Tuesday, 4 August 2009

ကင်ဂျုံအီးလ် သမ္မတဟောင်း ဘေလ်ကလင်တန် နှင့် တွေ့ဆုံ


-ဇင်မင်းထက်-

အမေရိကန်သမ္မတဟောင်း ဘေလ်ကလင်တန် ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ အမေရိကန် သတင်းထောက် ၂ ဦး (Euna Lee) နှင့် (Laura Ling) လွတ်မြောက်ရေး အတွက် မြောက်ကိုရီးယားနိုင်ငံ သို့ရောက်ရှိစဉ် မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် နဲ့လည်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား နှစ်ယောက် လွတ်မြောက်ဖို့ အတွက် အမေရိကန် သမ္မတဟောင်း တယောက်အနေနဲ့ ကိုယ်တိုင် သွားရောက် ကျိုးပမ်းမှုဟာ နိုင်ငံသားတယောက်အပေါ် ဘယ်လောက်ထိ တန်ဖိုးထား သလဲဆိုတာ ပြသခဲ့တာပါ။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံခဲ့ရတဲ့ အမေရိကန် သတင်းထောက် ၂ ဦး (Euna Lee) နှင့် (Laura Ling)

သမ္မတဟောင်း ဘေလ်ကလင်တန် ဟာ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးကောင်းမွန်းစေရန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ကို ၂၀၀၀ ခုနှစ်က ပြုံယမ်းကို စေလွှတ်ခဲ့ဘူးပါတယ်။ မြောက်ကိုရီးယား အစိုးရ ဟာ အမေရိကန်သမ္မတဟောင်း ဘေလ်ကလင်တန် ကို လေးစားမှုရှိခဲ့ တယ်လို့ဆို ပါတယ်။ မနေ့ကတော့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် နှင့် သမ္မတဟောင်း ဘေလ်ကလင်တန် တို့ အကြား အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံရေး တင်းမာနေမှု အပါအ၀င် အခြားသောကိစ္စရပ်များနှင့် ပက်သက်၍ မိမိတို့အမြင်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါတယ်။

1 comment :

Anonymous said...

Why bill clinton doesn't go to Burma? THe guy in overthere is an american born white American! The one young lady he helped was a korea born American!
Because of her husband is a white guy or pay money or works for AlGore?