Wednesday 5 August 2009

ဂျာကာတာ ရိုက်စားပွဲ

-မြတ်စိုး-
တိုကျို၊ ဂျပန်
၀၈.၀၆.၂၀၀၉


မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အလွန်ရေးကြီးနေတဲ့ အချိန်၊ ပြည်သူတွေရဲ့ လှုပ်ရှားမှု ရေချိန်မြင့်မားတိုင်းမှာ နအဖ စစ်အုပ်စု နှင့် ပြည်ပ နိုင်ငံရေးပြန်ပေးဆွဲသမားတွေ ဟာ လှပတဲ့ တိုက်ကွက်တွေဆင်ပြီး အတိုက်အခံ အင်အားစုတွေရဲ့ အာရုံကို လွှဲပြောင်းစေခြင်း၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအချင်းချင်း ရန်လိုတင်းမာမှုများကို ဖန်တီးခြင်းများကို ပြုလုပ်လေ့ရှိတယ်။ ပြည်ပမှာတော့ ဒီမိုကရေစီ RoadMap လိုမျိုးတွေ၊ မယ်နယ်ပလော စီမံကိန်းမျိုး လို၊ Transitional Plan ဆိုတာမျိုးတွေလို နိုင်ငံရေးလုပ်စားမဲ့ အစီအစဉ်တွေကို ယူလာပြီး၊ ဒီမိုကရေစီ အင်အားစုများ အချင်းချင်းအကြား သွေးကွဲအောင် ဖန်တီးလေ့ရှိတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အတိုက်အခံ အင်အားစုတွေကို အားလျော့သွားအောင်၊ အချင်းချင်းပဋိပက္ခတွေကြီးထွားလာအောင်၊ ယုံကြည်မှုတွေ နည်းပါးအောင် ဖန်တီးလေ့ရှိတယ်။ နိုင်ငံရေးလုပ်စား သူတွေဟာ နိုင်ငံတကာ အလှူရှင်တွေကို သူတို့ဟာ ဒီမိုကရေစီ အင်အားစုကြီးကို ပဲ ကိုယ်စားပြုသယောင်ယောင် နဲ့ နိုင်ငံရေး ပြန်ပေးဆွဲမှုတွေ ကိုပြုလုပ်ကြတယ်။

အထူးသဖြင့် ပြည်ပရောက် အခွင့်အရေးသမား နိုင်ငံရေးလုပ်စားနေသူတွေဟာ ဒီမိုကရေစီ အင်အားစုကြီးတွေကို ပဲ ကိုယ်စားပြုနေသယောင်ယောင်နဲ့ အလှူရှင်တွေကို အားကိုး မျောက်ပြဆန်တောင်းတက် လေ့ရှိတယ်။ ကျနော်တို့က တော့ အနှစ် ၂၀ ကျော်ဖြတ်သန်း ခဲ့ရလို့ အပွေးမြင်...အပင်သိပါကြောင်း၊ ဒီလိုနိုင်ငံရေးပြန်ပေးဆွဲသူ၊ နိုင်ငံရေး လုပ်စားသူတွေ ကို ဒီမိုကရေစီအင်အားစုများအကြားမှာ ပြင်းပြင်းထန်ထန်ရှုတ်ချကြပါလို့ တိုက်တွန်းပါရစေ။

ယနေ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်း နှင့် ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ နိုင်ငံရေးလုပ်စားနေကြသူများနှင့် ပြောင်းလဲမှုကို တိုက်ပွဲနေကြတဲ့ သူများအကြား ကွဲကွဲပြားပြားသိရှိစေဖို့ တော်လှန်ရေးအသိဖြင့် သတိထားကြပါလို့။

5 comments :

Anonymous said...

Sorry to say that "just dust off yourself and be positive once in a while" You can't bark people all the time. You're been used by SPDC while you're thinking by shrimp brain as a good opposition at all time.

Anonymous said...

ပြည်ပက နိုင်ငံရေး လုပ်စားသူတွေ ကိုအားလုံး ၀ိုင်းရှုံ့ ချ
ကြ။ နအဖ နဲ့ အပြိုင်ရာသက်ပန် နေရာယူထားကြပြီး စကားလုံး လှလှလေးတွေ ပြောနေယုံ နဲ့ ဗမာပြည် လွတ်လပ်မှာ မဟုတ်ဘူး။ ပြည်တွင်းမှာ အသေခံ တိုင်ပွဲ
ဝင်နေကြတဲ့ အချိန်မှာ အရှက်မရှိ အလှူခံပြီး ပြည်ပမှာ လူတွင်ကျယ် လုပ်နေတဲ့သူတွေ သတ္တိရှိရင် ဗမာပြည်ကို ပြန်လာပြီး နိုင်ငံရေးလုပ်ကြ။

Anonymous said...

yessssss yesssss

Anonymous said...

ပါဝါဘေ့စ် ရှိတဲ့ အင်အားစုကြိး ၂ခုပူးပေါင်းဖို့လမ်းစလေးတွေပေါ်လာလို့  ၀မ်းသာပါတယ်။ စည်းလုံးညီညွတ်ကြပါ။

Anonymous said...

what kind of power-base? begging from donors and using for their own. cheating the donors. shame on you. because of them a lot of people have lost their love lives. Our leader is paying for their blunder.