Thursday, 15 October 2009

အတောက်ပဆုံးကြယ်သို့ 

အတောက်ပဆုံးကြယ်သို့ 

ကိုသက်ရေ
လျှပ်စစ်ငှက်လေးတကောင်က
အမှောင်ညမှာ ကြယ်စင်တစင်း ကိုမွေးလိုက်ပြီလို့ ပြောတယ်။
ကြောက်ရွံမှု ကင်းတဲ့ခရီးကို
သူနဲ့ အတူလိုက်ခဲ့ပါလို့  ကြယ်စင်က ဆိုတဲ့အခါမှာ
ငါငိုမိတယ်။

သူရဲကောင်းမြစ်ကို
မင်းဖြတ်ကူးနေတုံး
ဒို့ မကြာခင်ပြန်ဆုံကြမှာပဲ လို့ ငါထင်မိတယ်။

မင်းဟာ အမှောင်ကမ္ဘာထဲက
အတောက်ပ ဆုံးကြယ် အဖြစ်ငါမြင်ခွင့်ရပြီကော။
ငရဲနံရံတွေဖြို့ ချ ဖို့ နည်းလမ်းကို မင်းပြခဲ့ပြီကော ။

မင်းဟာ လွတ်မြောက်ရေးရဲ့ သားကောင်း
ငါဒို့ လက်တွေကိုဆန့် တန်းကြ။
ငါဒို့ ဦးခေါင်းတွေကိုမော့လိုက်ကြ လို့ 
လင်းလက်တဲ့အရောင်တွေ က
အချက်ပြလို့ ။

မိုးသီးဇွန် ( ၁၇-၁၀-၂၀၀၆)

6 comments :

မေအိခင်(လယ်ဝေး) said...

ဂုဏ်ယူပါတယ် ပိုပြီးလေးစားကြည်ညို မိပါတယ် ကိုယ်တွေ နဲ့  သက်တန်း တူတူ ဒီလမ်း ကို လည်း အဲဒီ့ အချိန်ကစ တူတူလျောက်ခဲ့ကြပေ မဲ့ သက်ဝင်းအောင်
က အသက်ပေးဆက်သွားပြီ ပိုပြီး စိတ်မကောင်း က
သူ့ အကို လူရိုးလူအေး ကြီး ကိုပြုံးချို က ထောင်ထဲ မှုာ
(၆၅) နှစ်သတ်မှတ်မှု နဲ့  အကျဉ်းစံနေရလေတော့ ကိုမိုးသီး ရေ အတောက်ပဆုံးကြယ် ဆိုတဲ့ တင်စားမှု နဲ့
ထိုက်တန်ပါပေတယ် ။။

laminkhin said...

ကိုပြုံးချို ကို သတိရ မိတယ် သူလည်း ညီလေး ဆုံး ထောင် နှစ်ကြီး ထပ်ဝင် နဲ့  ပေးဆပ် လိုက် ရတဲ့ ဘ၀တွေ နော် -- ကိုမိုးသီးရေ ဂုဏ်ပြုထိုက် သူကို ဂုဏ်ပြု တာ သူရဲကောင်းတွေ ရဲ့ အလုပ်ပဲ ဗျ ။ ရှုံ့ ချ ကန့် ကွက် ရမဲ့သူတွေ ကို လည်း ဆက် ကန့် ကွက်ရဦးမယ် ။။
ရေယောင်ယောင် စီယောင်ယောင် တွေကို----

Anonymous said...

ဒီလို အတောက်ပဆုံးကြယ်တွေ ဘယ်နှစ်စင်း ကြွေဆင်းခဲ့ရပြီလဲ။

သီကြွေးဂုဏ်ပြုခြင်းမခံရတဲ့ သူရဲကောင်းတွေ ဘယ်နှစ်ယောက်ကျဆုံးခဲ့ရပြီလဲ။

ဒီနေ့ ဒီအချိန်မှာတော့ ကြယ်ရောင်တွေ မှိန်နေတုန်း
မိစ္ဆာတွေက တပြုံးပြုံး လမ်းပြကြယ်တွေလိုနေတုန်း

လုပ်စားသူတွေ တရုံးရုံး ပြည်သူတွေလဲ ဘုံးဘုံးကျ
ဘုန်းဘုန်းချလဲ လုံးလုံးမရတဲ့ ဒီအာဏာရူး စစ်ဘီလူးတွေကို မင်းတို့ ငါတို့ ဘယ်လို ဖြုတ်ချမယ်။

ဟိုလူ့ အားကိုး ဒီလူ့ အားကိုး တိုးမရမှန်းသိသိနဲ့ 
အစွမ်းအစမရှိတာလား ဘာလားတော့မသိ
အခုထိတော့ သန်းရွှေ ရဲ့ ဘုကြည့်ကို ခံနေရတုန်းပါလားဟေ့။

zarni said...

ကိုမီုးသီး
ဂုဏ်ယူပါတယ်အတောက်ပဆုံးကြယ်သို့
ပေးဆပ်ခြင်းများစွာပေးဆပ်ခဲ့တဲ့သူရဲကောင်းတွေအတွက် တင်စားမူနဲ့ထိုက်တန်ပါတယ်။

သာထက် DFB-JP

ADDRESSEE said...

သူရဲကောင်းတွေ ငရဲမလားဘူး ပြည်သူဘက်က သက်ဝင်းအောင်အတွက် ဂုဏ်ယူလျက်

nothing said...

ရွယ်တူဖြစ်လို့ သူငယ်ချင်းလို့ခေါ်ပါရစေ... သူငယ်ချင်းကောင်းရာသုဂတိလားပါစေ... ငြိမ်းချမ်းပါစေ...