ပြီးခဲ့တဲ့လက နေ ကြပ်မှုဖြစ်ခဲ့တယ်။ နေကြပ်မှုကြောင့် လ၊ကမ္ဘာ နဲ့ နေ တို့ တတန်း တည်း ကျသွားတဲ့အတွက် ဆွဲအားတွေဖြစ်ပေါ်ပြီး မုန်းတိုင်း တွေ ငလျင်တွေ ဖြစ်ပေါ်လာနိင်တယ်လို့  ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ သြဂုတ်လ ၉ ရက်နေ ညနေ ၇ နာရီက ကျနော်တို့ အစည်းဝေးပြီး တော့ စားသောက်ဆိုင်တခုမှာ ညစာစားနေတုံး မှာ ငလျင်လှုပ်တယ်။ စားသောက်ဆိုင်က နှစ်ထပ် စားသောက်ဆိုင်နံရံမှာ ချိတ်ထားတဲ့ ပိုစာတာတွေ၊ မီးလုံးတွေဟာလှုပ်ခါ နေတယ်။ ငလျင်က ၅ စက္ကန့် လောက်ကြာပုံရတယ်။ ရစ်ချာတာစကေး ၅ ကျော်တယ်လို့ သိရတယ်။ ၁၀ ရက်နေ့ ညဖက်မှာတော့ ငလျင်ထပ်လှုပ်ပြန်တယ်။ ကျနော်အိပ်နေ တုံးအချိန် နံနက် ၄ နာရီလောက်ဖြစ်တယ်။ ငလျင်ကြောင့် တအိမ်လုံး သိသိသာသာ လှုပ် ခါသွားတယ်။ ကျနော်လည်း ငလျင်လှုပ်တာကို ဒါပါနဲ့ဆိုရ့င် ၃ ခါတိတိ ကိုယ်တွေ့ကြုံ ဘူးခဲ့ပါတယ်။ ပထမဆုံးအခါကတော့ ပုဂံငလျင်ပါ။ ဒီငလျင်ကြောင့် ပုဂံမှာရှိတဲ့ စေတီပုထိုးတွေ ပြိုကြသွားတယ်။
ငလျင်က ရန်ကုန်ကိုအဖျားရိုက်ခဲ့တယ်။ ဒီတုံးက ကျနော်က အိမ်ေ ဘး ကရေတွင်းမှာ ရေခတ်နေတယ်။ နေ့ လည် ၁၁ နာရီ လောက်မှာ ရေခတ်နေတုံး ငလျင်လှုပ်တာဖြစ်တယ်။ ငလျင်ကြောင့် ရေတွင်းထဲက ရေတွေ ဘောင်ဘင်ခတ်နေတယ်။ ပုဂံငလျင်ကြောင့်ရှေးဟောင်း စေတီပုထိုးတွေ ပြိုကြတော့သမိုင်းအမွေအနစ်တွေဟာသဘ၀ဘေးဒဏ်ကြောင့် ပျက်ဆီးကုန်ရတယ် ။ မဆလခေတ်မှာ တိုင်းပြည်ကလည်းဆင်းရဲတော့ ဒီပျက်ဆီးမှုတွေကို လုံလောက်အောင်မပြုပြင်နိင်ခဲ့ပြန်ဘူး။ ၈၈ ပြီးတော့ နအဖတက်လာတော့မှာ ပုဂံဘုရားတွေဟာ ယူနက်စကိုက ရှေးဟောင်းဘုရားလို့တောင်အသိမှတ်မပြုတဲ့ ဘ၀ ကိုရောက်တောာ့တယ်။ နအဖ တွေ က မူလလက်ရာတွေကို ပြန်လည် ပြုပြင်ခဲ့မှုကြောင့်ရှေးဟောင်းလက်ရာတွေပျက်စီးကုန်ပြီလို့ ယူနက်စကို ဆိုပါတယ်။ သဘာဝ ဘေးထက်ဆိုးတဲ့ နအဖ ဘေးပေါ့ဗျာ။
သြဂုတ်လ ၁၁ ရက်နေ့ ကတော့ အိန္ဒိယ သုမုဒရာထဲမှာ ရစ်ချပ်တာ စကေး ၇ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ဆူနာမီဖြစ်ပေါ်လာနိင်တယ်လို့ သတိပေးမှုရှိနေပါတယ်။ အားလုံးသတိထားကြဖို့ တိုက်တွန်းလိုတယ်။ သတိပေးထားတဲ့နေရာတွေက ပြင်ခရိုင်၊ ချဲဒူးဘာကျွန်း၊စစ်တွေ၊မြိတ်နဲ့ ရန်ကုန်မြို့ တို့ ပါနေပါတယ်။ ပင်လယ်ကမ်းစပ်ကို သွားသူများသတိထားသင့်တယ်။ ဆူနားမိသတိပေးမှုတခုကတော့ ပင်လယ်ရေတွေရုတ်တရက် ကျသွားရင် အမြန်ဆုံး ကုန်းပေါ်တက်ပြီး မြင့်တဲ့အရပ်ကိုပြေးကြဖို့ ဖြစ်ပါတယ်။
ဒီတခါနေကြပ်မှုက ၅ စက္ကန့် နီးပါးကြာတယ်လို့ ဆိုတယ်။ သမိုင်းမှာ အကြာဆုံးနေကြပ်မှုလို့ ဆိုတယ်။ နေကြပ်ချိန် - လ-ကမ္ဘာ-နေ ၀င်ရိုးတန်းကျဆွဲအား သက်ရောက်မှုကြောင့် ရေကြီး၊မြေပြို၊ ငလျင်လှုပ်၊မီးတောင်ပေါက်၊ ဆူနားမီ တွေဖြစ်ပေါ်လာလိမ့်မယ် ။ အားလုံး ဘေးအန္တရယ်ကင်းဝေးနိင်ပါစေ ။
မိုးသီး
ခေတ္တ- တိုကျို မြို့ 
Monday, 10 August 2009
နေကြပ်ခြင်း နောက်ဆက်တွဲ သဘာဝ ဘေးအန္တရယ်များ
at 21:53
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment