Friday 2 October 2009

လစ်ဗျား ခေါင်းဆောင် ကဒါဖီ နှင့် သူ၏ ရွက်ဖျင်တဲ ပြဿနာ

ကဒါဖီ ရဲ့ ယာယီ ရွက်ဖျင်တဲ

-ထက်ရည်မွန်အိမ်-

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းဝေးကို တက်ရောက်ခဲ့ တဲ့ လစ်ဗျား ခေါင်းဆောင် မိုဟာမက် ကဒါဖီ ဟာနယူးယောက်မြို့ ဆင်ခြေဖုံရပ်ကွက် (Bedford) ရှိ သူတည်းခိုရာ ဟော်တယ် ရှေ့  ပုဂ္ဂလိကပိုင် မြေကွက်တကွက်မှာ အာရပ်ဓလေ့နဲ့ အညီ ရွက်ဖျင်တဲထိုးနေခဲ့ပါတယ်။ သူဟာနိုင်ငံခြားခရီးစဉ် ကို သွားရောက်လည်ပတ်တိုင်း ဒီလို အာရပ်ဓလေ့နဲ့ အညီ ရွက်ဖျင်တဲထိုးလေ့ရှိတယ်။ မော်စကို၊ ပဲရစ်၊ ရောမ ( Rome) လို မြို့ ကြီးတွေကို သွားရောက် လည်ပတ်တိုင်း သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ အာရပ်ဓလေ့နဲ့ အညီ ရွက်ဖျင်တဲထိုးနေလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက် နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းဝေးကို လာတက်တဲ့ အခါမှာတော့ သူဟာ မန်ဟာတန် မြို့ လယ်ပန်းခြံ (Manhattan's Central Park) နဲ့  နယူးဂျာစီပြည်နယ် က Englewood မြို့ မှာ ယာယီတဲစခန်းဆောက် လုပ်ဖို့ ခွင့်ပြုချက်ရအောင် ကြိုးစားခဲ့ပေမဲ့၊ မရရှိခဲ့ပါဘူး။

ဒါကြောင့်မိုလို့ သူဟာ ပုဂ္ဂလိကပိုင်မြေကွက်တခုဖြစ်တဲ့ နယူးယောက်မြို့ ဆင်ခြေဖုံရပ်ကွက် (Bedford) မှာ ယာယီ တဲထိုးတည်ဆောက် နေရာယူခဲ့ တယ်။ ဒါပေမဲ့ ဆင်ခြေဖုံရပ်ကွက် (Bedford) တွင် နေထိုင်သူများ နှင့် ဟိုတယ် ပိုင်ရှင် က လာရောက် ကန်ကွက်တဲ့အတွက် ရဲက ဖျက်ပေးဖို့ လာရောက်တောင်းဆို ခဲ့ပါတယ်။ သူတို့ က ဒီတဲအိမ်တွေ ဟာ ဒေသဆိုင်ရာနှင့် အိမ် ဆောက်လုပ်ရေး ဥပဒေ တွေကို ဖောက်ဖျက်တယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ လစ်ဗျားခေါင်းဆောင်များရဲ့ သက်တော်စောင့်များက ပထမ အမိန့် ကို လွန်ဆန်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ မြို့တော်အုပ်ချုပ်ရေး အမိန့် ဖြင့် ဖယ်ရှားပေးရမယ်လို့ ဆိုတယ်။

ကဒါဖီ တဲထိုး နေထိုင်မှု ကို လက်မခံဖို့ တောင်းဆိုခဲ့ကြသော နယူးဂျာဆီပြည်နယ်၊ Englewood မှာ နေထိုင်သူများ

