ထွေးထွေးခိုင်
သံဃာအဖွဲ့ချုပ် မြန်မာနိုင်ငံနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ မှ ယနေ့ရက်စွဲဖြင့် မှ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ ထံသို့ အိပ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
ထိုအိပ်ဖွင့်ပေးစာနှင့် ပတ်သက်ပြီး သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ ၏ နိုင်ငံခြားရေး တာဝန်ခံ အရှင်ပါရမီခန္တီအား ဟံသာဝတီက မြေမြန်းရာတွင်- ဦးဇင်းတို့အနေဖြင့် ဒကာကြီး ဦးသုဝေအား အိပ်ဖွင့်ပေးစာ ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ သမိုင်း တစ်ခေတ် အပြောင်းအလဲကို ကြိုးစားဖန်တီး လုပ်ဆောင်နေကြရာတွင် စစ်သမိုင်းဆိုးတစ်ခေတ်၏ နောက်ဆုံးသမိုင်းတရားခံများ အဖြစ်သို့ မဖြစ်စေ ရန်အတွက် အိပ်ဖွင့်ပေးစာကို ပေးရခြင်း ဖြစ်ပြီးအမှန်စင်စစ် ၂ဝ၁ဝ ရွေးကောက်ပွဲသည် တိုင်းရင်းသား ပြည်သူအားလုံးအတွက် ထွက်ပေါက်မဟုတ်ပါ။ တိုင်းပြည် အပြောင်းအလဲ အတွက် အခွင့်အရေးဟုဆိုရာတွင်လည်း နအဖ စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး အသွင်ကူးပြောင်းအုပ်ချုပ်မှု ပုံစံသစ် စစ်ဂိုဏ်းဂဏ အုပ်ချုပ်ရေးအသွင်သို့ ကူးပြောင်းရေးသာဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရာတွင် အများသိပြီးဖြစ်သည့်အတိုင်း တဖက်သတ် ရေးဆွဲ ခဲ့ကြပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ အတည်ပြုရေး ပြည်သူဆန္ဒခံယူပွဲသည်ပင်လျှင် နာဂစ်မုန်တိုင်း ကာလအတွင်း ဇွတ်အတင်း အတည်ပြုခဲ့ကြသည့် စစ်ကျွန်ပြုရေး လမ်းစဉ်အား ဝိုင်းဝန်းကာကွယ် တားဆီးနိုင်စေခြင်းအတွက်လည်း ရည်ရွယ်ကြောင်း မိန့်ကြားခဲ့ပါသည်။
ထိုအိပ်ဖွင့်ပေးစာတွင်တိုင်းပြည် အပြောင်းအလဲနှင့်စပ်လျှဉ်းပြီး စစ်အစိုးရ၏ စိတ်ကြိုက်သက်သက် ပြောင်းလဲသွားစေမည့် လမ်းကြောင်းပေါ်တွင် အမျိုးသားနိုင်ငံရေးခေါင်းဆောင် တယောက်အနေဖြင်၎င်း၊ ဒီမိုကရက်တစ်ပါတီသစ်၏ ဥက္ကဌ တယောက်နေဖြင့်၎င်း ပြန်လည် စဉ်းစား သုံးသပ်ရန် လုံလောက် သည့်အချိန် မရှိသေးသကဲ့သို့ တိုင်းပြည်၏ အပြောင်းအလဲတွင်လဲ အနာဂါတ်မျိုးဆက်များအတွက် အာမခံချက် ပေးနိုင်သည့် အခြေအနေများကို ဖန်တီးလုပ်ဆောင်ရန် အချိန်မှီသေးသည်ဟု သံဃာတော်များနှင့် ဒီမိုကရေစီ အင်အားစုများက ရှုမြင်သည့်အကြောင်းနှင့်အနာဂါတ်တိုင်းပြည်သည် စစ်ဂိုဏ်းဂဏအာဏာရှင်များအောက် ကျရောက်စေမည့် အပြောင်းအလဲမျိုးမှ ကာကွယ် တားဆီးခြင်း သည် ကျွန်ုပ်တို့တမျိုးသားလုံး၏ တာဝန်ဖြစ်ကြောင်းနှင့် မဆလ တပါတီအာဏာရှင်အောက်မှ လွတ်မြောက်ရေး အတွက် ၈၈ အရေးတော်ပုံကြီး ကာလ မတိုင်မှီခေတ်အဆက်ဆက်မှစ၍ ယနေ့စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် အမျိုးမျိုးအဖုံဖုံဘဝများ အသက်ပေါင်း များစွာကို ပေးဆပ်ခဲ့ ကြသူတို့၏ သစ္စာကို စောင့်သိသောအားဖြင့် အမှန်တရားအားလုံးကို မျက်ကွယ်ပြုထားသည့် အပြောင်းအလဲ လမ်းကြောင်း ပေါ်တွင် အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တဦးအနေဖြင့် ဆက်လက်ရပ်တည်မှု၊ ဦးစီးဦးဆောင်လုပ်ကိုင် ဆောင်ရွက်နေမှုများကို နောက်ဆုတ် သင့်ကြောင်း၊ပြည်သူ လူထု ရှေ့မားမားမတ်မတ်ရပ်ပြီး စစ်မှန်သည့် အမျိုးသား လွတ်မြောက်ရေးကြိုးပန်းမှုကြီးတွင် ပါဝင်ရန် သံဃာထု တရပ်လုံး နှင့် ဒီမိုကရေစီ ရရှိရေးကြိုး ပန်းနေကြသူများမှ တိုက်တွန်းကြောင်းစသည်ဖြင့်ပါရှိပါသည်။
ဦးသုဝေသည် ၁၉၉၅ ခုနှစ်တွင် အစိုးရဆန့် ကျင်ရေးစာရွက်စာတမ်းဝေငှ မှုဖြင့် ထောင်ဒဏ် အပြစ်ပေးခံရပြီး၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဦးသုဝေသည်စက်တင်ဘာလ ၁၄ရက်နေ့ က ရန်ကုန်မြို့ ဒေါ်လဖင် စားသောက်ဆိုင်တွင် “၂၀၁၀ မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ”ဟု အမည်တပ်ထားသည့် ပွဲတစ်ခု ကို ကျင်းပပြီးနောက် ဒီမိုကရက်တစ် ပါတီ ဟူသော နာမည်ဖြစ်ပါတီသစ် တစ်ခုတည်ထောင်က ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည် ဖြစ်ကြောင်းကြေညာခဲ့ပြီး နောက် သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ မှ ပထမဆုံး အိပ်ဖွင့် ပေးစာ ပေးခြင်း ဖြစ်သည်။
http://www.hanthawaddy.org/2009/09/blog-post_593.html
ထွေးထွေးခိုင်
No comments :
Post a Comment