Thursday, 29 October 2009

လန်ဒန် မှတ်စု ( ဇော်ဝင်း - နယူးယောက်)

ကိုမိုးသီးနှင့် ကိုဇော်ဝင်း ( လန်ဒန် - မြေအောက်ဘူတာရှေ့ )


ကျွန်တော်နဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုမိုးသီး တို့ မနေ့က ညက စပြီး လန်ဒန် က မျိုးချစ်မြန်မာမိသားစု တွေ ရှစ်လေးလုံး ကျောင်းသားဟောင်းတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ စပြီးတွေ့ဆုံဖြစ်ပါတယ်။ ကမ္ဘာကို ချုပ်ကိုင်ခဲ့တဲ့ အင်္ဂလိပ် ဝန်ကြီးချုပ် နေအိမ် အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်ရှေ ကို ဖြတ်ရှောက်ပြီး အင်္ဂလိပ် ပါလီမန် ထဲက မြန်မာ့အရေး လေ့လာစူးစမ်း နေကြတဲ့ အကြံပေးအရာရှိ အချို့နဲ့ တွေ့ ဆုံနိုင်ခဲ့ပါတယ်။ ကျွန်တော် နဲ့ ကိုမိုးသီးဇွန် လန်ဒန် ခရီး မှာ နအဖ ရဲ့ လှည့်ကွက်ထဲ အင်္ဂလိပ် တွေ မျက်စိမလယ်သွားကြဖို့

+၂၀၀၃ မှာ နအဖ က ဒေါ်အောင်ဆန်းစုကြည် နဲ့ ထောက်ခံသူ ရဟန်းရှင်လူပြည်သူတွေကို အထက်မြန်မာပြည်မှာ လုပ်ကြံသတ်ဖြတ် ကြတာမို့ စီးပွါးရေး ပိတ်ဆို့ မှု ဆိုတာ စဖြစ်ပေါ်လာရ ပုံကို ထောက်ပြဆွေးနွေးကြပါတယ်။
+နအဖ ဟာ နိုင်ငံသူနိုင်ငံသားအများစု ကို လက်နက်အားကိုး အနိုင်ကျင့် အုပ်ချုပ်နိုင်ပေမဲ့ နိုင်ငံတော် ရဲ့ စိးပွါးရေး ကျမ်းမာရေး ပညာရေး များမှာ တာဝန်ခံမှု တာဝန်ယူမှု လုံးဝ မစွမ်းနိုင်တော့ပါကြောင်း ။



+ ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုမျှော်လင့်ချက်မပေးနိင်သေးကြောင်း အထူးသဖြင့် လူငယ်လူရွယ်များ ဟာ ရွေးကောက်ပွဲထက် နိင်ငံခြားထွက်နိင်ရေးကိုပဲစိတ်ဝင်လားနေကြောင်း။ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တိုင်းပြည်မှာဖြစ်လာနိင်စရာကတော့ တိုးတက်မှုတွေမဟုတ်ဘဲ ဒုက္ခသည်တွေပိုမို ထွက်လာနိင်တဲ့အခြေအနေကိုရောက်နေကြောင်း။ ကမ္ဘာတလွှားမှာ မြန်မာနိင်ငံသားတွေ ဒုက္ခသည်အဖြစ် ပိုမိုရောက်လာနိင်ကြောင်း၊ ဒီပြသာနာကို အင်္ဂလန်နိင်ငံပါ ခံစားလာရနိင်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