ယာယီ တဲအိမ် ကို လွန်ခဲ့သော သောကြာနေ့ က ယူဟော ( U-Haul) ထရပ်ကား ထဲသို့ ပြန်လည် သိမ်းဆည်း လိုက်ကြောင်း လစ်ဗျား အစိုးရ တာဝန်ရှိသူက ပြောဆိုခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းဝေးကို လာတက်တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဗီနဲ့ သူ့အဖွဲ့ဟာ အမေရိကန် နိုင်ငံမှ သောကြာနေ့ မှာ ထွက်ခွာမယ်လို့ ပြောဆိုသွားတယ်။ ဒါကြောင့်မိုလို့ ဒီယာယီတဲ ကို မလိုအပ်တော့ ကြောင်း ပြောဆိုခဲ့တယ်။ “ဒါဟာ ကြိုဆိုရမယ့် သတင်းဖြစ်တယ်” လို့ Bedford မြို့ တော် အုပ်ချုပ်ရေး ကြီးကြပ်ရေးမှူး Lee Roberts က ပြောဆိုခဲ့ပါသည်။

တဲအိမ်ဟာ သစ်ကုလားအုတ်ပုံ ပါဖြင့် ပြုလုပ်ထားပြီး နယူးယော့ခ်မြို ၏ သစ်ပင်များ ပေါများသော ဆင်ခြေဖုံး ဒေသ မှာ ဖြစ်တာကြောင့် လူတွေကို ၄ ရက်တိုင်တိုင် အံ့သြစေခဲ့တာတော့ အမှန်ပါပဲ။

အခုတော့ လစ်ဗျားအစိုးရတာဝန်ရှိသူများဟာ သမ္မတ မိုအာမာ ဂက်ဒါဖီ သွားရောက် လည်ပတ်မည့် တောင်အမေရိက တိုက်ရှိ ဗင်နီဇွဲလားနိုင်ငံ တွင် တဲအိမ်အသစ်ကို ဆက်လက် တည်ဆောက်နေကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံတွင် တဲအိမ်တည်ဆောက်ခွင့်မရသော လစ်ဗျား ခေါင်းဆောင်ဟာ Venezuela နိုင်ငံတွင် Margarita ကျွန်းနှင့် ပတ်သက်ပြီး တောင်အမေရိကနိုင်ငံများနှင့် အာဖရိက နိုင်ငံများ တို့  စနေနေ့ တွင် ပြု လုပ်မည့် အစည်းအဝေးသို့ သွားရောက် တက်ရောက် မှာဖြစ်ပြီး၊ သူနေထိုင်ဖို့ အာရပ်ဓလေ့နဲ့ အညီ ရွက်ဖျင်တဲ တည်ဆောက်နိုင်ရန် မျှော်လင့်ချက် ထားရှိကြသည်။

သမ္မတ Hugo Chavez က ကဒါဖီဟာ အဲဒီ့မှာ သူ့ ရဲ့တဲအိမ်တွေကို ဆောက်လုပ် ဖို့ ခွင့်ပြုမှု ရရှိထားပါတယ်.. သောကြာနေ့ မှာတော့ အပန်းဖြေဟော်တယ် ( resort hotel) နားမှာ တဲတလုံးထပ်ပြီး ပြုလုပ်စေခဲ့ပါတယ် လို့ ကြာသပတေးနေ့ မှာ ပြောကြားခဲ့ပါသည်။

ကဒါဖီ က တဲ လုပ်ငန်းကိစ္စရပ်တွေအတွက် သဘောကျကြောင်း ဖော်ပြခဲ့ပါတယ်။ သူ သွားရောက် လည်ပတ်ခဲ့တဲ့ မော်စကို၊ ပဲရစ်၊ ရောမမြို့ နဲ့  အခြားနေရာများမှာ သူတို့ ရဲ့ တဲတွေ ဆောက်ခွင့်ရခဲ့လို့ပါ။ ဒါပေမဲ့ အခု ကုလသသမဂ္ဂ အထွေထွေညီလာခံ ခရီးစဉ်အတွက်တော့ သူဟာ မန်ဟာတန် မြို့ လယ် ပန်းခြံ (Manhattan's Central Park ) နဲ့  NJ က Englewood မှာ တဲစခန်းဆောက် လုပ်ဖို့  ကြိုးစားခဲ့ပြီးပေမဲ့၊ ခွင့်ပြုချက် မရရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့ တဲကို Donald Trump ပိုင်တဲ့ ခြံကြီးထဲက ကျောက်တုံးတွေနဲ့ အိမ်နားက တောင် လှေကားထစ် မှာ ယာယီတဲထိုးနေခဲ့ကြတယ်။ မြင်ရတဲ့အခါမှာ တဲဟာ သိပ်မကောင်းဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒါဟာ ဗိသုကာပညာနဲ့  မပြည့်စုံလို့ ပဲလို့ သူက ဆိုသည်။

