Tuesday, 20 October 2009

မြန်မာ ပြည် မှာ ကြွက်ဘေး ကြီး ကျနေခြင်း


Many rats were captured like this - but they were too numerous to contain.
(More pictures: Mawta.org)


ဧရာဝတီတိုင်း ကြွက် ဘေးကြီးကျရောက် နေကြောင်းသိရပါတယ်။ နာဂစ်မုန်တိုင်း အပြီးမှာ သဘာဝ ပတ်ဝန်းကျင် စံနစ်များ (Ecological System) ပျက်ဆီးသွားပုံ ရတယ်။ ကြွက်ကို သုတ်သင်ပေးမဲ့ ဇီးကွက်၊ မြွေ၊တောကြောင်များ လည်း မုန်တိုင်း ကြောင့် သေဆုံး ကုန်တာ လျော့နည်းသွား တာဖြစ်နိင်တယ်။

ဒါကြောင့်ကြွက်ဦးရေအဆမတန်တိုးပွားလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ ကလည်း နာဂစ်မုန်တိုင်း ဖြစ်စဉ်က လူသေအလောင်းတွေကိုသေချာစွာမမြုပ်နှံလို့ ဖြစ်ရတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ကြွက်ကျစဉ်က မြေကြွက်ကြီးများဖြစ်ပြီး၊ ဧရာဝတီတိုင်းမှာတော့ ကြွက်ဖလောင်းလေးတွေလို့ သိရပါတယ်။ တချို့ က ရွာသားတွေက ကြွက်အုပ်ကြီး ဧရာဝတီမြစ်ကိုဖြတ်ကူးသွားတာ ကိုမြင်လိုက်ရတယ်လို့ ပြောသူတွေလည်းရှိပါတယ်။ ကြွက်တွေကြောင့် ဆန်စပါးတွေပျက်ဆီးပြီး ဆန်ထွက်လျော့ကျနိင်တယ်။ နအဖ က ဒီသတင်းကို ဖုံးဖိထားပါတယ်။ နအဖ ရဲ့ ကြွက်နိမ်နင်းရေး နည်းလမ်းတွေကလည်း တရုပ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးကာလက နည်းဟောင်းများကိုပဲ ပုံတူယူသုံးနေတုံးဖြစ်ပါတယ်။ ရွာသူရွာသားများကို ပေါ်တာဆွဲတဲနည်းနဲ့ ကြွက်ကိုနိမ်နင်းနေခြင်းဖြစ်ပါတယ်။


This is a very calm scene before rats could invade the field. It looks like a good harvest in the waiting only to feed the hungry rats.
ဓာတ်ပုံ ကို ဤနေရာမှ ရယူသည်။

တအိမ်ထောင်ကို ကြွက်မြှီး ၁၀ ချောင်း အပ်ရမယ်ဆိုတဲ့ အမိန့် ဖြစ်ပါတယ်။ ကြွက်မြီး ၁၀ ချောင်းမအပ်နိင်ပါက ဒဏ်ငွေ ၂ထောင်ကျပ်ရိုက်နေတယ်လို့ သိရတယ်။ ဒါကြောင့် ကြွက်ကိုတကယ်မနိမ်နင်းနိင်ပဲ ကြွက်မြီး မှောင်ခိုဈေးကွက် က ရွာသားတွေ ကြားမှာ ဖြစ်ပေါ်လာပါတယ်။ ကြွက်ကိုမဖမ်းနိင်တဲ့သူက ဖမ်းနိင်တဲ့အိမ်မှာ ၀ယ်ယူနေကြပါတယ်။ ခေတ်မှီနည်းပညာများ ဖြင့် ကြွက်ဘေးကျမှုကိုမနိမ်နင်းတဲ့အတွက် ကြွက်ဘေးကျမှုဟာ အလွန်စိုးရိမ်စရာအနေထားကိုကြရောက်နေတယ်။ ကြွက်တွေက နအဖ ကို မကြောက်ဘူးဗျ၊ ရအဖ ရုံးခန်းက အမိန့် ကြေညာချက်တွေ ဖိုလ်တွဲ တွေ ကိုတောင်ဝါးစား သွားကြတယ်။

့်ကြွက် တကောင်ကဆိုရင် ရအဖ လူကြီးကိုဖင်လှန် ပြသွားတယ်ဗျ ဟု ပြင်စလူမြို့ နယ်ရွာသားများ အချင်း နောက်ပြောင် ပြောဆို နေကြတယ်လို့ သိရတယ်။



ကြွက်အုပ်ကြီးကိုဖြတ်သွားတာကိုမြင်လိုက်ရတဲ့ရွာသားတွေ အဆိုအရ မျက်စီတစုံးလယ်ကွက်တွေဟာ မဲ မဲ ကြီးဖြစ်သွားတယ်။ ဧရာမ အ၀တ်မဲ ကြီးအုပ်လိုက်သလိုဖြစ်ပြီး အလွန်မြန်တဲ့ နှုန်းနဲ့ ပြေးလွားသွားတယ်။ ကျနော်တသက်မှာတခါမှမမြင် ဘူးဘူးဗျာလို့ဆိုပါတယ်။ သန်းနဲ့ ချီမယ် လို့ သူက ဆိုပါတယ်။ သန်းနဲ့ ချီတဲ့ကြွက်အုပ်ကြီး ဟာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်အထိပြန့် နှံ့သွားပြီဖြစ်ပါတယ်။ ပူတာအို မှ ကချင်မုဆိုးတဦး က အမဲလိုက်သွားစဉ်မှာကြွက်အုပ်လိုက်လို့ ပြန်ပြေးလာရသည်ဟုပင် ဒေသခံတွေ စိုးရိမ်တကြီးပြောနေကြပါတယ်။

အစိုးရက တာဝန်ယူပြီး အချိန်မှီမဖြေရှင်းနိင်ပါက ဆန်စပါးပြတ်တောက်မဲ့ ပြသာနာကြီး ၊ ပုလိပ်ရောဂါများ ဖြစ်ပေါ်လာမည့် ပြသာနာများကို ရင်ဆိုင်လာရတော့မှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

နအဖ စစ်ဗိုလ်ချုပ်တွေရဲ့  အသိညဏ်နည်းပါးမှု၊ မိုက်မဲမှုများ နဲ့ အုပ်ချုပ်နေသမျှကာလပတ်လုံး ခုလို ဆိုးကျိုးရလဒ်တွေကို မြန်မာ ပြည်သူတွေ ဟာ အရှင်လတ်လတ်ငရဲ ကျခံစားနေရမှာပဲဖြစ်ပါတယ်။

No comments :