+မြန်မာပြည် ညူကလီးရား နိုင်ငံမဖြစ်အောင် ထိထိ ရောက်ရောက်ဝိုင်းဝန်းတားဆီးကြဖို့ မြန်မာတွေဟာ နအဖ လေသံပြစ် နေတဲ့ နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ ကိုလုံးဝ စိတ်မဝင်စားကြ ပါကြောင်း နအဖ ရဲ့ စစ်ကျွန်ဇတ်သွင်း အခြေခံ ဥပဒေဆိုးဟာတိုင်းရင်းသားအခွင့်အရေးတွေ လူ့အခွင့်အရေး ဒီမိုကရေစီ တို့ကိုလုံးဝအာမခံမှု မရှိ မြန်မာ့ပြည်သူတွေ ရဲ့ ဆန္ဒကို လုံးဝ ပစ်ပယ် တဲ့ အပြင် နိုင်ငံ ရဲ့ ဘယ်လိုပြဿနာ ကိုမှ မရှင်းနိုင်ဘဲ နအဖ ရဲ့ တရားဝင် လူသတ်ခွင့်လိုင်စင် ဖြစ်တာမို့ ပြည်တွင်းစစ်မီးကြီးကို အသနကုန် တောက်လောင်စေမှာ ဖြစ်ကြောင်း စသဖြင့် သတိပေးဆွေးနွေး ဖြစ်ပါတယ်။



+ ကျနော်တို့  ၈ လေးလုံးမျိုးဆက်တွေအနေနဲ့ ကတော့ တပြည်လုံးကိုစည်းရုံးလှုံ့ ဆော်ပြီး အထွေထွေ လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ကြိုးပမ်း ဆောင်ရွက်နေမည်ဖြစ်ကြောင်း။ ကိုမိုးသီးဇွန် ဟာ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ အပြင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲ့ ဥက္ကဌ ဖြစ်တဲ့ အတွက် ၁၉၈၈ လူထုအရေးတော်ပုံ က နေ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အထိ အတွေ့အကြုံရှိသူ ခေါင်းဆောင်တဦး ဖြစ်တာမို့ သူ့ဆွေးနွေးမှု ဟာ အင်္ဂလိပ် ပါလီမန်မှာ အရေးပါတဲ့ သုံးသပ်မှု ထဲ ပါဝင်လာမှာ ဖြစ်ပါတယ်။


အမိတက္က္ကသိုလ် ရဲ့
ခြေသေ့ နှစ်ကောင် တခါးဝမှာ
နေဝင်း နဲ့ စစ်ဝါဒီ တွေကို
မြေမြုတ် သဂြိုဟ်ပြီးတဲ့အခါ

ငါတို့ ရဲ့
အမျိုးသား ခွပ်ဒေါင်းအောင်လံတော်ကို

ပြည်သူ့လွှတ်တော် မှာ အမြင့်မားဆုံး လွှင့်ထူ ပြီးတဲ့အခါ
ငါပြန်လာခဲ့မယ်

ဆိုတဲ့ ကဗျာ နဲ့ နဝတ ကို တိုက်ပွဲ ခေါ် ခဲ့သူ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုမိုးသီး နဲ့ ကျွန်တော် ရဲ့ အင်္ဂလန် ရောက်လှုပ်ရှားမှု အလုံးစုံ ကို အသေးစိပ် မရေးနိုင်ပေမဲ့ သိသင့်သိထိုက် တာတွေကို မှတ်စုရေးပေးသွားပါမယ်.

"တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံဟာ လူထု တရပ်လုံးသာ ညီညွတ် မယ်ဆိုရင် ဘယ်လိုအာဏာရှင်မျိုးကို မဆို ဖြုတ်ချလိုရ တယ် ဆိုတဲ့ သမိုင်းသင်ခဏ်းစာသက်သေ ကို ပေးခဲ့ ပါကြောင်း" အင်္ဂလိပ်ပါလီမန် ကို သတင်းစကား ပါးခဲ့ ကြပါ တယ်ခင်ဗျား။

ဇော်ဝင်း ( ၈၈ မျိုးဆက်ကျောင်းသား - နိင်ငံတကာ)

1 comment :

မေအိခင် said...

စစ်အုပ်စု ကို အမြစ်ပြတ် တိုက်ထုတ် နိုင်ဖို့ ဆို အမြင်ပြတ် တဲ့ အယူအဆ တိုက်ပွဲဝင် ဆန္ဒ ဟူသမျှ လက်ခံတယ်ထောက်ခံတယ် ဗျို့ 