ရန်ကုန်တိုင်းရဲ မှုး ကြီး ၀င်းနိင်ကို ကြပ်ပြေးနေပြည်တော် မှာ အကျယ်ချုပ်ဖမ်းဆီးထားရမှ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ၀င်းနိင်ကို ဖမ်းဆီးရတဲ့ အမှုနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ မရှိလှပါဘူး။ ကြပ်ပြေးအသိုင်းအ၀ိုင်းကတော့ သူနဲ့ သူမိန်းမဟာ လဒ်စားမှုတွေမှာ ပတ်သက်တယ်လို့  ဆိုပါတယ်။ လဒ်စားမှုနဲ့ သာ
အရေးယူရတယ်ဆိုရင် တော့ သန်းရွှေ နဲ့ သူမိန်းမ ဒေါ်ကြိုင်ကြိုင်ကိုလည်းအရေးယူဖို့ လုံလောက်တဲ့အချက်အလက်တွေရှိတယ်လို့ 
ထောက်ပြကြပါတယ်။
သူအရေးယူခံရတဲ့ အချက်တွေထဲမှာ ရုရှားက ပြန်လာတဲ့ စစ်ဗိုလ်တွေကို ပစ်စပို့ ထုတ်ပေး လိုက်တဲ့ ကိစ္စတွေလည်းအဓိကဖြစ်တယ်လို့ 
ဆိုကြပါတယ်။ ရုရှားက စစ်ဗိုလ်တော်တော်များဟာ အင်တာနက်ကနေတဆင့်နိင်ငံတကာအခြေအနေ တွေကိုသိနေတဲ့အတွက် မြန်မာ ပြည်ကို မပြန်ခြင်ကြဘူးလို့လည်းသိရပါတယ်။
ရန်ကုန် ရဲ တပ်ဖွဲ့ အသိုင်းဝိုင်းကတော့ ၀င်းနိင်အရေးယူခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှု နဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ပြည်ထဲရေးဝန်ကြီး အမိန့် နဲ့  ၀င်းနိင်ကို တောနင်းရှာဖွေဖို့ ပြည်နယ်နဲ့ တိုင်းက ရဲမှုးကြီးတွေကို ညွန် ကြား ထားတယ်လို့  သိရတယ်။
Saturday, 12 September 2009
Subscribe to:
Post Comments
(
Atom
)
3 comments :
တိုင်းရဲမှူးကြီးက နိုင်ငံကူးလက်မှတ်ထုတ်ပေးနေလို့လား?
နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပေးတာပါ။
တိုင်းရဲမှူးကြီးဆီမှာ အဲဒီ လုပ်ပိုင်ခွင့်မရှိပါဘူး။
ကိုမိုးသီးရယ်...အိုဗာကြီးတွေသိပ်မလုပ်ပါနဲ့ ခင်ဗျားလုပ်ကွက်တွေက ခလေးကလားနဲ့ ပါလားဗျ
ရှိလို့ လုပ်ပေးလို့ ရနေတာပေါ့ကွ
မင်းတို့ရဲ မင့်ပထွေးလားတော့ မသိဘူး
ထွက်တောင်ပြေးနေပြီ ခုနှစ်ပဲ က ခုနှစ်ပဲပါဘဲကွာ
ရဲကျင့် ရဲကြံ ခွေးကျင့် ခွေးကြံ ဆိုတာဘဲရှိတယ်။
Post a Comment