"Support children who have fled Burma over the border into Thailand"
ဓာတ်ပုံ- စေတနာကျောင်း(မဲဆောက်-ထိုင်းနိုင်ငံ)
-မြတ်စိုး-
၀၉.၁၁.၂၀၀၉
ကျနော်တို့ We Fight We Win ရဲ့ "Campaign For Burma Solidarity" ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွေှ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ စာသင်ကြားနေကြတဲ့ စာသင်ကျောင်းတစ်ခုကို သွားရောက်လေ့လာ အားပေးခဲ့ကြတယ်။
ကျောင်းနာမည်လေးကတော့ စေတနာကျောင်း လို့ ခေါ်တယ်။ ဒီကျောင်းမှာ ကျောင်းသား ၁၂၀ လောက် စာပေ သင်ကြားနေတာကိုတွေ့ခဲ့ရတယ်။ ကလေး ငယ်တွေရဲ့ မျက်လုံးမှာ ယုံကြည်ချက်တွေနဲ့အတူ အလင်းရောင်တန်း တွေ တောက်ပလင်းလက် နေတာဟာ အင်မတန်မှ အားရကြည်နှုးဖွယ်ရာကောင်းခဲ့တယ်။ သူတို့ဟာ အနာဂတ်မှာ ကြယ်ပွင့်တွေလို လင်းလက်တောက်ပဖို့အတွက် အားမာန်အပြည့်နဲ့ စာပေသင်ကြားနေတာ ကိုတွေ့ရှိခဲ့ရတယ်။ ကလေးငယ်တွေဆိုတဲ့အတိုင်း ဖြူစင်တယ်၊ ရိုးသားတယ်၊ပွင့်လင်းတယ်၊ အားမာန်သစ်၊ ခွန်အားသစ် အပြည့်အ၀ရှိနေကြတယ်။ ကလေးငယ်တွေဟာ ကမ္ဘာ့ကလေးငယ်တွေနဲ့ ရင်ဘောင်တန်း နိုင်အောင် ကျောင်းစာသင်ခန်းပညာမှတဆင့် အခြားစိတ်ဝင်စားသော အတက်ပညာများ၊ နည်းပညာများ၊ ဘာသာရပ်ဆိုင်ရာများကိုလေ့လာဆည်းပူးကြဖို့ အားပေးစကားတွေပြောကြားခဲ့သလို၊ ကလေးငယ်တွေရဲ့ မေးခွန်းတွေကို အပြန်အလှန် ရင်းရင်းနှီးနှီးပြောဆိုနိုင်ခွင့်ရခဲ့လို့ အရမ်းဝမ်းသာကြည်နှုးခဲ့ရတယ်။
ကိုပြုံးချို၊ မစ္စစ် အဲမလီ အပါအ၀င် ကျောင်းဆရာ၊ဆရာမတွေဟာလည်းမိမိတို့ရဲ့ ရင်သွေးငယ်တွေလို စေတနာအပြည့်အ၀နဲ့ စာသင်ကြားပေးနေတာကိုတွေ့ရတယ်။ မိမိတို့တက်မြောက်ထားကြတဲ့ ပညာတွေကို ကလေးငယ်တွေကို လက်ဆင့်ကမ်းပြီး ပညာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူတဲ့ စေတနာ (သဒ္ဓါဒါန) နဲ့အတူ သင်ကြားပို့ချပေးနေကြတယ်။ သူတို့ဟာ သူတို့ ဖြတ်သန်းနေတဲ့ သမိုင်းမှာ သူတို့ပေးဆပ်ကြယင်း အားတက်သရော် တက်နိုင်တဲ့တာဝန်တွေကို ထမ်းဆောင်နေကြတာတွေ့ရလို့ အင်မတန်မှ ဂုဏ်ယူဖို့ ကောင်းလှတယ်။
အမှန်ပါပဲ။ ပညာရေးသည် နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်သည့်အလျှောက် အဘက်ဘက်မှ ယိုင်လဲ ချို့တဲ့နေသော မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းနိုင်ရန် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးသည် နိုင်ငံတခုအတွက် အရေးကြီးလှသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်လာကြမဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး မိမိတို့ တက်နိုင်သလောက် ၀ိုင်းဝန်းပံ့ပိုးပေးကြပါလို့။
စာသင်ကျောင်းအတွက် လိုအပ်တဲ့ပစ္စည်းများ ၀ယ်ယူရန် ဂျပန်နိုင်ငံအခြေစိုက် ဒီမိုကရေစီမဟာမိတ်များ အဖွဲ့ချုပ် ( D.F.B) မှ လှူဒန်းသောငွေ အမေရိကန်ဒေါ်လာ ၂၀၀ ကို စေတနာကျောင်းကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်။
2 comments :
အလွန်ပဲ ကျေနပ်စရာကောင်း ပါတယ်။ မဲဆောက်မှာ
migrant workers တွေရဲ့သား သမီး တွေ၊ အနာဂတ် ကြယ်ပွင့်လေးတွေ ကို ပညာသင်ကြား ပေးနေတဲ့ ကျောင်း 54 ကျောင်းရှိတယ်
လို့ သိရပါတယ်။
ထိုကျောင်းတွေကို အကုန်မဟုတ်ရင်တောင်
ဒီထက် များများ ပိုလည်ပတ် ပြီး အကူအညီ လိုအပ်နေတဲ့ကျောင်းတွေကို တတ်နိုင်သလောက် အကူအ
ညီ ပေးစေချင်ပါတယ်။ဖြစ်နိုင်ပါက
We need more helps for their education..
“Education is the most powerful weapon which you can use to change the world.” Nelson Mandela
Great post, KMT
AP
Post a Comment