-WFWW-
အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးဖို့ တောင်းဆိုလိုက်ပြီး၊ သူမ အပါအ၀င် နိုင်ငံရေးပါတီများ အား ရွှေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပြုရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါသည်။ ထို့အတူ အရှေ့တောင်အာရှ ဒေသတွင်း ခေါင်းဆောင်များ ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားမှုအပေါ် လွန်စွာ စိတ်ပျက်မည့်ကြောင်း၊ သူမအားလွတ်ပေးရန် တောင်းဆို ကြောင်း အရှေ့တောင်အာရှ အဖွဲ့
(ASEAN) ၏ ထုတ်ပြန်ကြေညာချက် ထဲမှာပါရှိပါတယ်။
ဥရောပနိုင်ငံများအဖွဲ့ EU ကတော့ ပြတ်သားတဲ့ ထုတ်ပြန်ကြေညာချက် ကို CNN သတင်းဌာနမှာပြောသွားတယ် ။ ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာမဲ့ အစိုးရကို လုံးဝအသိမှတ် မပြု ပါတဲ့။ လူထု ကို ဒုက္ခပေးနေတဲ့ နအဖ စစ်အုပ်စုကို ပြင်ထန်းတဲ့ အရေးယူမှုတွေကို ပြုလုပ်တော့မယ်။
တရုတ်ကွန်မြူနစ်အစိုးရ လက်ကိုင်ဒုတ်ဖြစ်သော နအဖ စစ်အုပ်စု၏ ဆိုးသွမ်း၊အကျင့်ပျက်၊ လူသားမဆန်သော လုပ်ရပ်များကို ဒေသတွင်းနိုင်ငံများက လုံးဝလက်မခံတော့။ နအဖ စစ်အုပ်စုသည် တရုတ်ကွန်မြူနစ်အစိုးရ မှတပါး အခြားကိုးကွယ် စရာမရှိတော့ပါ။
Wednesday, 12 August 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
စစ်တပ်က တစ်ကိုယ်တော်နေလာတာကြာပေါ့...
Post a Comment