ကဒါဖီဟာ အကြမ်းဖက်သမားတွေရဲ့ မိတ်ဆွေလို့ စွပ်စွဲခံခဲ့ရတယ်။ သူဟာ Scotland ရဲ့ Lockerbie မြို့ ကို Pan Am 103 လေယာဉ်နဲ့  ၁၉၈၈ နှုစ်မှာ ဗုံးဖောက်ခွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ Adbel Baser al-Megrahi ကို အိမ်ကို ဖိတ်ခေါ်ခဲ့တဲ့ တာကြောင့်လည်း အဲလို စွပ်စွဲခံရတာဖြစ်တယ်။ Al- Megrahi ဟာ Scotland အကျဉ်းထောင် ကနေ မမျှော်လင့်ဘဲ လွတ်မြောက်ခဲ့တယ်.. အကြောင်းကတော့ သူဟာ ကင်ဆာကြောင့် ဆုံးပါးခါနီး မိုလို့ ပဲ ဖြစ်တယ်။

Bedford မြို့ တရားရုံးရှေ့နေချုပ် Joel Sachs က သူ အရေးယူဖို့ မလိုဘူးဆိုတာသိပေမဲ့ ရာဇ၀တ်မှုနဲ့ ဆင့်ခေါ်ခံရဖို့ တော့ ရှိနေဦးမယ်လို့ ပြော ခဲ့ပါတယ်။ သူတို့ ဟာ လာမယ့် အပတ်မှာ မြို့ နယ်တရားရုံးမှာ ဖြေရှင်းကြားမှာဖြစ်ပြီး ရလာဒ်ကတော့ တနေ့ ကို ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ဖြစ်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

လစ်ဗျား အစိုးရ တာဝန်ရှိသူ Khalifa က ကြာသပတေးနေ့ ညမှာ တဲအိမ်တွေရှေ့ မှာ ရပ်ပြီး ဒါတွေဟာ ဥပဒေ ဘောင်ထဲက ဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ကဒါဗီ ဟာ Bedford မှာ ဥပဒေချိုးဖောက်မှုတွေကို ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ဒါဟာ လစ်ဗျား ခေါင်းဆောင် တွေ ရဲ့ ဂုဏ်သိက္ခာလို့ ပြောခဲ့ပါတယ်။

“တဲအိမ်တွေက နိုင်ငံနဲ့ သမ္မတတွေရဲ့ သင်္ကေတပါ..သူတိုသွားတဲ့နေရာတိုင်းကို ဒါတွေက လိုက်နေတာပဲ” လို့ သူက ပြောခဲ့ပါတယ်။

1 comment :

Hawk Hunter said...

အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ် မနွယ်တော့ မသိဘူး၊ တဲအိမ်တွေကို သွားလေရာ ခေါ်တာကတော့ ခေတ်နောက်ပြန်ဆွဲပြီး Globalization နဲ့ လိုက်လျှောညီထွေ မနေနိုင်မှန်း သိသာတယ်။
တော်သေးတာပေါ့ တို့နိုင်ငံက ဘဘကြီး တွေလည်း သွားလေရာ ယာယီတဲနန်းထိုးခိုင်းနေရင် ဒုက္ခ...
တော်ကြာ ကဒါဖီကို အားကျပြီး နိုင်ငံတကာ အစည်းအဝေး သွားတက်ရင် မောင့်ကျက်သရေ ခေါင်းပေါင်း၊ ရင်ဖုံးတိုက်ပုံနဲ့ တောင်ရှည်ပုဆိုး ၀တ်ပြီး သွားတက်ရမယ်၊ ယာယီတဲနန်း ဆောက်ပြီး နေရမယ် ... ဒါဟာ မြန်မာတွေရဲ့ သင်္ကေတ ဖြစ်တယ် ဆိုပြီး အမိန့်ထုတ်ရင် ဒုက္ခပဲ ... ဟီး ဟီး