြုတ်ပြီး.
ဒုဗိုလ်မူးကြီးမင်းဥာဏ်ရှိန်ကို အရှင်ရဘူးတယ်။
အဲ့ဒါ KNLA နဲ့ ကျောင်းသားတပ်မတော် တိုက်ခဲ့တာပါ
ခင်ဗျာ။
ဇော်နိုင်

moe hay ko said...

*အော်..စစ်တပ်ကဘဲ..သေသေချာချာ..လေ့ကျင့်ထားတာလား..ဖြစ်နိုင်မယ်
ဆိုရင်...သူပုန်..ဆိုတဲ့ဝေါဟာဒကိုမသုံးပါနဲ့..(စစ်တပ်
ကိုမထောက်ခံဘူးဆိုရင်ပေါ့)..တော်လှန်ရေးတပ်တို့၊
'ဝ' မျိုးချစ်တပ်တို့၊အစိုးရဆန့်ကျင်ရေးတပ်တို့...
*သူတို့လဲ.သူတို့နည်းဗျူဟာတွေနဲ့လေ့ကျင့်ထားတာဘဲ.
တိုက်ပွဲတိုင်းမှာလေ့ကျင့်မှု့ရှိယုံနဲ့ကျဆုံးမှု့နည်းတယ်၊
များတယ်..မဆုံးဖြတ်နိုင်ပါဘူး၊ဗျူးဟာတို့၊ဒေသကျွမ်းကျင်မှု့တို့၊
နေရာအသာစီးရမှု့တွေနဲ့လဲ...ဆိုင်မယ်ထင်တယ်

Anonymous said...

moderator....

it is true or rumour ? u should pay respect ur blog's dignity.. it is true i have no comment and respect ur freedoom of express .. it is fault i think so that ur blog is not represent freedoom of express and just only for against authorities in burma ( Myanmar ),
i believed that freedoom of express is a part of democracy however responsibility to mantain dignity of express .. if always post hearsay news ur blog will be hearsay blog .... undercover by freedoom of express.... no value... no standard ......

Unknown said...

ကိုးကန့်ဖြစ်စဉ်အပေါ်တရုတ်နိုင်ငံ
အခြေစိုက်အဝေးရောက်ဗမာပြည်
ကွန်မြူနစ်ပါတီ၏ လေ့လာသုံးသပ်ချက်
http://demowaiyen.blogspot.com/2009/09/blog-post_02.html
ဗကပ က သူ့ဆီက ခွဲထွက်သွားတဲ့အဖွဲ့တွေ စစ်အစိုးရက အပြီးအပြတ်ချေမှုန်းနေတာ ၀မ်းသာနေတာလား၊ ၀မ်းနည်းနေတာလားဆိုတာမသိတော့ဘူး

Unknown said...

ကိုးကန့်ဖြစ်စဉ်အပေါ်တရုတ်နိုင်ငံ
အခြေစိုက်အဝေးရောက်ဗမာပြည်
ကွန်မြူနစ်ပါတီ၏ လေ့လာသုံးသပ်ချက်
http://demowaiyen.blogspot.com/2009/09/blog-post_02.html
ဗကပ က သူ့ဆီက ခွဲထွက်သွားတဲ့အဖွဲ့တွေ စစ်အစိုးရက အပြီးအပြတ်ချေမှုန်းနေတာ ၀မ်းသာနေတာလား၊ ၀မ်းနည်းနေတာလားဆိုတာမသိတော့ဘူး

Anonymous said...

The problem is Ko Moe Thee never referenced the source of information for all of his rumors. It has all possibility. Maybe came out of his mouth or someone else. I hate military government, but you (as an opposition) need to maintain the credibility. As far as I have been visiting KMT website for a year, I think he is very emotional guy. He easily got mad, and lose control.

Anonymous said...

Moe Hay Ko - "၀" မျိုးချစ်တပ် ဆိုတာထက် "၀" တရုတ်ဘိန်းဓါးပြတပ် ဆိုတာပိုမှန်ပါလိမ့်မယ်။ စစ်တပ်ကို မထောက်ခံပါဘူး။ ဒါပေမယ့် ၀ တရုတ်တွေလည်း လုံးဝမကောင်းတာ အမှန်ပါပဲ။ သူတို့ ဘာမှ တော်လှန်ရေးလုပ်နေတာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကို စစ်တပ်နည်းတူ ဆွဲနှစ်နေကြတာပါ။ တိုက်ပွဲသတင်း - အနိုင်၊အရှုံး - ကတော့ ရှင်းပါတယ်။

Anonymous said...

Moethee,
you are just a traiter and selfish. I'm also a figher for freedom but I agree with Junta in this case. I'll even join the army to fight those sucker!!