Thursday, 17 September 2009

မြန်မာ သံရုံးဝန်ထမ်းများ ရွေးကောက်ပွဲကို ၀ါဒဖြန့် ပေးနေကြရခြင်း

အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ မြန်မာ သံရုံးဝန်ထမ်းများကို သံမှုးများ မြန်မာ မိသားစုများထံသို့ တအိမ်ပြီးတအိမ် ဖုန်းဆက်ပြီး
ရွေးကောက်ပွဲကို လက်ခံရန် လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိပါတယ်။ ကနေဒါမှာရှိတဲ့သံရုံးကတော့ ကိုမိုးသီးလည်းရွေးကောက်ပွဲကို လက်ခံထားပါပြီ ၀င်ဖို့ ပြင်နေပါပြီလို့  အဲလ်ဘားတား ပြည်နယ်မှာနေထိုင်တဲ့ ဦးဇော်နိင်အိမ်ကို ဖုန်းဆက်ပြီး ပြောတယ်လို့ သိရပါတယ်။ နအဖ မှ ကြီး မှုးပြုလုပ်မဲ့ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ တခုဖြစ်မလာ နိင်ပါဘူး။ သူတို့ ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကိုအယုံအကြည်မရှိဖြစ်နေပုံရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ဟာ
တရားမျှတတဲ့ရွေးကောက်ပွဲပါဗျာ ယုံပါဗျာ - မယုံရင် ယုန်ရုပ်ရေးပြပါမယ်လို့ ပြောနေသယောင်ဖြစ်နေပါတယ်။

ရွေးကောက်ပွဲကို လက်ခံပါ ရွေးကောက်ပွဲ ကိုနည်းလမ်းတခုအဖြစ်အသုံး ချပါလို့  ဟောပြောလှုံဆော်နေကြတဲ့အထဲမှာ နအဖ သံရုံးဝန်ထမ်းတွေတင်မက ပဲ ဒေါက်တာနေ၀င်မောင် ( The Voice Journal ) ၊ ဦးဟန်ညောင်ဝေ၊ ကျောင်းသားတွေထဲက ခရစ်စတိုဖါကိုကိုလတ်နဲ့  ပြည်ပရောက်ကျောင်းသားတချို့ လည်း တက်တက်ကြွကြွ ပါဝင်နေကြတာကလည်းဒီရွေးကောက်ပွဲရဲ ထူးခြားချက်ဖြစ်နေပါတယ်။ ပို ပြီးထူးခြားတာကတော့ ရွေးကောက်ပွဲကို လက်ခံပါလို့  ပြောသူတွေ ကိုယ်တိုင်က ရွေးကောက်ပွဲ ကို မ၀င်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကျော်အလိမ်ပွဲကြီးမှာ အသုံချ ခံမဖြစ် ကြဖို့  သတိထားကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

သူတို့  ကို ပြန်လည် အကြံပေးဖို့ ကတော့ မင်းတို့ ယုံရင် မင်းတို့ ရွေးကောက်ပွဲကိုဝင်ပါ လို့ တခွန်းတည်း ပြန်ပြီး အကြံပေးလိုက်ကြပါ။


2 comments :

min said...

ဒီလောက်ပက်စက်ယုတ်မာတဲ့သန်းရွှေနဲ့သူ့နောက်လိုက်
တွေလုပ်တဲ့ရွေးကောက်ပွဲကိုအကြောင်းအမျိုးမျိုးပြပြီး
ဝင်မယ်ဆိုတာကတော့အဲဒီ့လူတွေရဲ့စိတ်ထဲမှာအာဏာ
ဆိုတာကိုကြိုတင်ပြီးစိတ်ကူးထားတယ်ဆိုတာထင်ရှား
ပါတယ်.၈၈ကနေ၂၀၀၉ထိ၂၁နှစ်ရှိပြီ.ကျနော်တို့ဘယ်
လောက်အောင်မြင်ပြီးဘယ်လောက်ရှုံးနိမ့်ခဲ့သလဲ.ကျ
နော့်အမြင်ပြောရရင်တော့ပြည်သူတွေအတွက်ရှုံးနိမ့်မှု့
တွေသာတစ်ခုပြီးတစ်ခုရရှိခဲ့ပြီးပြည်ပမှာရှိတဲ့အတိုက်
ခံခေါ်င်းဆောင်တွေထဲကခေါ်င်ဆောင်ကြီးတစ်ချို့နဲ့
သူတို့ရဲ့နောက်တော်ပါးတွေသာငွေကြေးစည်းစိမ်
ဥစ္စာပစ္စည်းတွေကိုသူတို့ရဲ့အောင်မြင်မှု့အဖြစ်ရယူသွား
တာတွေ့ရမှာပါ။
အန္နိယနဲ့ထိုင်းမှာယုံကြည်ချက်အတွက်အမျိုး
မျိုးပေးဆပ်ခဲ့ကြရတဲ့၈၈ကျောင်းသားတွေနဲ့အရပ်သား
တော်တော်များများကတော့နိုင်ငံတကာမှာသောကတွေ
အမျိုးမျိုးနဲ့ကိုယ့်လမ်းကိုဖေါက်ပြီးဆက်လျှောက်နေရဆဲ
ပါဘဲ.ပေးဆပ်ခြင်းဟာအနာဂတ်အတွက်အရင်းအနှီးဆို
တာကိုသူတို့ယုံကြည်တယ်ဆိုတာထင်ရှားပါတယ်။
အမေရိကန်ဟာမြန်မာပြည်ကိုအီရတ်ကိုတိုက်သလို
ဘယ်တော့မှဝင်မတိုက်ပါဘူး.နိုင်ငံရေးအရဖိအားပေးရုံ
လေသံပစ်ရုံပါဘဲ.တရုတ်နဲ့အာဆီယံကတော့အိမ်နီးချင်း
ကောင်းတွေမဟုတ်တဲ့အတွက်စစ်အစိုးရကိုဘဲလက်
ခုတ်တီးပြီးအမြဲအားပေးနေမှာပါ.ကျနော်တို့နိုင်ငံရေးကို
ကျနော်တို့ဘဲလုပ်ရမှာပါ.တော်တော်များများလည်းလုပ်
နေကြတာဘဲ.ဘာကြောင့်အောင်မြင်မှု့တွေကိုပြည်သူ
လူထုမရရှိတာလဲဆိုတာကတော့၈၈ကျောင်းသားများနဲ့
မျိုးချစ်နိုင်ငံရေးသမားများဝိုင်းဝန်းအဖြေရှာကြပါလို့
တိုက်တွန်းပါရစေ.အခုအချိုန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေး
ဟာတော်တော်လေးကိုဘဲအကြည့်ရဆိုးလွန်းလှပ်တယ်။

Anonymous said...

သိပ်မှန်တယ်။ ဗမာပြည် နဲ့ နီးနီးနားနား မှာ နေကြပြီး နိုင်ငံရေးလုပ်နေတဲ့ သူတွေသာ အမှန်အကန်တွေဖြစ်တယ်။ အနောက်နိုင်ငံတွေ ကိုသွားနိုင်ရဲ့ သားနဲ့ ကိုယ့်တိုင်းပြည်နားမှာ ကပ်နေတာ ပွဲကောင်းရင် အမြန်ဝင်နွှဲလို့ ရအောင်လို့ ။