Friday 9 October 2009

အမေရိကန်သမ္မတ အိုဘားမား နိုဘယ်ဆု ရရှိ

အမေရိကန် သမ္မတ အိုဘားမား ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း နိုဘယ်ဆုကော်မတီက ကြေညာလိုက်ပါတယ်။ သူ့ကိုဆုချီးမြင့်ရတဲ့အကြောင်းကတော့ ရုရှားနဲ့ နယူးကလီးယား လက်နက် လျော့ချရေး ထိမ်းချုပ်ရေး ကိုလုပ်နိင်တာရယ်၊ မွတ်စလင်ကမ္ဘာ နှင့် အမေရိကန် ဖြစ်နေတဲ့တင်းမာမှုတွေကိုလျော့ချနိင်တာရယ်၊ ရာသီဥတုဖေါက်ပြန်နေမှုမှာ အမေရိကန်က ပိုမိုပူးပေါင်းဆောင်ရွက်လာအောင် ဆောင်ရွက်နိင်တာတို့ကြောင့် လို့ဆိုပါတယ်။

သူရဲ့ သမ္မတသက်တမ်း တိုတိုအတွင်းမှာ ငြိမ်းချမ်းရေးဆုကိုချီးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး အံအားသင့်စရာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ အိုဘားမား နိုဘယ်ဆုရလာတဲ့အတွက်နိင်ငံတကာ အရေးအခင်းတွေမှာ အမေရိကန်ရဲ့ အခန်း ကဏ္ဍ ကပိုပြီးပျော့ပြောင်းတဲ့ အခင်းအကျင်းဖြစ်လာမှာတော့ သေချာပါတယ်။

-မြောက်ကိုရီးယား ကို အရေးယူဆောင်ရွက်တဲ့ကိစ္စ
- အီရန်နယူကလီးယား ပြသာနာ
- မြန်မာ စစ်ခေါင်းဆောင်တွေကိုအရေးယူဆောင်ရွက်တဲ့နေရာတွေမှာ သူရဲ့ ပေါ်လစီက
ဖိအားပေးမှု နည်းလာမယ်လို့ သုံးသပ်ရပါမယ်။ ဝေဖန်စရာတွေလည်းဖြစ်ပေါ်လာနိင်ပါတယ်။

4 comments :

Anonymous said...

ဝေဖန်စရာတွေဖြစ်လာမှာတော့ သေချာတယ်..။ ကျနော်တို့ မျှော်လင့်နေတဲ့ အမေရိကန်သမ္မတ ကဒီလိုမဟုတ်ဘူး..။ အထူးသဖြင့် ဆာလောင်နေတဲ့ နိုင်ငံတွေက ပြည်သူတွေရဲ့မျှော်လင့်ချက်တော်တော်များများ ရဲ့အမေရိကန်သမ္မတ ကဒီလိုမဟုတ်ဘူး..။ (နိုဘယ်ဆုရတဲ့အတွက် သမ္မတကြီး အတွက်တော့ဝမ်းသာမိတယ်..။)

min said...

ဒီလောက်ထိအောင် တစ်ကယ်ထိုက်တန်နေပြီလား?လူသားတွေအတွက် သူဘာတွေလုပ်ပေးပြီးပြီလဲ?
ဘယ်နှစ်ခု အောင်မြင်ပြီလဲ?အိုဘားမားဟာ တစ်ကယ်ဘဲ
အရည်အချင်းရှိသူပါ.ဒါပေမဲ့စောပါသေးတယ်ဒီဆုပေးဖို့
ဒီဆုကြောင့် မွတ်ဆလင်တွေနဲ့ ခရစ်ယန်တွေပိုပြီးတိုက်
ခိုက်လာမှာကိုဘဲ စိုးရိမ်မိတယ်.အမေရိကန်ဟာကမ္ဘာကို
ချုပ်ကိုင်ဖို့လုပ်နေပြီထင်တယ်.ရင်လေးစရာဘဲ။

Anonymous said...

why not? he deserve it

Anonymous said...

Suprised to hear that Obama won a Nobel Peace prize. He is a great guy, good leader but has not earned the value of the prize yet. I agree with Liberal MP Senator Birmingham said that "I think it's slightly embarrassing for probably both h...im and for the status of the Nobel Peace Prize for the award to have gone to him," It is a great detriment upon how to set the criteria of the prize. Shame on the award committee.