Sunday, 2 August 2009
တိုကျို တွေ့ဆုံဆွေးနွေးပွဲမှတ်တမ်း
-ထွန်းငြိမ်း-
တိုကျို
မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သော ကိုမိုးသီးဇွန်၊ ကိုမြတ်စိုး တို့ နှင့် ဂျပန်နိင်ငံရောက်မြန်မာ ဒီမိုကရေစီအင်အားစုများ ( JAC- ဂျပန်) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ၊ ( ဂျပန်ဌာနခွဲ ) တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စလှယ်ခေါင်းဆောင်များ၊ မြန်မာနိင်ငံသားများက လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ နိုင်ငံရေးအခြေအနေများနှင့် ပက်သက်၍ မနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲ သို့ အဖွဲ့အစည်းအသီးသီးမှ စိတ်ဝင်စားသူ ၁၅၀ ကျော် တက်ရောက် ဆွေးနွေး ခဲ့ကြပြီး၊ မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်တွင်းလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရေး နည်းလမ်းများ ကို ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုယ်စလှယ်များက ပြည်နယ်အသီးသီးတွင်လည်း ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများ ကို တိုးမြှင့်ပြုလုပ်သွးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းအစည်းအဝေးကို ဂျပန်နိုင်ငံအခြေစိုက် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် ( D.F.B) မှ ကြီးမှူးကျင်းပ ပြုလုပ်ခဲ့ပြီး၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲံ့ ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နှင့် DFB ဂျပန်ဌာနခွဲ ဒါရိုက်တာ ကိုကိုအောင်မှ တက်ရောက်လာ ကြသော တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စလှယ်များ၊ ဂျပန်အခြေစိုက် ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များကို အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသွားခဲ့သည်။
at 17:33
Subscribe to:
Post Comments
(
Atom
)
6 comments :
ဆွေးနွေးပွဲနှင့် ပတ်သက်ပီး ဘာမှ ပြောစရာရှိမည်မထင်ပါ။ တခုပဲ ဘ၀င်မကျတာက ဂျပန်နိုင်ငံတွင် မြန်မာစာလုံးကို လှပစရာမလိုပါ (ယခုထက်ပိုပီးကြည့်ကောင်းအောင်လုပ်နိုင်မည်ဟုထင်ပါသည်) စာလုံးဖောက်ကာ ခေါင်းစီးစာတန်း ကောင်းကောင်းကန်းကန်း လုပ်တတ်သူများမရှိဟု ထင်စရာဖြစ်လိမ့်မည်၊ ခန့်ခန့်ညားညားမဖြစ်သင့်ဘူးလား။ လူဦးရေနှင့် စည်းဝေးပွဲနှင့် စာလျှင် ဆိုင်းဘုတ်စာလုံးများသည် သေးသိမ်လွန်းနေပါသည်။ အခမ်းအနားပြင်ဆင်ေ၇းနှင့် ပတ်သက်သော ဆောင်းပါးတပုဒ်တောင် သိပ်မကြာခင်က ဖတ်လိုက်ရပါသေးသည်၊
နောက်တခါသတိထားသင့်စေသော စေတနာနှင့်ဖြစ်ပါသည်၊
ဒီလိုဘဲ တိုကျိုမှာ အစည်းအဝေးတွေလဲ လုပ်ပေါင်းများလှပါပြီ။ ဆိုင်းဘုတ်က ပါဝင်သူတို့ နဲ့  စီမံသူတို့ရဲ့  အရည်အချင်းကို ပြနေတယ်လေ။ ရှုတ်ပွပြီး ပစ္စည်း အဟောင်း ပေါင်းစုံနဲ့  ညစ်ပတ် နေတဲ့ NLD ဌာနချုပ်ကြီး မှာလည်း ဒီလို ဆိုင်းဘုတ် မျိုးပါဘဲ။ ဘာမှမထူးပါဘူး။ ဒါကိုပြည်သူတွေရော ဘာလုပ်နေလဲလို့  ပြောချင်ကြသေးတယ်။ ကွန်မြူနစ် နိုင်ငံတွေက ထုတ်တဲ့ ကားတွေလိုဘဲ။ ပုံတုံးတော့ ဘယ်သူမှ အထင်မကြီးဘူးပေါ့။ မ၀ယ်ချင်ဘူးပေါ့။
Ah hold on....
What are u talking about? nothing to do with Signage. The target is to get rid of this military regim and get our country to abreast at least with Janpan or Korea. Those people are working for our country. Must be more productive on the serious things not on the look of Sinage. Even Bo Byoke Aung San never wear the clothes for show....off... Be realistic.
Even can not provide basic needs of ppl for our country such as Electricity and Water....what are u trying to say sinage at NLD? Not even have a small ability to fufill the basic needs of our country what should say want to make election on 2010. So stupid... Because of those stupid ppl around no wonder our country In Vain and the poorest country in the World.
I agree with what anonymous said.The most important thing is TARGET.
I deeply agree with what anonymous said.
အစည်းအဝေး တက်ရောက်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အစည်းအဝေးရဲ့ မူကိုသဘောကျပါတယ်။ ဒါပေမဲ့ အခုလက်ရှိကျွန်တော်တို့ တိုက်နေတဲ့တိုက်ပွဲဟာ လူကိုတိုက်တာမဟုတ်ဘဲ မူကိုတိုက်နေတာလို့ ကျွန်တော်ယူဆပါတယ်။ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့တစ်တွေ အားလုံးတူညီတဲ့မူဝါဒတစ်ခုကို လက်ကိုင်ထားပြီး တိုင်းရင်းသားအားလုံးနဲ့အတူ အခုလက်ရှိ မှားယွင်းနေတဲ့ အိမ်မက်ဆိုးမူဝါဒဆိုးကြီးကို အတူတူတိုက်ဖျက်ပစ်ရအောင်လို့............
Post a Comment