Monday, 3 August 2009

တိုကျို မြို့ Campaign For Burma Solidarity


-သာထက်-
တိုကျို

မြန်မာပြည်တွင် ဒီမိုကရေစီရေး ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ လူထုလှုပ်ရှားမှုများ ဟန်ချက်ညီညီ တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ၈ လေးလုံးကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမိုးသီးဇွန်၊ ကိုမြတ်စိုးတို့ နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ အကြား ရင်းရင်းနှီးနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာပြည်တွင် ဒီမိုကရေစီရေး ရရှိရေးအတွက် လူသားအရင်းအမြစ်များ(Human Capacity Building) မြှင့်တင်နိုင်ရေး၊ လူငယ်များ အမျိုးသားရေးနှင့် အနာဂတ်မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ရေး၊ ၈ လေးလုံးစိတ်ဓာတ် အတိုင်း စည်းစည်းလုံးလုံးဖြင့် မိမိတို့ထမ်းဆောင်နိုင်သော လုပ်ငန်းများကို တတက်တအား ပါဝင်ရေး၊ ဒီမိုကရေစီရရှိရေးတိုက်ပွဲတွင် ပြည်ပတွင် မိမိတို့တက်မြောက်ထားသော နည်းပညာများ ကို ကူညီထောက်ပံ့ပေးရေးများ၊ အမျိုးသမီးခေါင်းဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ရေး တို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

No comments :