ဒီနေ့ ညနေ ၅ နာရီခွဲခန့် က ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့နဲ့ နအဖ စတင်တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရတယ်။ ဖြစ်ပွားတဲ့ နေရာက ချင်ရွေဟော နယ်မြေအတွင်းဖြစ်ပါတယ်။ နှစ်ဖက်အသေပျောက် အထိခိုက် မသိရသေးပါ။ ပထမဆုံး တင်းမာမှု ဖြစ်တဲ့နေရာကတော့ ကိုးကန့် အဖွဲ့ ဌာနချုပ် တည်ထားရာ လောက်ကိုင် ဒေသမှာဖြစ်ပါတယ်။ နအဖတပ်တွေ ကိုးကန့် နယ်မြေအတွင်း စတင်ဝင်ရောက် ရာကနေ စတင်လာခြင်း ဖြစ်ပါတယ်။ ကိုးကန့်တွေက နအဖ က နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တောင်းဆိုရာက တင်းမာမှု စတင်လာခြင်းဖြစ်တယ်။
ပြသာနာ -
နအဖ က ကိုးကန့် အဖွဲ့ခေါင်းဆောင်ဖုန်ကြားရှင်က လက်နက်ထုတ်လုပ်နေတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ် နေတယ် လို့ စွပ်စွဲထားတယ်။ ၀င်ရောက်ရှာဖွေဖို့ တောင်းဆိုတယ်။
၅ ဖွဲ့ -
ကေအိုင်အို၊ အက်စ်အက်စ်အေ မြောက်ပိုင်း အဖွဲ့၊ ကိုးကန့်အဖွဲ့၊ ၀ အဖွဲ့ နဲ့ မိုင်းလား အဖွဲ့ တွေဟာ စစ်ရေး မဟာမိတ် ဖွဲ့ထားသူတွေဖြစ်တယ်။ သူတို့ ဟာ တဖွဲ့ ကိုထိရင် တဖွဲ့ မခံ ပဲ ၀င်တိုက်ပေးမယ်လို့ ကတိပြု ထားကြသူတွေဖြစ်တယ်။ ဒီနေ့ ကိုးကန့် ကို နအဖ တပ်တွေဝင်ရောက်တိုက်ခိုက်မှု မှာတော့ ဒီအဖွဲ့ တွေရဲ့ တုန့်ပြန် မှု ကို မတွေ့ရသေးဘူးဖြစ်တယ်။ ဒီ၅ ဖွဲ့ က လျို့ ဝှက် နားလည်မှု ယူထား ခြင်းဖြစ်ပါတယ်။ ဖုန်ကြားရှင် က ယခင်က ဗကပ အဖွဲ့ဝင်တဦးဖြစ်တယ်။ တပ်မှုးဟောင်းတဦးဖြစ်တယ်။ ဗကပ ကနေ အရင်ဆုံးခွဲ ထွက်ခဲ့စဉ်က ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဖုန်းကြားရှင် ဟာ မိုင်းလားအဖွဲ့ နဲ့ ဆွေးမျိုးအရ ဆက်စပ်နေသူ တွေဖြစ်ပါတယ်။ မိုင်းလာခေါင်းဆောင် ဦးစိုင်းလင်း ရဲ့ ယောက်က္ခမ တော်စပ်သူလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ တွေကို တရုတ်အစိုးရရဲ့ သြဇာလွမ်းမိုးမှုကလည်းရှိနေတယ်။ ကိုးကန့် နဲ့ နအဖ တင်းမာ နေမှု စတင် နေကထည်းက တရုတ်က ကြားဝင်ဆောင်ရွက်ပေးနေတာကတော့ အတော့ကို ထူးခြားနေပါတယ်။ တရုပ်အဆင့်မြင့် ကိုယ်စားလှယ်တွေက လားရှို့ အထိ ဆင်းပြီး ဆွေးနွေးတာတွေရှိတယ်။ ဒီဒေသမှာ တရုပ်ရဲ့ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေက အကြီးအကျယ်ရှိနေတယ်။ မြန်မာဖက်က ကုန်ကြမ်းဈေးချိုချို နဲ့ ရနေနိင်ဖို့ အတွက် တရုပ်က ဒီအဖွဲ့ ၅ ဖွဲ့ ကို ကြားခံ ဒေသ အဖြစ်အသုံးပြုနေပါတယ်။ ဒီ အဖွဲ့တွေ ကို နယ်မြေဖြတ်သန်းခွင့်၊ ထောက်ပံရေးနဲ့ နည်းပညာတွေကို ထောက်ပံ့ပေးနေပါတယ်။
Thursday, 27 August 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment