၈၈တုံးက အင်စိန်ထောင်တွင်း ပြစ်ခတ်နိမ်နင်းတဲ့အတွက် ထောင်ဆူခဲ့တယ်။ ထောင်သားတွေထောင်ဖေါက်ကြတယ်။ ဒီတုံးက အကျဉ်းသား က ခုလောက်များပုံမရဘူး။ လွတ်လာတဲ့ထောင်သားတွေကို ကျနော်တို့  ကျောင်းသားတွေက ဆေးရုံးကြီးဝန်းထဲမှာ စုရုံးခေါ်လာတယ်။ အပြင်မှာက နိင်ငံရေးအခြေအနေရှုပ်ထွေးနေတယ်။ မဆလ အုပ်ချုပ်ရေးက ပျက်သွားပြီ။ ရန်ကုန်မြို့ ကို ကျနော်တို့  အုပ်ချုပ်ထားချိန်ဖြစ်တယ်။ ထောင်သားတွေကို ကျနော်တို့  ထမင်းကြွေးတယ်။ ပိုက်ဆံပေးတယ်။ေ နရပ်ကိုပြန်နိင်ဖို့ စီစဉ်ပေးကြတယ်။
ကျောင်းသားသမဂ္ဂက သူတို့ ကို ယာယီ အိုင်ဒီသဘောမျိုး ၊ထောက်ခံစာသဘောမျိုးရေးပေးခဲ့ရတယ်။ ထောင်သားတွေ လူထုလှုပ်ရှားမှု ကိုလာပြီမနောက်ယှက်နိင်အောင် ရည်ရွယ်ချက်နဲ့ ကျနော်တို့ စီစဉ်ပေးလိုက်တာပါ။ မဆလ က ထောင်သားတွေကိုလွတ်ပြီး လူထုလှုပ်ရှားမှုကို ပျက်ဆီးအောင် ထိမ်းမနိင်သိမ်းမရတာတွေလုပ်လာ တာဆိုတဲ့ စိုးရိမ်စိတ်တွေကိုလည်း ကျနော် တို့  ထိမ်းသိမ်းနိင်ခဲ့တယ်။
ခု နအဖ က ထောင်သား ၇ ထောင်ကျော်ကိုလွတ်ပေးတယ်။ ပြသာနာ အပြင်မှာ ထောင်မကျပဲကျန်ခဲ့တဲ့ မိသားစုတွေကိုယ်တိုင်က စား ၀တ်နေရေးကြပ်တည်နေချိန်ဆိုတော့ ဒီထောင်သားတွေ ရဲ့  ရာဇ၀တ်မှုတွေပြန်လည်မကျူးလွန်လာဖို့ အတွက် အစိုးရက ပြန်လည်နေရာချထားရေးအစီအစဉ်တွေ ရှိသင့်တယ်လို့ထင်တယ်။ နအဖ ကတော့ ထောင်သားတွေကိုအလွတ်ပြပြီး သူက နိင်ငံရေးအကျဉ်းသား တွေ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သလို နိင်ငံရေးအမြတ်ထုတ်နေတာက လွဲလို့ ဘာစီအစဉ်မှ ရှိပုံမရဘူး။
မိုးသီးဇွန်
1 comment :
အကျဉ်းချခံနေရတဲ့သူတွေကိုလွတ်လပ်ခွင့်ပေးလိုက်တာ
သာဓုခေါ်ပါတယ်.ဒါပေမဲ့လွှတ်ပေးလိုက်တဲ့အစိုးရကလူ
တွေသတ်ရုံတင်မကသံဃာတော်တွေကိုပါသတ်နေတာ
ဆိုတော့နောက်ကွယ်မှာနှောင်ကြိုးတွေတော့ရှိမှာသေချာ
တယ်၈၈အရေးအခင်းမှာကတည်းကအတွေ့အကြုံရှိပြီး
သားဆိုတော့သံသယတော့မကင်းဘူး.
ဒီကောင်တွေသုံးနေတဲ့လူတွေကလူမိုက်တွေလူ
ယုတ်မာတွေများတာအားလုံးလည်းသိကြတာဘဲတော်
တော်လေးတော့ပြည်သူတွေသတိထားရလိမ့်ထင်ပါ
တယ်.သန်းရွှေလိုလူမျိုးပါးစပ်ကစေတနာတွေမေတ္တာ
တွေထွက်လာပြီဆိုရင်ပြည်သူတွေအတွက်အန္တာရယ်ရှိ
တယ်.လူကြီးသူမတွေပြောဘူးတာကြားဘူးတယ်.ပခုံး
နှစ်ဘက်ကြားခေါ်င်းပေါက်တိုင်းလူမဟုတ်ဘူးဆိုတာ
အဲဒါသန်းရွှေကိုပြောတာ.လူမဟုတ်တဲ့သူကိုလူလိုသွား
ပြောပြီးနားချလို့ကတော့အချိုန်ကုန်လူပန်းတာဘဲရှိမယ်
အချိုန်တွေကုန်လာခဲ့တာလဲ၂၁နှစ်ရှိသွးပြီဆိုတာသ
ဘောပေါက်ဖို့တော့ကောင်းပြီဗျို့။လူထုကိုခေါ်င်းဆောင်
နေတဲ့လူကြီးများခင်ဗျာ...ပြည်ထဲမှာရှိတဲ့NLDကတော့
ဒေါ်စုအကျယ်ချုပ်နဲ့ထိန်းသိမ်းခံနေရချိုန်တွေမှာဘာတစ်
ခုမှထိရောက်တဲ့ခေါ်င်းဆောင်မှု့ပြတ်သားတဲ့ဆုံးဖြတ်
ချက်တွေနဲ့ပြည်သူကိုဦးမဆောင်နိုင်တာထင်ရှားပါတယ်။
သူတို့မှာလဲဆူးကြားထဲကဘူးသီးပါ.ပြည်ပမှာရှိတဲ့ခေါ်င်း
ဆောင်ကြီးတို့လိုလွတ်လပ်မှု့မရှိပါဘူး.ကျနော်တို့ပြည်ပ
မှာရှိနေကြတဲ့လူတွေကပြည်ထဲကလူတွေကိုထိုးမကျွေး
ဘဲကိုကိုယ်တိုင်စွန့်လွှတ်အနစ်နာခံကြရင်ပိုကောင်းမယ်
လို့ထင်ပါတယ်.ပြည်သူတွေသံဃာတော်တွေရဲ့သွေးတွေ
မြေကျခဲ့ရတာလည်းမနည်းတော့ပါဘူးဗျာ.
အခုလက်ရှိခင်ဗျားတို့ကျနော်တို့နေထိုင်ကြတဲ့နိုင်ငံ
တွေဟာအလုပ်ရှိရင်စားဝတ်နေရေးသာမကလူတန်းစေ့
အောင်ကောင်းကောင်းနေလို့ရပါတယ်.မြန်မာပြည်ထဲက
သန်းပေါင်းများစွာသောဒုက္ခရောက်နေတဲ့ပြည်သူတွေကိုညာပြီးမှစားရတဲ့ထမင်းတစ်လုပ်ကိုမှချိုမြိန်တဲ့လို့ထင်နေ
ရင်တော့ခင်ဗျားတို့ရဲ့လမ်းစဉ်ကိုမစွန့်ကြနဲ့ပေါ့။
Post a Comment