Monday 7 September 2009

အကျင့်သိက္ခာမဲ့ ကြေးစားအနုပညာရှင်များသို့



-အောင်ချမ်း-


ယနေ့မြန်မာနိုင်ငံတွင် စစ်ကျွန်ပြုနေကြသော နအဖ စစ်အုပ်စုသည် အနုပညာရှင်များကို အသုံးပြုပြီး နိုင်ငံရေးကို ခုတုံးလုပ်နေမှုများကိုတွေ့ရှိရသည်။ အနုပညာရှင်တို့၏ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရာတွင် နအဖ၏ခြိမ်းချောက် အကြပ်ကိုင်ခံနေရမှုများကို နားလည်ခွင့်လွှတ်နိုင်သော်လည်း၊ အချို့ အနုပညာရှင်လူငယ်များ သည် စစ်ကျွန်ပြုခံနေရသော ပြည်သူများ၊ ထောင်သွင်းအကျဉ်းကျခံနေရသော လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များ၏ မျက်နှာ ကို ထောက်ရှု့ ခြင်းမရှိ၊ ဆင်းရဲသော ပြည်သူများအားလည်း ထောက်ပံ့ကူညီမှုမရှိ ပဲ မိမိတို့၏ အကျိုးစီးပွားတစ်ခုတည်း ကိုသာ ကြည့်ပြီး ကိုယ်ကျိုးရှာဖွေမှုများကို ပြုလုပ်နေကြောင်း အထင်အရှားတွေ့ရှိလာခဲ့သည်။

လိုအပ်သည်ထက်ပို၍ တချို့သော အနုပညာရှင်များသည် နအဖစစ်အုပ်စု ခေါင်းဆောင်များ၊ မိသားစုများဝင်များ၊ အကျင့်ပျက် ခေတ်ပျက် စီးပွားရေးလုပ်ငန်းရှင်များ ၏ အသုံးတော်ခံကြေးစားများ အဖြစ် လိုက်လံ သရုပ်ဆောင်နေကြသည်။ ပြည်သူချစ်သော အနုပညာရှင် အဖြစ် အသက်မွေးဝမ်းကျောင်းပြုမလား၊ ကြေးစား အနုပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုမလားဆိုတာကတော့ အနုပညာရှင်တိုင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်တယ်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် နိုင်ငံသားအားလုံးအပေါ် နအဖ၏ စစ်ကျွန်ပြုမှု ကို ဒေါက်တိုင်အဖြစ် ထောက်ပံ့ပေးနေကြသော အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား၊ အကျင့်သိက္ခာတို့နှင့် မညီသည့် ယင်းကြေးစားသရုပ်ဆောင် လူငယ်အနုပညာရှင်များ ကို ပြည်သူများ အား အသိပေးဖော်ထုတ်ပြီး ၀ိုင်းဝန်းရှု့ ချ နိုင်ရန်၊ မြန်မာပြည်တွင်းတွင် အနုပညာချစ်မြတ်နိုးသော လူငယ်များနှင့် ဖွဲ့စည်းထားသော စစ်ကျွန်ပြု ဆန့်ကျင်ရေး မျိုးချစ်လူငယ်များအဖွဲ့ က အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း ကြားသိရပါသည်။ အထူးသဖြင့် ထိုကြေးစား နအဖ ဒေါက်တိုင် အနုပညာရှင်များ ကို နိုင်ငံတကာ သို့ သွားရောက်ဖြေဖျော်နိုင်ရန် ဖိတ်ခေါ်မှုများ မပြုလုပ်ကြရန် နိုင်ငံတကာရောက် မိသားစုများထံ အကြောင်းကြား အသိပေးထားပြီးဖြစ်ကြောင်းကြားသိရပါသည်။

ပြည်သူကို မလေးစား၊ ငွေနောက်သာ လိုက်နေကြသော ကိုယ်ကျင့်တရားပျက်ပြား နေကြသည့် ထို ခေတ်ပျက်ကြေးစား အနုပညာရှင်လူငယ် များကို ဖော်ထုတ်နိုင်ရန် ပြည်တွင်း၊ ပြည်ပ မှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော် ထားကြောင်းကြားသိရပါသည်။

6 comments :

Anonymous said...

yes, i hate them.becoz they got$ from public.but they cannot lead puplic.expect ko kyaw thu and zarganar

Kane said...

These Celebrities are just the Victims. They don't know what they are doing or they did such behaviors under some kind of Influence. We need to have some mercy and wisdom to know what's going on. We all are Victims of Military Dictatorships which descended from Myanmar Mindsets which enjoys others' misery, pain and like to harm others..so on..
This Mindset can be seen in this article..

Anonymous said...

အဲဒီလို ”ကန်ထုတ်နည်းဥပဒေသ” သုံးလာခဲ့တာ အနှစ်၂၀ ကြာတဲ့အခါမှာ ကိုယ်ဖက်ကလူတွေ ၇၅ ရာခိုင်နှုန်းလောက်ပဲ့ ပါသွားပါေ၇ာ့လား၊ ကြည့်လုပ်ကြဦး ဆရာ့ဆရာကြီးတို့..........။

Wai said...

အဆိုးဆုံးမှာ အခမ်းအနား ပွဲများ အကယ်ဒမီ ပေး ပွဲ များတွင် စင်ပေါ် မှနေ ၍ ထို အာဏာ ရူး များ ကို ကျေးဇူးတင် စကားပြော ခြင်း ပင်ဖြစ် သည်

min zaw said...

yes, they should know what they are doing...

Anonymous said...

အားလုံးက မိုးပြိုအများလုပ်စားနေကြတာပါပဲ။ သိပ်ပြီး ပေါ်ပေါ်ထင်ထင် ဖင်ယက်ဆားဖြူး မလုပ်ဖို့ လိုပါတယ်။ မချစ်သော်လည်း အောင့်ကားနမ်းနေရတဲ့ အနုပညာရှင်တွေ အများကြီးပါ။ ညွန့်ဝင်းတို့လို အဖားလွန်ပြီး အကယ်ဒမီရတာနဲ့ စင်ပေါ်တက် သူ့ကျွန်မခံပြီ လိုက်အော် ခိုင်းလို့ ဘိုခင်ညွန့်တပဲ့တွေ သတိပေးတာ ခံရတာ စင်ရော် မောင်မောင်လို ဖာခေါင်းအလုပ်လုပ်ပြီး ဗိုလ်ချုပ်တွေ ဘော မနေတာမျိုး ရှောင်နိုင်ရင် မဆိုးပါဘူး ပေါ့ ဗျာ