Thursday 20 August 2009

လူသားမျက်နှာ ( Human Face) သို့ မဟုတ် လူဖြစ်သွားတဲ့ကြံ့တကောင်




လူသားမျက်နှာ ( Human Face ) ရှိဖို့ က လူသားတယောက်မှာအရေးကြီးဆုံး။ ရန်သူဖြစ်နေတာတောင် လူသားဆန်စွာပြုမှုတုန့်ပြန် တတ်တာ၊ မတရားတာတွေကို ဒါမတရားဘူး လက်မခံဘူးလို့ သတ္တိရှိ ရှိတာတွေဟာ လူသားမျက်နာတွေဖြစ်ပါတယ်။ လူတချို့ မှာ ဒီလိုမျက်နှာရှိသလို ၊ တချို့ မှာ ဒီလိုမျက်နှာမရှိပါဘူး။
ဒီလို လူသားဆန်မှုဟာ လူသားတွင်မက ပဲ တရိစ္ဆာန်တွေမှာ လည်းရှိနေတတ်ပါတယ်။ အခုတင်ပြထားတဲ့ ဗီဒီယို မှတ်တမ်းလေးတခုက တရိစ္တာန် ဖြစ်တဲ့ ကြံ ကလေးငယ် တကောင်း က လူသား ဆန်မှုနဲ့ ရဲရင့်မှု ရှိနေခြင်းကို တွေ့ ရပါလိမ်မယ်။ သူမိခင်ကို ရန်မူလာတဲ့ ကြံထီးကြီးတကောင်ကို သတ္တိရှိရှိတုန်ပြန်လိုက်တာကတော့ တိရိစ္တာန် တကောင်ဖြစ်ပေမဲ့လူအရေအသွေး ရှိနေတာကို တွေ့ ရပါလိမ့်မယ်။

ဒီအရေအသွေးကြောင့်ပဲ ကြံ့ငယ်လေးက လူဖြစ်သွားပြီး၊
လူတွေကကြံ့ဖြစ်သွားတဲ့ဖြစ်ရပ်တွေလည်းရှိနေတတ်ပါတယ်။ လူသားဆန်ကြပါစို့ ။ လူသားမျက်နာရှိကြပါစို့ ။

1 comment :

moethee.blogspot.com said...

လူစင်စစ်ကနေ ကြံ့ ဖြစ်သွားတာတွေ့ဘူးတယ်၊ ကြံ့ ကမှ ရိုးရိုးကြံ့တောင်မဟုတ်ဘူး တော်တော်ဖွတ်ကျတဲ့ ကြံ့ဖွတ်၊