Wednesday, 30 September 2009

ဆူနာမီ သတိပေးချက်



-ကျော်ကျော်-
ဂျာကာတာ

အင်ဒိုနီရှားနိုင်ငံ စူမတ်ထရာကျွန်းအနောက်ပိုင်းရှိ မြို့တော် မှ ၃၃ မိုင်ကွာဝေးသော လူဦးရေ ၈ သိန်းကျော် နေထိုင်ရာ Padang ဒေသမှာ ရစ်ချက်တာ ၇.၆ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာလေ့လာမှုပြုနေကြသော အဖွဲ့ က ကြေညာခဲ့ ပါတယ်။ ဒီနေ့ တောင်ပိုင်း စူမတ်ထရာကျွန်းမှာ နောက်ထပ် ရစ်ချက်တာ ၆.၈ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင် ထပ်မံလှုပ်ခဲ့ကြောင်း သိရှိရပါသည်။ စုစုပေါင်း လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး၊ ရာနဲ့ချီ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တယ် လို့ သိရပါတယ်။ ရာနဲ့ချီတဲ့ အဆောက်အဦး တော်တော်များများ နှင့်လူနေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ သတင်းဌာန က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီပြင်းထန်တဲ့မြေငလျင်ကြောင့် ဒာင်ဒိုနီးရှား၊ မလေးရှား၊ထိုင်း နှင့် အိန္ဒိယ နိုင်ငံ ကမ်းရိုးတန်းတွေမှာ ဆူနာမီ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာနိုင် တယ်လို့ ကမ္ဘာ့လေထု နှင့် သမုဒ္ဒရာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေကို လေ့လာနေကြတဲ့ ပစ္စိဖိတ်ဆိုင်ရာ ဆူနာမီ သတိပေးရေးဌာနက ထုတ်ပြန်သတိပေးထားပါတယ်။ တောင်ပစ္စိဖိတ် သမုဒ္ဒရာမှာ ရှိတဲ့ စမိုအင်း ( Samoan) ကျွန်းနိုင်ငံမှာလည်း မနေ့က ရစ်ချက်တာ ၈.၀ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင်လှုပ်ခဲ့ မှုကြောင့် လူပေါင်း ၁၃၉ ယောက်ထက် မနည်းသေဆုံးပြီး၊ အိမ် နဲ့ အဆောက်အဦးများ ပျက်စီးမျော်ပါ သွားခဲ့ကြကြောင်း ရုပ်မြင်သံကြားသတင်းများမှာ ပြသထုတ်လွှင့်သွားခဲ့ကြပါသည်။

ဆူနာမီ စတင်ဖြစ်ပေါ်လာခြင်း ဟာ ပြင်းထန်းတဲ့ ရေအောက်ကြမ်းပြင် မြေငလျင်လှုပ်ခတ်ရာမှာ စတင်ဖြစ်ပေါ်လေ့ရှိကြပြီး ၊ ဘယ် မြေငလျင်က စတင် ဖြစ်ပေါ်လာမလည်း ဆိုတာက ခန့်မှန်းရခက်ကြောင်း သတိပေးပြောကြားထားပါတယ်။ ဂျပန်နိုင်ငံမှာ လည်း ပြင်းအား နဲသော မြေငလျင်များဆက်တိုက် လှုပ်ခတ်နေပြီး၊ ဘယ်တော့ ပြင်းအားကြီးတဲ့ မြေငလျင် လှုပ်လာမလည်း ဆိုတာ ခန့်မှန်းရခက်နေကြောင်း ဂျပန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ လေ့လာမှု ပြုနေကြသော ပညာရှင်များက ပြောဆိုနေကြတယ်။


No comments :