အရှေ့ တီမော်သမတ ဒေါက်တာ ဂျိုဆေးရာမိုစ် ဟိုတာ က ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့  နအဖ အပေါ်မှာ ပိုမိုဖိအားပေးပိတ်စို့ အရေးယူမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူရဲ့ ကြေညာချက်ကို တနလာင်္နေ့ က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သူက လက်နက်တွေတင်ပို့ ရောင်းချနေမှုကို လုံးဝထိထိရောက်ရောက် နဲ့  စောင့်ကြပ်ကြည့်ရှု့ တဲ့ အစီအစဉ်တွေ ပါဝင်သင့်တယ်လို့ သူကဆိုပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေဟာ လူသားမဆန်သူတွေ ခေါင်းမာသူတွေလို့ လည်း သူရဲ့ ကြေညာချက်ထဲမှာ စွပ်စွဲ ထားပါတယ်။ နအဖ က ၀ယ်ယူနေတဲ့လက်နက်တွေဟာ ပြည်ပ ကကျူးကျော်သူတွေကိုခုခံဖို့ ဆိုတာ လုံးဝကိုကြောင်းကျိုးဆီလျော်မှုမရှိပဲ ကိုယ်ပြည်သူတွေကို နိပ်စက်ဖို့ သက်သက်သာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီအချိန်ဟာ အချိန်ကောင်းပဲ နအဖ ကိုကုလသမဂ္ဂအနေနဲ့ အရေးယူရမယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။ သူက
၂၀၀၈ ခုနစ်တလျောက်လုံး နအဖ ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို စရင်းပြုစုတင်ပြခဲ့ပါတယ်။ ဒါတွေကတော့
၂၀၀၈ခုနစ်မှာ ကရင်အစည်းရုံးခေါင်းဆောင် ဖဒိုမန်းရှာအသတ်ခံရမှု၊ ၂၀၀၈ ဆိုင်ကလုန်နာဂစ်အတွင်း
လူထုတွေသေဆုံးရမှု၊ ချင်းပြည်နယ်မှာ ရိက္ခာပြတ်တောက်သွားရမှု၊ ကိုးကန့် တိုင်းရင်းသားတွေကို တိုက်ခိုက်
ခံရမှု တွေဖြစ်ပါတယ်။
ဒေါက်တာ ဟိုဆေးဟာ မြန်မာ ပြည်ဒီမိုကရေစီလှုပ်ရှားမှုကို တက်ကြွစွာထောက်ခံနေတဲ့ အရှေ့ တောင်အာရှက ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရှေ့ တီမော်လွတ်လပ်ရေးကြိုးပန်စဉ်ကာလ က သူဟာ တော်လှန်ရေးဌာနချုပ်ဖြစ်တဲ့ မနပုလောကိုလာရောက်လည်ပတ်ဖူးပြီး သံတမာန်သတင်း ကို ပို့ ချပေးခဲ့ဘူးသူဖြစ်ပါတယ်။ အရှေ့ တီမော အင်ဒိုနီးရှားလက်အောက်က လွတ်မြောက်ရေးကြိုးပန်းမှု ကို
အေဘီအက်စ်ဒီအက်ဖ် က ထောက်ခံခဲ့ပြီး ဥက္ကဌ ကိုမိုးသီး က အထူးတပ် တပ်ခွဲ တခွဲ စေလွတ်ပြီး ကူညီတိုက်ခိုက်ပေးရန် လည်း ပြင်ဆင်ခဲ့ဘူး ပါတယ်။
Tuesday, 13 October 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment