Friday 14 August 2009

ကွန်မြူနစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနေတဲ့ နအဖ

အိန္ဒိယနိုင်ငံ မြန်မာသံရုံးကို ဆေးနီသုတ်နေပုံ

-WFWW-

မနေ့က မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် က Asean အရှေ့တောင်အာရှ နိုင်ငံများ အသင်းအနေဖြင့် မြန်မာနိုင်ငံတွင် နေအိမ်၌ အကျဉ်းကျ ခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုရန် တင်ပြဆွေးနွေးခဲ့ကြသည်။ အခြားအသင်းဝင်များရဲ့ သဘောထားများကို မသိရှိရသေးသော်လည်း၊ ကွန်မြူနစ်နိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ဗီယက်နမ် နိုင်ငံများကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်ကြောင်းပြန်လည်တုံ့ပြန်ခဲ့ကြသည်။

ယနေ့ နအဖ စစ်အုပ်စုဟာ ပြည်သူထူထုရဲ့ အကျိုးစီးပွားထက်၊ ကွန်မြူနစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေး နေတာကတော့ ထင်ရှားနေတယ်။ ကွန်မြူနစ်နိုင်ငံတွေကလည်း နအဖ အကျိုးစီးပွားကို အကာအကွယ်ပေးနေတယ်။ နေပြည်တော် လှိုဏ်ခေါင်း တည်ဆောက် ဖို့ နှင့် နယူးကလီးယားနည်းပညာတွေရရှိဖို့အတွက် မြောက်ကိုရီးယားကွန်မြူနစ် အစိုးရဆီမှ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဖိုးဝယ်ယူသုံးစွဲခဲ့ပေမဲ့ ၊ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို တော့ အခြားနိုင်ငံတွေလို ငွေကြေးထောက်ပံ့ကူညီမှု၊ စီးပွားရေးကျားကန်ပေးမှု မပြုလုပ်ခဲ့ပါဘူး။

ယနေ့တပ်မတော်သားတွေအနေဖြင့် ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးမလား၊ ကွန်မြူနစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးမလား ဆိုတာ ရဲရဲဝင့်ဝင့် ဆုံးဖြတ် ရမည့် အချိန်ဖြစ်နေပါပြီ။

2 comments :

Nge Naing said...

ဒီပို့စ်လေးကို သဘောကျမိတယ်။

Aung Buu said...

These americans are just only see one side of their profits.
How selfish!!!